ဖက်ဒရယ်ပြည်ထောင်စုစနစ်: တည်းဖြတ်မှု မူကွဲများ

နိုင်ငံရေးအယူအဆ
"ဖက်ဒရယ်ပြည်ထော..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၁:၂၉၊ ၇ မတ် ၂၀၁၃ ရက်နေ့က မူ

ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုသည်မှာ တိုင်းရင်းသားလူမျိုးစုများနှင့် တိုင်းရင်းသားပြည်သူ့ကိုယ်စားလှယ်များ အတူတကွ စုပေါင်းဖွဲ့စည်းသည့် နိုင်ငံရေးအုပ်ချုပ်ပုံနည်းစနစ်တစ်မျိုးဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုသည့်အသုံးအနှုန်းကိုလည်း ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြည်ထောင်စုအစိုးရနှင့် ဖွဲ့စည်းပုံပါ တိုင်း၊ ဒေသ၊ ပြည်နယ်၊ စီရင်စု အစိုးရများအကြား ဖွဲ့စည်းပုံအရ လက်တွေ့ခွဲဝေကျင့်သုံးသည့် အစိုးရအုပ်ချုပ်ရေးယန္တရားစနစ်ကို ရည်ညွှန်းဖော်ပြရန် အသုံးပြုလေ့ရှိကြသည်။ (ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ပြည်ထောင်စုစနစ်ဖြစ်၍၊ ယူနစ်ထေရီစနစ်သည် တစ်ပြည်ထောင်သွင် စနစ်မျှသာဖြစ်သည်ကို သတိပြုရာသည်။) ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ဒီမိုကရေစီနည်းဥပဒေသများနှင့်၊ အမျိုးသားအစိုးရနှင့် ပြည်နယ်၊ ဒေသ တိုင်းအစိုးရများအကြား အုပ်ချုပ်ရေးအာဏာမျှဝေသုံးစွဲလျက် ဖက်ဒရယ်ခေါ်ပြည်ထောင်စုအဖြစ် ဖော်ဆောင်သည့် လက်တွေ့လမ်းစဉ်များအပေါ်တွင် အခြေတည်သည်။ ပါဝင်ဖော်ဆောင်သူများကိုမူ ပြည်ထောင်စုစနစ်ဖော်ဆောင်ရေးသမားများ၊ ဖက်ဒရယ်လစ်များဟု မကြာခဏ ခေါ်လေ့ရှိကြသည်။