မိုဟာမက်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[File:Muhammad_Salat.svg|thumb|အာရဘီဘာသာဖြင့် မုဟမ္မဒ်]]
[[File:Mohammed receiving revelation from the angel Gabriel.jpg|thumb|300px|တမန်တော်မိုဟာမက် ကောင်းကင်တမန် ဂေဘီရယ်ထံမှ ဩဝါဒ ခံယူနေစဉ်။]]
 
တမန်တော်မိုဟာမတ်သည်တမန်တော်မိုဟာမတ်(မုဟမ္မဒ်-Muhammad)သည် [[အစ္စလာမ်ဘာသာ]]ကို အလ္လာရှင်မြတ်(ဘုရားသခင်)ထံမှ ညွှန်ကြားမှုဖြင့် လူအပေါင်းတို့ကို တဆင့်ပြန်လည် သွန်သင်ဆုံးမသူဖြစ်သည်။ဘာသာရေးခေါင်းဆောင်တို့၏ ထုံးစံအတိုင်း ကွယ်လွန်ချိန်ထိတိုင် မနေမနားပင် အလ္လာရှင်မြတ်၏ အဆုံးအမတို့ကို လူအများအား သွန်သင်ခြင်းအမှုအား အားထုတ်ခဲ့သည်။
 
မိုဟာမတ်အား မွေးဖွားသည့်အချိန်နေရာနှင့် ပတ်သတ်ပြီး တိကျသည့်အထောက်အထားမတွေ့ရပေ။သို့သော် အေဒီ ၅၇၀ ဝန်းကျင်၊နေရာအားဖြင့် ယနေ့ [[ဆော်ဒီအာရေဗျနိုင်ငံ]]၊[[မက္ကာမြို့]](Macca)အနီးဖြစ်မည်ဟု ခန့်မှန်းကြသည်။မမွေးဖွားလာခင်ကပင် ဖခင်ဖြစ်သူကွယ်လွန်သွားသည့်အတွက် မိခင်မုဆိုးမဖြစ်သူက ခက်ခဲစွာ စောင့်ရှောက်ခဲ့ရပြီး ၆ နှစ်သားအရောက်တွင် မိခင်ပါကွယ်လွန်သွားခဲ့ပြန်သည်။ထိုနောက် ဦးလေးတော်စပ်သူက ကျွေးမွေးစောင့်ရှောက်မှုဖြင့် လူလားမြောက်လာသည်ဆိုသော်လည်း ကြမ်းတမ်းသည့် ဘဝကိုဖြတ်သန်းခဲ့ရသည်။ကျမ်းစာအထောက်အထားများအရ စာပေသင်ကြားတတ်မြောက်ခြင်းမရှိဟု သိရသည်။သို့သော် အသက် ၂၅ နှစ်အရွယ်တွင် မကာမြို့နေ ငွေကြေးပြည့်စုံသည့် မုဆိုးမတစ်ဦး နှင့်အိမ်ထောင်ကျသဖြင့် ဘဝတိုးတက်လာခဲ့သည်။ပင်ကိုယ်ကပင် ရိုးသားခြင်း၊ဖြောင့်မတ်ခြင်းတို့ဖြင့် ပြည့်စုံသည်ဟုလည်းဆိုကြသည်။ လူအများ၏ယုံကြည်ခြင်း ကိုခံယူရရှိသဖြင့် အများသူငါက လာရောက်ပြီး ပစည်းများအပ်နှံခြင်းကိုခံရသည်။ အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် [[ဂျူးလူမျိုး|ဂျူး]]နှင့်[[ခရစ်ယာန်]] ကုန်သည်များနှင့် ဆက်ဆံရသဖြင့် ၄င်းတို့ထံမှ တစ်ဆူတည်းသောဘုရားဝါဒကို နာကြားရသဖြင့် ဘုရားသခင်ကို ကိုးကွယ်ယုံကြည်စိတ်ကိန်းဝတ်လာပြီး ဌာနေလူများကိုးကွယ်သည့် အယူမှားကိုပယ်ပြီး ဘုရားသခင်နှင့်နီးစပ်မှုရရန် အားထုတ်တော့သည်။တစ်ကိုယ်တည်း ဧကစာရီအကျင့် ကျင့်သုံးရာမှ အလ္လာရှင်မြတ်၏ ချစ်မြတ်နိုးမှုကို ခံရသဖြင့်တမန်တော် ဂါဘရီရယ်မှတဆင့် သူ့အား[[တမန်တော်]] အဖြစ်သတ်မှတ်ခြင်းခံရကာ ဘုရားသခင်ရှိရာ ကောင်းကင်ဘုံသို့လည်းခေါ်ဆောင်ကာ ဖူးမျှော်ခွင့်ကိုရသည်ဟုဆိုသည်။
စာကြောင်း ၂၆ -
ထုတ်ပြန် ပို့ချတော်မူခဲ့လေသည်။
 
