လေးကျွန်းစကြာရပ်တော်မူ: တည်းဖြတ်မှု မူကွဲများ

"လေးကျွန်းစကြာ ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၅:၂၃၊ ၁၃ မတ် ၂၀၁၃ ရက်နေ့က မူ

လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီးသည် ၁၁၆ မီတာ (သို့မဟုတ်) ၃၈၁ ပေ အမြင့်ဆောင်သည့် ကမ္ဘာ့ဒုတိယအကြီးဆုံး ရုပ်ပွားတော်မြတ်ကြီးဖြစ်သည်။ ရုပ်ပွားတော်မြတ်ကြီးသည် ၁၃.၅ မီတာ(၄၄ ပေ)အမြင့်ရှိ ပလ္လင်တော်ကြီးပေါ်တွင် ရပ်တော်မူလျက်အသွင်ဟန်ဖြင့် တည်ရှိပြီး၊ မြန်မာနိုင်ငံ၊ မုံရွာမြို့အနီး ခတက္ကန်တောင်ရွာ၊ ဇီးဖြူတောင်ပေါ်တွင် တည်ရှိသည်။ ၁၉၉၅ ခု၊ မေလ(၈)ရက်၊ နံနက်(၉:ဝဝ)နာရီတွင် ပန္နက်တင်မင်္ဂလာပြုလုပ်ပြီး၊ ၁၉၉၅ ခု၊ သြဂုတ်လ(၈)ရက်၊ နံနက် (၈:၂ဝ)နာရီတွင် အုတ်မြစ်စီမင်္ဂလာပြုလုပ်ခဲ့သည်။ ၂ဝဝ၈ ခု၊ ဖေဖော်ဝါရီလ (၂ဝ)ရက်၊ နံနက်(၇:၃ဝ)နာရီတွင် သံဃာတော်အပါးတစ်ထောင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ ပြုလုပ်နိုင်ခဲ့သည်။ [၁]ကမ္ဘာ့အံ့ချီးဖွယ် လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီးကို မဟာဗောဓိတထောင်သာသနာ့နယ်မြေ စတင်ထူထောင်တော်မူသော မဟာဗောဓိတထောင်ပဓာနနာယကဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနာရဒမထေရ် စတင်တည်ထားကိုးကွယ်တော်မူခဲ့သည်။ ဆရာတော်ဘုရားကြီးမှာ ၂ဝဝ၆ ခု၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။[၂]

အညွှန်း

  1. မဟာဗောဓိတထောင်
  2. မဟာဗောဓိတထောင်ဆရာတော်
  3. http://en.wikipedia.org/wiki/Laykyun_Sekkya

ကိုးကား

  1. ဦးသက်တင်ရေးသားသော မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီး၏ ခယောင်းလမ်းမှသည်နှင့် ဘဝသမိုင်းမှတ်တိုင်များ
  2. http://en.wikipedia.org/wiki/Laykyun_Sekkya