ဂျာမန်အသံ: တည်းဖြတ်မှု မူကွဲများ

ဂျာမနီ လူထုအသံလွှင့် သတင်းဌာန
"Deutsche Welle (အသံထွက် – ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၉:၂၂၊ ၉ မတ် ၂၀၁၃ ရက်နေ့က မူ

Deutsche Welle (အသံထွက် – ဒွက်ရှာ ဗှယ်လာ) သို့မဟုတ် DW သည် ဂျာမဏီ နိုင်ငံမှ နိုင်ငံတကာသို့ ထုတ်လွှင့် အသံလွှင့် သတင်းဌာန ဖြစ်သည်။ နိုင်ငံတကာရှိ ပရိသတ်များသို့ ဦးတည် ထုတ်လွှင့်သည်။ သတင်းနှင့် သုတ နည်းပညာများကို လှိုင်းတို၊ အင်တာနက်နှင့် ဂြိုဟ်တုမှ ထုတ်လွှင့်သည့် ရေဒီယိုများကို ဘာသာစကား ၃၀ ဖြင့် ထုတ်လွှင့်သည်။ ရုပ်မြင့်သံကြား ထုတ်လွှင့်မှုကို ဘာသစကား ၄ မျိုးဖြင့် ထုတ်လွှင့်သည်။ ဒွက်ရှာ ဗှယ်လာ ၏ အဓိပ္ပါယ်မှာ “ဂျာမန် အသံ” ဟု အဓိပ္ပါယ် ရသည်။ “မြန်မာ့အသံ” ကဲ့သို့သော အဓိပ္ပါယ်မျိုး ဖြစ်သည်။ DW ကို ၁၉၅၃ ခုနှစ် ကတည်းကပင် အသံလွှင့် လုပ်ကိုင်သည်။ ၂၀၀၃ ခုနှစ်ထိတိုင် ကိုလုန်းမြို့မှ ထုတ်လွှင့်ခြင်းဖြစ်ကာ နောက်ပိုင်းတွင် ဘွန်းမြို့ မှ ထုတ်လွှင့်သည်။ ရုပ်မြင်သံကြား အစီအစဉ်ကို ဘာလင်မြို့ မှ ထုတ်လွှင့်ကာ အင်တာနက် စာမျက်နှာများ စီစဉ် ရေးသားခြင်းကို ဘာလင်မြို့ နှင့် ဘွန်းမြို့ တို့မှ ထုတ်လုပ်သည်။ သမိုင်းကြောင်း ၁၉၅၃ ခုနှစ် မေလ ၃ ရက်နေ့တွင် ထိုအချိန်က အနောက်ဂျာမဏီ နိုင်ငံ၏ သမ္မတ သီရိုဒို ဟက်(စ်) ၏ မိန်းခွန်းတစ်ခုဖြင့် လှိုင်းတို ရေဒီယို ထုတ်လွှင့်ခြင်း စတင်သည်။ ၁၉၆၀ ခုနှစ်တွင် လွတ်လပ်စွာ စီမံ ခန့်ခွဲနိုင်သည့် ပြည်သူ့ ဝန်ဆောင်မှုကဏ္ဍ ဖြစ်လာသည်။ တရားရုံး၏ ဆုံးဖြတ်ချက်အရ ပြည်ထောင်စု အစိုးရ၏ နိုင်ငံခြားရေး လုပ်ငန်းများထဲမှ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်လာသည်။ ထုတ်လွှင့်သည့် ဘာသာစကားများ ၁၉၅၃ ခုနှစ်တွင် (အက္ခရာစဉ်အတိုင်း)

  • ဂျာမန်
  • ပြင်သစ်
  • အင်္ဂလိပ်

၁၉၅၄ ခုနှစ်တွင် (အက္ခရာစဉ်အတိုင်း)

  • ချက်
  • ဂျပန်
  • ဂရိ (ခေတ်ပေါ်)
  • စပိန်
  • စလိုဗက် (ယခင် ချက်ကိုစလိုဗက်ကီးယားတွင် သုံး)
  • ဆဗ်–ခရိုအေးရှန်း
  • ဆလိုဗင်း (ဆလိုဗေးနီးယား နိုင်ငံတွင် သုံး)
  • ဆွာဟီလီ (အာဖရိကတိုက်တွင် သုံး)
  • တရုတ်
  • တူရကီ
  • ဒတ်(ခ်ျ)
  • ဒန်းနစ် (ဒိန်းမတ် နိုင်ငံသုံး)
  • ဒါရီ (အာဖဂန်နစ္စတန် နိုင်ငံတွင်သုံး)
  • နော်ဝေး
  • ပထန် (အာဖဂန်နစ္စတန် နိုင်ငံတွင်သုံး)
  • ပါရှား
  • ပိုလန်
  • ပေါ်တူဂီ
  • ဘင်္ဂါလီ
  • ဘူ(လ်)ဂေးရီးယန်း
  • မက်စီဒိုးနီးယန်း
  • ယူကရိန်း
  • ရိုမေးနီးယန်း
  • ရုရှ
  • ဟင်ဒီ (အိန္ဒိယ နိုင်ငံတွင် သုံး)
  • ဟန်ဂေရီ
  • အမ်ဟဲရစ် (အီသီယိုးပီးယား နိုင်ငံတွင်သုံး)
  • အယ်(လ်)ဘေးနီးယား
  • အာရပ်
  • အီတာလျံ
  • အူ(

ရ်)ဒူ တို့ဖြင့် ထုတ်လွှင့်သည်။