==မို့ဟမ္မဒ်သခင်==
[[File:Mohammed receiving revelation from the angel Gabriel.jpg|thumb|300px|တမန်တော်မိုဟာမက် ကောင်းကင်တမန် ဂေဘီရယ်ထံမှ ဩဝါဒ ခံယူနေစဉ်။]]
 
မို့ဟမ္မဒ်သခင်သည် ခရစ် ၅၇၁ ခုနှစ်၊ ဧပြီလ ၂ဝ ရက်၊ရဗီအုလ်အောင်ဝါလ်လ
Line ၂၁၀ ⟶ ၂၁၂:
ရက်၊ ခရစ် ၆၃၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် တမန်တော်
မို့ဟမ္မဒ် သခင်သည် ရောက်ရှိနေလေသည်။ ထိုမြို့တွင်
ရောက်ရှိနေသော ၁၄ဝယ၁၄ဝ ဝဝဝ ခန့် လူထုကြီးအား
တမန်တော်မြတ်သည် ကုလားအုဋ်ကို စီး၍ အလွန်လေးနက်
မှတ်သားဖွယ်ကောင်းသော မိန့်ခွန်းများကို မြွက်ကြား
တော်မူခဲ့လေသည်။
 
 
 
==တမန်တော်မြတ်၏ နောက်ဆုံးမိန့်ခွန်း==
 
အို၊ လူအပေါင်းတို့[http://www.iqrasense.com/about-islam/the-last-sermon-khutbah-of-prophet-muhammad-farewell-sermon.html][http://www.islamreligion.com/articles/523/]
 
 
ကျွန်ုပ်အားနားစွင့်ပါလေ။ အဘယ်ကြောင့်ဆိုသော် ဤနှစ်ပြီးနောက် အသင်တို့နှင့် ဆုံမည်၊ မဆုံမည်ကို ကျွန်ုပ်မသိပေ။ သို့ဖြစ်၍ ကျွန်ုပ်ပြောသည်ကို အသေအချာနားထောင်ပြီးနောက် ယနေ့ ဤနေရာတွင် မရှိသူများအား လက်ဆင့်ကမ်း ပြောကြားပါလေ။
 
အို၊ လူအပေါင်းတို့
 
သင်တို့သည် ဤလ၊ ဤနေ့၊ ဤမြို့(မက္ကာဟ်)ကို အထွတ်အမြတ်ထားသကဲ့သို့ မွတ်စလင်မ် တစ်ဦးတစ်ယောက်၏ အသက်အိုးအိမ်စည်းစိမ်ကို အထွတ်အမြတ်ထားပါလေ။ အသင်တို့အား အပ်နှံထားသော ပစ္စည်းများကို ပိုင်ရှင်များအား မဆုတ်မဆိုင်း ပြန်လည်ပေးအပ်ပါလေ။ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်လေနှင့်၊ သို့ဆိုလျှင် မည်သူကမျှ သင်တို့အား နှိပ်စက်မည် မဟုတ်ချေ။ အသင်တို့၏ အပြုအမူများကို မှတ်သားလျှက်ရှိသော အရှင်မြတ်နှင့် ဆုံဆည်းရမည်ကို အမှတ်ရပါလေ။ အလ္လာဟ်အရှင်မြတ်သည် အတိုးယူခြင်းကို တားမြတ်ထားပြီဖြစ်၍ ယနေ့မှစ၍ တင်ရှိသော အကြွေးအပေါင်းတို့သည် ပ လပ်ပြီးဖြစ်သည်။ အရင်းများမှာမူ ကျန်ရှိဆဲဖြစ်မည်ဖြစ်သည်။ အဆင့်အတန်းခွဲခြားမှုကို မပြုလေနှင့်၊ အပြုလည်းမခံလေနှင့်။...
 
သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ရှိုင်တွာန်မိဆ္ဆာကောင်အား သတိပြုပါလေ။ ၎င်းသည် ကြီးမားသော အမှုကိစ္စများတွင် မျှော်လင့်ချက်ကင်းမဲ့သွားပြီဖြစ်၍ သေးဖွဲသော အမှုကိစ္စများကိုလည်း သတိထားပါလေ။
 
အို၊ လူအပေါင်းတို့
 
အသင်တို့၏ ဇနီးမယားတို့သည် အသင်တို့အပေါ်၌ ဝတ္တရားများရှိသကဲ့သို့ အသင်တို့သည်လည်း အသင်တို့၏ ဇနီးမယားတို့အပေါ်၌ ဝတ္တရားရှိသည်။ အလ္လာဟ်အသျှင်မြတ်သည် ဇနီးမယားတို့ကို သင်တို့အား အပ်နှံမှုအဖြစ်ထားသည်ကို မမေ့လေနှင့်။ ၎င်းတို့သည် အသင်တို့အပေါ်၌ တာဝန်ကျေနေသမျှ ကာလပတ်လုံး သင်တို့သည် ၎င်းတို့အား ကြင်နာစွာဖြင့် ကျွေးမွေးဆင်ယင်ရန် တာဝန်ရှိသည်။…..
 
