ဣန္ဒနီလာ: တည်းဖြတ်မှု မူကွဲများ

"ထွက်ရှိရာ ဒေသမ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
[[File:Alexandrite 26.75cts.jpg|thumb|ဣန္ဒနီလာ]]
ထွက်ရှိရာ ဒေသများ
မရန်းရောင်အခံတွင်အနီရောင်၊ အပြာရောင်သန်းသောနီလာဖြစ်သည်။ ဣန္ဒနီလာအဆင်းကား နေခြည်ကဲ့သို့ အသွယ်သွယ် အရောင်ထွက်၏။<ref>မဏိသျှတ်။</ref>
 
==ထွက်ရှိရာ ဒေသများ==
 
နီလာကို သီရိလင်္ကာ ၊ သြစတေးလျ ၊ ကတ်ရှ်မီးယား ၊ မြန်မာ ၊ ထိုင်း ၊ ကမ္ဘောဒီယား နှင့် အမေရိကန်ပြည်ထောင်စု တို့တွင်အဓိကထွက်ရှိပြီး သီရိလင်္ကာ နီလာမှာ အရည်အသွေး အကောင်းဆုံးဖြစ်ပြီး မြန်မာ့နီလာမှာ ၄င်း၏နောက်တွင် ရပ်တည်ပါသည်။ ကိုရိုဒမ် အုပ်စုဝင်ဖြစ်သော အခြားကျောက် ရောင်စုံများကို အရောင်အလိုက် ရှေ့တွင် နီလာတပ်ကာ နီလာဝါ၊ နီလာဖြူ (အရောင်မဲ့နီလာ) ၊ နီလာပန်းရောင် အစရှိသဖြင့် ခေါ်ဝေါ်ကြပါသည်။
*နီလာ(ပြာ)
*နီလာပုံဆောင်ခဲ
*နီလာအမွှာပုံဆောင်ခဲ
==မဏိသျှတ္တရကျမ်းလာ နီလာလေးမျိုး==
 
မဏိသျှတ္တရကျမ်းတွင် နီလာနှင့်စပ်လျဉ်း၍ လင်္ကာ ဖော်ပြချက်ပါရှိသည်။ နီလာလေးမျိုးတို့၏ တန်ဖိုးကိုပါ တွက်ချက်ပေးထားသေးသည်။ အောက်ပါအတိုင်းဖြစ်သည်။ လေးသွယ်နီလာ၊ ပြားကြရာတွင်၊
<blockquote>
 
'နီလာ'ခေါ်ဆို၊ အောက်မဲညိုပွင့်၊ ပန်းသို့ တင့်၏၊
ထပ်ဆင့် ဒုတိယ၊ 'နီလ ကဏ္ဍီ'၊ ရှု ဤလက္ခဏာ၊ အပြာတွင်ဖက်၊ ညိုညိုစွက်၏၊ အမျက်နှစ်ပါး၊ ဤကျောက်များကား၊ ကျပ်သားရွှေတိ၊ တင်လောက်ဘိမူ၊ သိင်္ဂိပဉ္စ၊ ကျပ်ထိုက်စွတည့်၊
'ဣန္ဒနီလာ'၊ လက္ခဏာကား၊ သူရိယာနေခြည်၊ ရောင်သို့တည်၏၊ ရွှေရည် တကျပ်၊ တင်လောက်လပ်မူ၊ သုံးကျပ်ရွှေကောင်း၊ ထိုက်ပေရှောင်း၏၊
တကြောင်း 'ဥပ နီလာ'၊ သညာခေါ်ဆို၊ ကြာညိုပွင့်ရောင်၊ တကျပ်ခေါင်မှာ၊ စီမြှောင်သင့်စွာ၊ ထားလောက်ပါမူ၊ ရွှေသား နှစ်ကျပ်၊ အဘိုးပြတ်သည်၊ မချွတ်မှန်ဖြောင့် လှည့်သတည်း။</blockquote>
 
<references/>
[[en:alexandrite]]