မောင်ကြီး၊ ဆာ(ရဲတပ်ဗိုလ်ချုပ်): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၄၆ -
 
"ကိုလိုနီခေတ် မြန်မာ့ နိုင်ငံရေး၊ ပညာရေး၊ တရားရေးနှင့် နိုင်ငံ့ဝန်ထမ်း နယ်ပယ် အသီးသီး၌ ထင်ရှားသည်။ အမ်အေ မောင်ကြီး၊ ရဲဗိုလ်ချုပ် ဦးမောင်ကြီး၊ ဆာမောင်ကြီး ဟူ၍ အမည်အမျိုးမျိုး တွင်ခဲ့သည်။ နိုင်ငံရေး နယ်ပယ်၌ ဝိုင်အမ်ဘီအေ အသင်း (၁၉ဝ၆) ကို စတင် တည်ထောင်သူ၊ ဝိုင်အမ်ဘီအေ၊ နောင် ဂျီစီဘီအေ အသင်းခေါင်းဆောင်၊ ၂၁ ဦး အဖွဲ့ဝင်၊ ခွဲရေး ဥက္ကဋ္ဌ၊ ပညာရေး နယ်ပယ်၌ အမျိုးသား ပညာရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒိုင်အာခီ ပညာရေးဝန်ကြီး၊ ဥပဒေလောက၌ ဘိလပ်ပြန် ဝတ်လုံတော်ရ၊ ချိကုတ် တရားဝန်ထောက်၊ ဂျပန်ခေတ် တရားလွှတ်တော် ဝန်ကြီး၊ လွတ်လပ်ရေး ရပြီးနောက် နိုင်ငံ့ဝန်ထမ်း အဖြစ် ဗြိတိန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး၊ အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး စသည်ဖြင့် ဘဝမျိုးစုံ ကျင်လည်ခဲ့သည်။ အထူးသဖြင့် ကိုလိုနီခေတ် အတွင်း လခ တထောင်ကျော်ရသော ချိကုတ် တရားဝန်ထောက် ရာထူးကို စွန့်၍ အမျိုးသား ပညာရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့ခြင်းနှင့် အပျော်တမ်း ရဲတပ်ကို တည်ထောင်ကာ ရဲတပ်ဗိုလ်ချုပ် အဖြစ် ဆောင်ရွက်ခဲ့ခြင်းတို့သည် သမိုင်းတွင်ရစ်ခဲ့ပါသည်" … [၂၀၁၀၊ မတ်လမှာ UNITY စာပေမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာလူကျော် ၁၀၀ (ပထမအုပ်)' စာအုပ်ပါ "ရဲတပ်ဗိုလ်ချုပ် ဆာမောင်ကြီး (၁၈၈၆-၁၉၇၁)" အတ္ထုပ္ပတ္တိမှ]
 
== ကိုးကား ==
{{reflist}}
 
[[Category:မြန်မာ့နိုင်ငံရေးသမားများ]]
[[Category:မြန်မာအတ္ထုပ္ပတ္တိ]]