အို၊ လူအပေါင်းတို့
 
အလ္လာဟ်အရှင်မြတ်အားသာလျှင် ကိုးကွယ်ဆည်းကပ်လေကုန်။ တစ်နေ့ ငါးကြိမ် ဆွလားတ် ဝတ်ပြုကြလေကုန်။ တစ်နှစ်တွင် တစ်လ ရမဇာန်လ၌ ဥပုသ်သီလစောင့်ထိန်းကြလေကုန်။ (ပိုင်ဆိုင်မှု၏ လေးဆယ်ပုံတစ်ပုံကို) ဇကားသ်အဖြစ် အလှုဒါနပြုကြလေကုန်။ တတ်နိုင်သူများသည် (တစ်သက်တွင် တစ်ကြိမ်) ဟဂျ်(မက္ကာဟ်သို့ဘုရားဖူးခရီး) ပြုကြလေကုန်။
 
လူသားထုတစ်ရပ်လုံးသည် ဖခင်ကြီးအာဒမ်နှင့် မိခင်ကြီးဟောင်ဝါ (ဧဝ)တို့မှ ဆင်းသက်လာသူများဖြစ်၍ အာရဗ်သည် အာရဗ်မဟုတ်သူထက် မသာမြတ်သကဲ့သို့ အာရဗ်မဟုတ်သူသည်လည်း အာရဗ်ထက် မသာမြတ်ပေ။ ထိုနည်းတူစွာ လူဖြူသည် လူမည်းထက် မသာမြတ်သကဲ့သို့ လူမည်းသည်လည်း လူဖြူထက်မသာမြတ်ပေ။ အသာမြတ်ဆုံးသူမှာ အသျှင်မြတ်ကို ရိုကျိုး၍ ကောင်းမှုပွားသူသာလျှင်ဖြစ်သည်။ မွတ်စလင်မ်တစ်ဦးသည် အခြားမွတ်စလင်မ်တစ်ဦးအတွက် ညီအစ်ကိုသာလျှင်ဖြစ်သည်ကို ကောင်းစွာ မှတ်သားပါလေ။…..
 
တစ်နေ့ အလ္လာဟ်အသျှင်မြတ်ရှေ့တော်မှောက်၌ စာရင်းအင်းအစစ်ခံရမည်ဖြစ်၍ ငါကိုယ်တော် မရှိတော့သည့်နောက် လမ်းမှန်တရားမှ မကွေကွင်းကြလေနှင့်။
 
အို၊ လူအပေါင်းတို့
 
ငါကိုယ်တော်ပြီးနောက် မည်သည့်တမန်တော် တစ်ဦးတစ်ယောက်မျှလာမည် မဟုတ်၍ မည်သည့် ယုံကြည်မှုအသစ်မျှ အသျှင့်ထံတော်မှ လာရန် မရှိချေ။ သို ့ဖြစ်ရာ ငါကိုယ်တော်၏ စကားများကို ကောင်းစွာမှတ်ယူ၍ တစ်ဆင့်ပြန်ပြောကြားကြလေကုန်။ ငါကိုယ်တော်သည် အသင်တို့အား ကုရ်အာန်နှင့် ငါကိုယ်တော်၏ စံနမူနာကို ချန်ရစ်ခဲ့မည်။ အသင်တို့သည် ဤသည်တို့ကို လိုက်နာလျှင် လမ်းမှားသို့ ရောက်ကြမည်မဟုတ်ချေ။
 
ငါကိုယ်တော်အား နားထောင်နေသူတို့သည် အခြားသူတို့အား၊ အခြားသူတို့သည်လည်း အခြားအခြားသူတို့အား ဆင့်ပြန်ကြရမည်။ အိုအလ္လာဟ်အသျှင်မြတ်၊ ကျွန်ုပ်သည် အသျှင်၏ အမှာတော်များကို လူတို့အား ပို့ချခဲ့သည်ကို အသျှင်ကိုယ်တိုင် သက်သေဖြစ်ပါလေ။
 
== ==
 
 
တမန်တော်မြတ်သည် တိုတောင်းလှသော ၂၃ နှစ်
Line ၂၅၉ ⟶ ၂၉၇:
*[[၇၈၆ ၏ အဓိပ္ပါယ်]]
 
 
== ရည်ညွှန်းကိုးကား ==
<references/>