မြန်မာနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2) (Robot: Modifying tl:Birmanya to tl:Myanmar
No edit summary
စာကြောင်း ၁၇၁ -
[[ဒုတိယ​ကမ္ဘာ​စစ်]]ကာလ မြန်မာ​နိုင်ငံ​သည် အရှေ့တောင်​အာ​ရှ​စစ်​မျက်နှာ​တွင် အရေး​ပါ​သည့် အခန်း​က​မှ ပါဝင်​ခဲ့​သည်။ စစ်​ပွဲ​၏ က​န​ဦး​ပိုင်း မြန်မာ​ပြည်​စစ်ဆင်​ရေး​တွင် ဂျပန်​ဦးဆောင်​မှု​သည် အောင်မြင်​မှု​များ ရ​ရှိ​ခဲ့​ပြီး ဗြိတိသျှ​များ​အား မြန်မာ​ပြည်​အနှံ့​မှ တိုက် ထုတ်​နိုင်​ခဲ့​သည်။ သို့သော်​မဟာမိတ်​များ​က ပြန်လည်​တုံ့​ပြန်​ခဲ့​သည်။ [[၁​၉​၄​၅]] ခု​နှစ် ဇူလိုင်​တွင် မဟာမိတ်​များ​က ပြန်လည်​သိမ်းပိုက်​နိုင်​ခဲ့​သည်။ မြန်မာ​တို့​သည် နှစ်​ဘက်​စလုံး​မှ ပါဝင်​ခဲ့​ကြ​သည်။ မြန်မာ​များ​သည် အစ​ပိုင်း​တွင် ဂျပန်​တို့​ဘက်​မှ ပါဝင်​ခဲ့​ကြသော်​လည်း မြန်မာ​အချို့​တို့​သည် [[၁​၉​၄​၁]]-[[၁​၉​၄​၂]] ခု​နှစ်​များ​တွင် အင်္ဂလိပ်​တို့​ဘက်​မှ ပါဝင်​တိုက်ခိုက်​ခဲ့​ကြ​သည်။ [[၁​၉​၄​၃]] ခု​နှစ်​တွင် ချင်း​တပ်​နှင့် ကချင်​တပ်​များ​ကို ဗြိတိသျှ​တို့ ထိန်း​ချုပ်​သည့် နယ်စပ်​ဒေသ​များ​တွင် ဖွဲ့​စည်း​ခဲ့​ကြ​သည်။ ဗ​မာ့​သေ​နတ်​ကိုင်​တပ်​ရင်း​များ​သည် ၁​၉​၄​၃-၁​၉​၄​၅ ခု​နှစ်​တွင် ဗိုလ်​ချုပ်အော့်​ဝင်း​ဂိတ်​၏ လက်အောက်​၌ ချင်း​ဒစ်​တပ်ဖွဲ့​များ​အဖြစ်​ပါဝင်​တိုက်ခိုက်​ခဲ့​ကြ​သည်။ နောက်​ပိုင်း​တွင် အမေ​ရိ​ကန်​များ​ကန်-ကချင်​အထူး​တပ်​များ​အား​ဖွဲ့​စည်း​ခဲ့​ပြီး မဟာမိတ်​တို့​အောက်​တွင် ပါဝင်​တိုက်ခိုက်​ခဲ့​ကြ​သည်။ အခြား​များ​စွာ​သော တပ်ဖွဲ့​များ​မှာ ဗြိတိသျှ​အထူး​စစ်ဆင်​ရေး​အဖွဲ့​များ အောက်​တွင် ပါဝင်​ခဲ့​ကြ​သည်။ ဗ​မာ့​လွတ်မြောက်​ရေး တပ်​မတော်​သည် ဗိုလ်​ချုပ်​အောင်​ဆန်း​၏ ဦးဆောင်​မှု​အောက်​တွင် ရခိုင်​အမျိုးသား​တပ်​မတော်​နှင့် အတူ​ဂျပန်​တို့​ဘက်​မှ ပါဝင်​၍ ၁​၉​၄​၂-၁​၉​၄​၄ ခု​နှစ်​များ​တွင် ပါဝင်​တိုက်​ပွဲဝင်​ခဲ့​ကြ​ပြီး ၁​၉​၄​၅ ခု​နှစ်​တွင် ဂျပန်​တို့​အား ပြန်လှန်​တွန်း​လှန်​ခဲ့​ကြ​လေ​သည်။
 
