နိုဘယ် ငြိမ်းချမ်းရေးဆု: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
'''ငြိမ်းချမ်းရေး နိုဘဲလ်ဆု'''သည် ဆွီဒင်နိုင်ငံသား တီထွင်သူနှင့် စက်မှုပညာရှင် [[အဲလ်ဖရက် နိုဘဲလ် |အဲလ်ဖရက် ဘနာ့ဒ် နိုဘဲလ် ]]မှ ပေးအပ်ချီးမြှင့်သော နိုဘဲလ် ဆု (၅)ဆု အနက်မှ တစ်ခုဖြစ်သည်။ နိုဘဲလ် ၏ သေတမ်းစာ အရ ငြိမ်းချမ်းရေးနိုဘဲလ် ဆုကို နိုင်ငံများ အကြား အင်အားစုများ စစ်ပြေငြိမ်းစေခြင်း၊ ထိပ်တိုက်ရင်ဆိုင် ဖြစ်ခြင်း လျော့ပါးစေခြင်း နှင့် ငြိမ်းချမ်းရေး မြှင့်တင်သူ နှင့် ထိန်းသိမ်းနိုင်သူတို့ကို ဤငြိမ်းချမ်းရေး နိုဘဲလ် ဆု ပေးအပ်ချီးမြှင့်ရန် ရေးသားထားခဲ့သည်။
 
အဲလ်ဖရက် နိုဘဲလ် ၏ သေတမ်းစာအရ နိုဘဲလ် ဆုကို နော်ဝေနိုင်ငံ ပါလီမန်မှ ချီးမြှင့်ရမည်ဟု ရေးသားထားခဲ့ ခြင်းကြောင့် ငြိမ်းချမ်းရေး နိုဘဲလ် ဆုကို နှစ်စဉ်နှစ်တိုင်း နော်ဝေနိုင်ငံ၏ မြို့တော် အော်စလိုမြို့တွင် ဆုပေးပွဲ အခမ်းအနားဖြင့် ပေးအပ် ချီးမြှင့်သည်။ နိုဘဲလ် ကွယ်လွန်ခဲ့သည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင်ကျင်းပပြီး၊ ဆုပေးပွဲကို အစဉ်သဖြင့် အော်စလိုမြို့တော် ခန်းမတွင် ကျင်းပသည်။ ဥပဒေဌာန၊ အော်စလိုတက္ကသိုလ်(၁၉၄၇-၈၉)၊ နော်ဝေးဂျီယံနိုဘဲလ် ဌာန(၁၉၀၅-၄၆) နှင့် ပါလီမန်(၁၉၀၁-၀၄)တို့တွင်လည်း ကျင်းပခဲ့သည်။ငြိမ်းချမ်းရေး နိုဘဲလ် ဆုကို အော်စလိုမြို့ရှိ '''နော်ဝေးဂျီယံနိုဘဲလ်[[နော်ဝေးဂျီယံ နိုဘဲလ် ကော်မတီ]]'''(Norwegian Nobel Committee) တာဝန်ယူ ဆောင်ရွက်ရသည်။
 
၄င်း အခမ်းအနားသို့ နော်ဝေနိုင်ငံ၏ ဘုရင်မင်းမြတ် တက်ရောက်သည်။ အော်စလိုမြို့တွင် ကျင်းပသော အခမ်းအနားတွင် နိုဘဲလ် ဆု ချီးမြှင့်ရေး ကော်မတီ ဥက္ကဋ္ဌမှ ဘုရင်မင်းမြတ်၏ ရှေ့တော်မှောက်တွင် ဆုပေးအပ်ချီးမြှင့်သည်။ ကမ္ဘာ့ပြည်သူတစ်ရပ်လုံး၏ မျက်မှောက်တွင် နိုဘဲလ် ဆုရှင်သည် ဆုပစ္စည်း ၃ မျိုးလက်ခံရရှိသည်။ ၄င်း ဆုပစ္စည်း၃ မျိုးမှာ