ဘသော် (ခ) မောင်သော်က၊ ဗိုလ်မှူး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၅ -
== နိုင်ငံရေး နောက်ခံ ==
 
မြန်မာ့ တပ်မတော် (ရေ) တွင် ဗိုလ်မှူး အဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် ဗိုလ်မှူး ဘသော်ဟု လူသိများသည်။ မေယုတိုက် သင်္ဘောကို အင်္ဂလိပ် အစိုးရထံမှ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် လွှဲယူခဲ့စဉ်က ဦးဘသော်သည်ဗိုလဘသော်သည် သင်္ဘောပေါ်တွင် အလံတင်သည့် ဂုဏ်ပြု တပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
 
မောင်သော်က အမည်ဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ အထူးသဖြင့် သရော်စာ ရေးရာတွင် နာမည်ကြီးသူ တဦး ဖြစ်သည်။ မဆလခေတ် တလျှောက် ခေတ်စနစ်နှင့် လူထု ဘဝကို ထင်ဟပ်၍ ထိထိမိမိ ဖွင့်ချရေးသားခဲ့သူ ဖြစ်သည်။ နိုင်ငံတကာ စာပေ တချို့ကို ဘာသာ ပြန်ခဲ့သည်။ ၁၉၈၈ ခုနှစ် မတိုင်မီက ရေးသားခဲ့သည့် "တိုက်ရေယာဉ် ၁၀၃" အမည်ရှိ ဝတ္ထုဟန် ကိုယ်တွေ့ မှတ်တမ်းမှာ လူကြိုက်များ ထင်ရှားသည်။
စာကြောင်း ၁၅ -
== သေဆုံးပုံ။ ==
 
အဖမ်းမခံရခင်ကတည်းက ဆရာမောင်သော်ကတွင် ကုသ၍ မရသော အကြောသေရောဂါ ရှိသည်။ ၁၉၉ဝ ပြည့်နှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့ အင်းစိန် ထောင်တွင်း အစာငတ်ခံ ဆန္ဒပြစဉ် ရိုက်နှက်ခံရပြီးနောက် သမံတလင်းပေါ်တွင် မည်သည့် အခင်းမှမပါဘဲ အိပ်ခဲ့ရသဖြင့် လေဖြတ်သွားသည်။ ထောင်ဆရာဝန်၏ သာမန်ကုသမှုကို အနည်းငယ် ရရှိခဲ့သည်။ အထူးကု ဆရာဝန်များဖြင့် ကုသရန် တင်ပြသော်လည်း အာဏာပိုင်များက ခွင့်မပြုခဲ့ပါ။ ၁၉၉၁ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် နှလုံးရောဂါ ဖောက်လာသဖြင့် အာဏာပိုင်များက ဦးဘသော်အား ရန်ကုန် ဆေးရုံကြီးသို့ ပို့ခဲ့သည်။ ထို့နောက် သုံးရက် အကြာ၊ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီး အချုပ်ခန်းအတွင်း၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သည်။
ကန်တော်ကလေးစွန်နီ မွတ်စလင်မ် သုသာန်တွင် မြှုပ်နှံသဂြိုလ်ခဲ့သည်။