မြန်မာနိုင်ငံတော်ဗဟိုဘဏ်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၈ -
မြန်မာနိုင်ငံတွင် ဆိုရှယ်လစ် စနစ် ကျင့်သုံးလာသည့် ၁၉၆၂ ခုနှစ်နောက်ပိုင်း ၌ ဘဏ်များကို ပြည်သူပိုင်သိမ်းခဲ့ပြီး ၁၉၆၇ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့ဘဏ် အက်ဥပဒေအရ ဘဏ်များအား စုပေါင်း၍ တစ်ခုတည်းသော ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့ဘဏ် ကို ဖွဲ့စည်း ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် နိုင်ငံတော် အုပ်ချုပ်ရေး စနစ် ပြုပြင်ခဲ့ပြီး၊ ၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြည့်သူ့လွှတ်တော်က ဘဏ် ဥပဒေကို ပြဌာန်းကာ၊ ပြည်သူ့ဘဏ်ကို ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်၊ မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ စိုက်ပျိုးရေးဘဏ် ဟူသော နိုင်ငံပိုင်ဘဏ် ၄ ဘဏ်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၅ ခုနှစ် ဘဏ်ဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်၏ မူလ မတည်ငွေရင်း သည် ကျပ်သန်း ၂ဝဝ ဖြစ်ပြီး ယင်းငွေကိုနိုင်ငံတော်က အပြည့်အဝ ထည့်ဝင်ခဲ့ပါသည်။
 
၁၉၈၈ ခုနှစ်မှစ၍ မြန်မာ့စီးပွားရေးစနစ်ကို စီမံကိန်းစီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေး စနစ်သို့ ပြောင်းလဲခဲ့ကာ ဈေးကွက် စီးပွားရေး မူဝါဒများ နှင့် အတူ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်က ချမှတ်ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးနှင့်ကိုက်ညီသည့် ငွေရေးကြေးရေးစနစ် ဖွံ့ဖြိုးတိုးတက်ရန် နှင့် ငွေရေးကြေးရေးလုပ်ငန်း စွမ်းဆောင်မှု အရည်အသွေး မြင့်မားလာစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကို ၁၉၉ဝ ပြည့်နှစ်၊ ဇူလိုင်လ(၂)ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။ ထိုဥပဒေအရ '''မြန်မာနိုင်ငံတော်ဗဟိုဘဏ်''' ၏ ခွင့်ပြုမတည်ငွေရင်း ကျပ်သန်းပေါင်း ၅ဝဝ အနက် ကျပ်သန်းပေါင်း ၂ဝဝ ကို နိုင်ငံတော်က ထည့်ဝင်ခဲ့ပါသည်။<br />
{| class="wikitable"
 
| ရုံးချုပ် || နေပြည်တော်
|-
| စတင်တည်ထောင်သည့်ခုနှစ် ||၂-၇-၁၉၉၀
|-
| ဥက္ကဌ || ဦးသန်းငြိမ်း
|-
| Central bank of || [[Myanmar]] (Burma)
|-
| ငွေကြေးယူနစ် || မြန်မာကျပ်
|-
| ISO 4217 Code || MMK
|-
| Website || [[http://www.cbm.gov.mm www.cbm.gov.mm]]
|-
| ယခင် || ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ်
|-
|}
 
ဗဟိုဘဏ်၏ ရည်မှန်းချက်မှာ ပြည်တွင်းပြည်ပတွင် မြန်မာကျပ်ငွေတန်ဖိုး တည်တံ့ခိုင်မြဲစေရန် ဖြစ်ပါသည်။ ဗဟိုဘဏ်သည် ထိရောက်သော ငွေပေးချေမှု စနစ်များ၊ ငွေကြေး လွယ်ကူမှု၊ ကြွေးမြီ ပေးဆပ်နိုင်မှုတို့ ကောင်းမွန်ပြီး၊ ခိုင်မာသော ငွေရေးကြေးရေး စနစ်တစ်ရပ်ဖြင့် နည်းလမ်းတကျ ဆောင်ရွက်ရန် ရည်မှန်းချက်များ ဖြင့် အစီအစဉ်တကျ၊ ဟန်ချက်ညီညီ၊ ရှင်သန်သော စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ငွေကြေး၊ ချေးငွေ နှင့် ငွေရေးကြေးရေး အခြေအနေများ ကို ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ပါသည်။