၁​၉​၄​၇ ခု​နှစ်​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ကြား​ဖြတ်​အစိုးရ​အဖွဲ့၊ မြန်မာ​နိုင်ငံ​အမှုဆောင်​ကောင်​စီ​အဖွဲ့​၏ ဒုတိယ​ဥက္ကဌဖြစ်​ခဲ့​သည်။၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ မြို့မ-ဦးသန်းကြွယ်၊ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ[[ ပင်လုံညီလာခံတွင်ပင်လုံညီလာခံ]] တွင် တက်ရောက်ခဲ့ပြီး၊ စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ၁​၉​၄​၇ ဇူလိုင်​တွင် နိုင်ငံ​ရေး​ပြိုင်ဘက်​များ​က ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့်​တ​ကွ ကက်​ဘိ​နက်​အဖွဲ့​ဝင်​အချို့​ကို လုပ်ကြံ​သတ်​ဖြတ်​ခဲ့​ကြ​သည်။<ref name="aungsan"/>
 
=== ဒီ​မို​က​ရက်​တစ်​သမ္မတ​နိုင်ငံ (၁​၉​၄​၈–၁​၉​၆​၂) ===
စာကြောင်း ၁၇၇ -
[[၁​၉​၄​၈]] ခု​နှစ် ဇန်နဝါရီ ၄ ရက်​တွင် မြန်မာ​နိုင်ငံ​သည် ပထမ​ဦး​ဆုံး သမ္မတ​နှင့် ဝန်ကြီး​ချုပ်​အဖြစ် [[စဝ်​ရွှေ​သိုက်]]နှင့် [[ဦး​နု]]တို့ တာဝန်​ယူခဲ့​သော လွတ်လပ်​သည့် သမ္မတ​နိုင်ငံ​ဖြစ်​သော ပြည်ထောင်​စု​မြန်မာ​နိုင်ငံ​အဖြစ် ရပ်​တည်​ခဲ့​လေ​သည်။ အခြား​ဗြိတိသျှ​ကို​လို​နီ​နိုင်ငံ​များ​နှင့် မ​တူညီ​ဘဲ​ဓန​သ​ဟာ​ရ​အဖွဲ့​ဝင်​အဖြစ်​မ​ပါဝင်​ခဲ့​ချေ။ [[အထက်​လွှတ်တော်]]နှင့် [[လူ​မျိုး​စု​လွှတ်တော်]]နှစ်​ရပ် ပါဝင်​သော ပါလီမန်​စနစ်​ကို ကျင့်​သုံး​ခဲ့​သည်။<ref name="1947con">{{cite web|url=http://english.dvb.no/e_docs/511947_con.htm |title=The Constitution of the Union of Burma |accessdate=2006-07-07 |year=1947 |publisher=DVB}}</ref>
 
ယနေ့မြင်တွေ့ရသော မြန်မာ​နိုင်ငံ​သည် [[အောက်​မြန်မာ]]နိုင်ငံ​နှင့် [[အထက်​မြန်မာ]]နိုင်ငံ​တို့ ပါဝင်​သည့်​မြန်မာ​ပြည်​မ​နှင့် ဗြိတိသျှ​တို့​သီးခြား​အုပ်ချုပ်​ခဲ့​သည့် နယ်ခြား​ဒေသ​တို့​ကို ပူးပေါင်း​၍ ဖွဲ့​စည်း​ထား​ပြီး [[ပင်​လုံ​စာချုပ်ပင်လုံစာချုပ်]]အရ​ဖြစ်လာ​သော နယ်​မြေ​အဖြစ်​ဇာစ်​မြစ်​လိုက်​၍ ရ​လေ​သည်။<ref>{{cite book|first=Martin| last=Smith|year=1991| title=Burma -Insurgency and the Politics of Ethnicity|publisher=Zed Books|location=London and New Jersey|pages=42–43}}</ref> [[၁၉၆၁]] ခု​နှစ်​တွင် ထို​စဉ်​က မြန်မာ​နိုင်ငံ​၏ [[ကုလသမဂ္ဂ]] အမြဲ​တန်း​ကိုယ်စားလှယ်​အဖြစ်​နှင့် ယခင်​ဝန်ကြီး​ပေး ခဲ့​ဘူး​သည့် [[ဦး​သန့်]]သည် ကုလသမဂ္ဂ​၏ အထွေ​ထွေ အတွင်း​ရေး​မှူး​ချုပ်​အဖြစ် အရွေး​ချယ်​ခံ​ခဲ့​ရ​သည်။<ref>{{cite web|url=http://www.irrawaddy.org/article.php?art_id=6123&z=104|author=Aung Zaw|title=Can Another Asian Fill U Thant’s Shoes?|publisher=''The Irrawaddy'' Sep 2006|accessdate=2006-09-12}}</ref>
 
=== စစ်အုပ်ချုပ်​ရေး (၁​၉​၆​၂–၂၀၁၁) ===