စိန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2+) (ရိုဘော့က ပေါင်းထည့်နေသည် - rue:Діамант
စာကြောင်း ၂၄ -
 
၁၈ ရာစု၌ အိန္ဒိယပြည်မှ စိန်တွင်းကြီးများ ကုန်ခမ်းခဲ့ပြီးနောက် စိန်ကို ဘရာဇီးနိုင်ငံတွင် တွေ့ရှိခဲ့သည်။ သို့သော် ထိုတွင်းများမှာလည်း မကြာမီ ကုန်ခမ်းသွားခဲ့၏။ ယခုအခါ ကမ္ဘာပေါ်တွင် ရလျက်ရှိသော စိန်တို့အနက် ရာခိုင်နှုန်း(၉၀)မှာ အာဖရိကတိုက် တောင်ပိုင်းမှ ဖြစ်သည်။
[[File:diamondscrystalRough diamond.jpg|frame|left|စိန်အရိုင်းပုံဆောင်ခဲ]]
ထိုဒေသတွင် စိန်တွင်းများ တွေ့ရှိပုံနှင့် စပ်လျဉ်း၍ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်များရှိလေသည်။ ၁၈၆၇-ခုနှစ်ခန့်က ဩရိန်း(Orange)မြစ်တစ်နေရာရှိ ဗိုးဝါး လူမျိုး ကလေးတစ်စု ကစားနေကြစဉ် ကမ်းပေါ်မှ အလွန်လေး၍ ကျောက်ချဉ်နှင့် သဏ္ဌာာန်တူသည့် ကျောက်တစ်လုံးကို တွေ့ရှိကြ၏။ ထိုကျောက်မှာ အခြားကျောက်စရစ်များထက် ကြီး၍ အရောင်လည်းတောက်ပသောကြောင့် ထိုကလေးတစ်စုသည် ထိုကျောက်ကို မိမိတို့မိခင်ထံသို့ ယူဆောင်ကာ ပြသကြသည်။ မိခင်ဖြစ်သူက အိမ်နီးနားချင်းဖြစ်သူ ဗန်နီကပ်ဆိုသူကို တစ်ဆင့်ပြ၍ ထိုသူက ကုန်သည်တစ်ဦးအား ရောင်းခိုင်းရာ ပေါင် ၅၀၀ ရရှိခဲ့၏။
[[File:kimberliteUdachnaya minepipe.jpgJPG|frame|ကင်ဘာလိုက်မိုင်းတွင်း]]
၂-နှစ်ခန့်ကြာသောအခါ သိုးကျောင်းသားတစ်ဦးထံ၌ ထူးခြားစွာ အရောင်လက်လျက်ရှိသော ကျောက်တစ်လုံးရှိကြောင်း ကြားသိရသဖြင့် ဗန်နီကပ်သည် ထိုသူထံသို့ သွားရောက်ခဲ့၏။ နောက်ဆုံး၌ သူသည် ထိုကျောက်ကို သိုး ၅၀၀၊ ကျွဲနွား ၁၀ ကောင်နှင့် မြင်းတစ်ကောင်ပေး၍ ဝယ်ခဲ့ပြီးလျှင် ကုန်သည်တစ်ဦးအား ရောင်းရာ ပေါင်(၁၁၀၀၀) ရရှိခဲ့သည်။ ထိုစိန်မှာ အရိုင်းဘဝတွင် (၈၃.၅)ရတီရှိ၏။ ထို့နောက်တွင် ဒပ်ဒလီ(Dudley) ဟူသောအမည်ဖြင့် ထင်ရှားလာ၏။
 
"https://my.wikipedia.org/wiki/စိန်" မှ ရယူရန်