မောင်ကြီး၊ ဆာ(ရဲတပ်ဗိုလ်ချုပ်): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
၁၈၈၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ တနင်္ဂနွေနေ့တွင် ပဲခူးဒိစကြိတ် ရွှေကျင်မြို့၌ ဖွားသည်။ အဖ ကျောင်းဒါယကာ ကုန်သည် ဦးစံဦး၊ အမိ ဒေါ်လှိုင် ဖြစ်သည်။
 
 
Line ၃၅ ⟶ ၃၆:
 
 
၁၉၄၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် မန်းဘခိုင် နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ရ၍ ပြည်သူ့လုပ်ငန်းနှင့် ပြန်လည် ထူထောင်ရေး ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်အမျိုးသားခေါင်းဆောင်ကြီး[[ ဗိုလ်ချုပ်အောင်ဆန်း]]၊ သည် ဆာမောင်ကြီး ၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ [[တင်ထွဋ်၊ ဦး (အိုင်စီအက်စ်)]]၊ [[မြို့မ-ဦးသန်းကြွယ်]] ၊ သခင်ဝတင် နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင် ဦးဆောင် ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် လန်ဒန်မြို့၌ မြန်မာပြည်ဆိုင်ရာ ကော်မရှင်နာ မင်းကြီး အဖြစ် ပြောင်းရွှေ့ တာဝန်ယူရသည်။ ၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီတွင်လည်း ပါဝင်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် အင်္ဂလန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ၁၉၄၉ ခုနှစ်၊ မတ်လ အထိ ထမ်းဆောင်ခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းရွက်ခဲ့ပြီး၊ ၁၉၅၂ ခုနှစ်၊ မေလတွင် အငြိမ်းစားယူခဲ့သည်။