ဘားကမ့်ရန်ကုန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး The file Image:Barcamp-logo-final.svg has been removed, as it has been deleted by commons:User:EugeneZelenko: ''Copyright violation: Logo. Not text only''. ''Translate me!''
စာကြောင်း ၁ -
==ဘားကမ့် (Barcamp)==
 
[[File:Barcamp-logo-final.svg|thumb|ဘားကမ့် လိုဂို]]
[[File:Aung San Suu Kyi at BarCamp Yangon 2012.jpg|thumb|[[အောင်ဆန်းစုကြည်]] မှ ဘားကမ့်ရန်ကုန် ၂၀၁၂ တွင် အဖွင့်အမှာစကား ပြောကြားနေစဉ်]]
ဘားကမ့်ဆိုသည်မှာ သမာရိုးကျ ပြုလုပ်နေကျ နည်းပညာ ဟောပြောပွဲပုံစံမှ ခွဲထွက်ပြီး လူအများ စုပေါင်းကျင်းပသော အသိပညာမျှဝေနိုင်သော လွတ်လပ်သည့်ပွဲတစ်ခု ဖြစ်ပါသည်။ ဘားကမ့်တွင် လူတစ်ဦးတစ်ယောက်ချင်းစီက မိမိတို့ သိရှိထားသမျှသော အသိပညာ၊ အတတ်ပညာများကို ဆွေးနွေးမှုပုံစံဖြင့် အပြန်အလှန် တင်ပြနိုင်သည်။ ဘားကမ့်သည် ပွင့်လင်း (Open) သည်။ မည်သူမဆို တက်ရောက်လာသူများကိုယ်တိုင် ဝင်ရောက်ဟောပြောနိုင်သည်။ သက်ဆိုင်ရာ အချိန်ဇယားကပ်ထားသော ဘုတ်ပေါ်တွင် မိမိဟောပြောမည့် ခေါင်းစဉ်ကို သွားကပ်ထားနိုင်သည်။ ဘားကမ့်ကို ဦးဆောင်သူ (Organizer) ဟူ၍ သီးသန့်မရှိဘဲ ကျင်းပမည့် နယ်မြေဒေသမှ ဘားကမ့်ပြုလုပ်ချင်သူ (Barcamper) များနှင့် တက်ရောက်မသည့်သူများက စုပေါင်းကျင်းပကြခြင်း ဖြစ်သည်။ ဘားကမ့်ပြုလုပ်ခြင်းအားဖြင့် နယ်မြေဒေသ အသီးသီးမှ ကိုယ့်လို ဝါသနာတူများ အချင်းချင်း ပိုမိုရင်းနှီးလာစေနိုင်သည်။