မှူးအောင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၈၆ -
ဂျပန်ကိုမတော်လှန်မီ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တော်လှန်ရေးတိုင်းအသီးသီးကို ကြည့်ရှုစစ်ဆေးပြီးနောက် ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်ရုံးကို ဗိုလ်မှူးအောင်၏ တိုင်းတွင်ထားရှိရန်ဆုံးဖြတ်ခဲ့သည်။ ဗိုလ်မှူးအောင်၏ တော်လှန်ရေးတိုင်း (၇) ဌာနချုပ်သည် မြေလတ်ဒေသ သရက်ခရိုင်တွင်ထားရှိခဲ့သည်။
 
တော်လှန်ရေးပြီးသောအခါ တပ်ထဲမှထွက်ကာ ယောင်ချာချာဖြစ်နေသောရဲဘော်ကလေးများကို လမ်းမှားရောက်မသွားစေရန် ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ပေးချက်အရ ပြည်သူ့ရဲဘော်အဖွဲ့ကို တာဝန်ယူစည်းရုံးဖွဲ့စည်းခဲ့သည်။ [[၁၉၄၇]] ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်မှူးအောင်သည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ [[ရဲတပ်ဗိုလ်ချုပ် ဆာမောင်ကြီး|ဆာမောင်ကြီး]]၊ [[ဗိုလ်မှူးအောင်]]၊ [[အောင်ဇံဝေ၊ ဦး| ဦးအောင်ဇံဝေ]]၊ [[တင်ထွဋ်၊ ဦး (အိုင်စီအက်စ်)|ဦးတင်ထွဋ်(အိုင်စီအက်စ်)]]၊ [[ခင်မောင်ကလေး၊ ဗိုလ်|ဗိုလ် ခင်မောင်ကလေး]]၊ [[မြို့မ-ဦးသန်းကြွယ်]]၊ သခင်ဝတင် နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင်ဦးဆောင်ပါဝင် ခဲ့သည်။ <ref>[[၁၉၇၂]] ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်းစဉ်စာမျက်နှာ ၁၃၈</ref> <ref>[[၁၉၈၀]]မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း</ref>
 
အသက်ပေး၍ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ကြသော ရဲဘော်များအချင်းချင်း အဖြူ၊ အဝါ၊အနီ စသဖြင့် ကွဲကြခြင်းနှင့်ပတ်သက်၍ ဗိုလ်မှူးအောင်က `ကိုယ်တို့တစ်တွေ လွတ်လပ်ရေးရကာမှ၊ အောင်ပွဲဆင်ပြီးကာမှ ကိုယ်တို့ရဲဘော်တွေဟာ သူတို့ပါတီတွေအပေါ်မှာ ထားတဲ့သံယောဇဉ်က တိုင်းပြည်အပေါ်မှာ ရှိတဲ့သစ္စာထက် ကြီးမားလို့ ပါတီခေါ်ရာနောက်ကို တကောက်ကောက် လိုက်သွားကြလေရဲ့။ ပါတီမှိုင်းမိပြီး အားလုံးဖရိုဖရဲ ဖြစ်ကုန်ကြတာအင်မတန်ကြေကွဲစရာကောင်းတယ်´ ဟုပြောခဲ့လေသည်။