ဖက်ဒရယ်ပြည်ထောင်စုစနစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၉ -
ပြည်ထောင်စုစနစ်(ဖက်ဒရယ်စနစ်)သည် ဘယ်လဂျီယံ၊ ဘော့စနီးယားနှင့် ဟာဇယ်ဂိုဗီးနားတို့ကဲ့သို့မျိုးတွင် ပြည်ထောင်စုဝင် နှစ်တိုင်းသုံးတိုင်း(သို့မဟုတ်)နှစ်တိုင်းသုံးတိုင်းအောက် တိုင်းများဖြင့် ဝန်းရံဖွဲ့စည်းကောင်းဖွဲ့စည်းနိုင်သည်။ ယေဘုယျအားဖြင့် ပြည်ထောင်စုစနစ်ကို အဓိကပုံစံနှစ်မျိုး ပိုင်းခြားနိုင်သည်။ တစ်မျိုးမှာ ပိုမိုအင်အားကြီးသော ပြည်ထောင်စုဝင် ပြည်နယ်သည် လုံးဝနီးပါး လွှမ်းမိုးလွန်းပြီး၊ ဒေသန္တရအစိုးရများအတွက် အုပ်ချုပ်ရေးအာဏာများ နည်းနည်းသာ ချထားပေးတတ်ကြသည်။ အခြားတစ်မျိုးမှာ အမျိုးသားအစိုးရသည် ပြည်ထောင်စုနိုင်ငံတော်အဖြစ် အမည်သာမက အစစ်အမှန်ပြည်ထောင်စု ဖော်ဆောင်တတ်သည်။
 
၁၉၉၉ ခုနှစ်တွင် ကနေဒါအစိုးရသည် '''ပြည်ထောင်စုများ လူထုဆွေးနွေးဌာန'''ကို(သို့မဟုတ်) “ပြည်ထောင်စုများလူထုရင်ပြင်”ကို အပြည်ပြည်ဆိုင်ရာကွန်ရက်အဖြစ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံများနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖော်ဆောင်နေသည့် နိုင်ငံများအကြား အကောင်းဆုံး လုပ်ထုံးလမ်းစဉ် အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် ထူထောင်ခဲ့သည်။ ကနေဒါနိုင်ငံမြို့တော် သြတာဝါတွင် ဗဟိုဌာနချုပ်စိုက်သည့် ပြည်ထောင်စုများ လူထုဆွေးနွေးဌာန၏ မိတ်ဖက်အစိုးရများအဖြစ် သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ဣသိယိုးပီယား(အီသီယိုးပီးယား)၊ ဂျာမနီ၊ အိန္ဒိယ၊ မက္ကဆီကို၊ နိုင်ဂျီးရီးယားနှင့် ဆွစ်ဇာလန်နိုင်ငံတို့ ပါဝင်သည်။
 
==ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ ဥဒါဟရုဏ်များ(ဝါ) ဥပမာများ==
===အမေရိကန်ပြည်ထောင်စု==
''မူရင်းဆောင်းပါး = အမေရိကန်ပြည်ထောင်စုက ပြည်ထောင်စုစနစ်''