ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q174764 (translate me)
အင်္ဂလိပ်ဝီကီပီးဒီးယားနှင့်ကိုက်ညီအောင်ပြင်​ဆင်ထားသည်
စာကြောင်း ၃ -
 
လေဆိပ်၏ တာမီနယ်အဟောင်းမှာ ပြည်တွင်းခရီးစဉ်များအတွက်သာ ဖြစ်ပြီး ၂၀၀၇ ခုနှစ် မေလမှ စတင် အသုံးပြုသည့် တာမီနယ် အသစ်မှာ ပြည်ပခရီးစဉ်များကို စီမံသည်။ နှစ်စဉ် ခရီးသည် အဝင်အထွက် ၂.၇ သန်းခန့်ရှိသည်။ <ref name="xinhua">{{cite news|url=http://english.peopledaily.com.cn/200705/25/eng20070525_377971.html|title=Yangon international airport terminal put into service after renovation|date=2007-05-25}}</ref> ၂၀၀၆ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၈ သိန်းခန့်နှင့် ပြည်တွင်း ခရီးသည် ၁.၂ သန်းခန့် ရှိသည်။<ref name="monster">{{cite news|url=http://www.monstersandcritics.com/news/asiapacific/news/article_1309165.php|title=Yangon International Airport opens new terminal|date=2007-07-25}}</ref>
မြန်မာနိုင်ငံသားပိုင်လေကြောင်းလိုင်းစုစုပေါင်း ၇ လိုင်း၊နိုင်ငံတကာလေကြောင်းလိုင်း ၂၀ ခန့်လေဆိပ်ကို အသုံးပြုနေသည်။
၂၀၁၁ ခု ဇွန်လတွင် အစိုးရမှ ကိုင်တွယ်နိုင်သည့်ခရီးသည်ပမာဏကို နှစ်စဉ်နှစ်တိုင်း ၄၀ ရာခိုင်နှုန်း ၊ ၂.၇ သန်းမှ၃.၈ သန်း သို့ တိုးချဲ့ရန်ကြေငြာခဲ့သည်။
 
== သမိုင်း ==
Calcutta Metropolitan Airports Authority မှ ၁၉၄၇ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် တည်ဆောက်ခဲ့ကြသည်။ တစ်ချိန်ကအရှေ့တောင်အာရှ၏ အကောင်းဆုံးလေဆိပ်တစ်ခုအဖြစ် လေးစားခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ထိန်းသိမ်းမှု နည်းပါးခြင်း၊ ခေတ်နောက်ကျခြင်းတို့ကြောင့် ၎င်း၏အရှိန်အဝါကျဆင်းခဲ့ရသည်။
အဆင့်မြှင့်တင်ရေး အစီအစဉ်ကို ၂၀၀၃ ခုနှစ် တွင် စတင်ခဲ့ပြီး အဆုံးတွင် တာမီနယ် အသစ်တစ်ခု နှင့် တိုးချဲ့ထားသော ၁၁၂၀၀ ပေ(၃၄၁၄ မီတာ) ရှည်သော လေယာဉ်ပြေးလမ်းတစ်ခု တို့ ပေါ်ပေါက်လာခဲ့သည်။
စင်ကာပူအ ခြေစိုက် CPG Corporation ၏ လေဆိပ်အဆင့်မြှင့်တင်ရေးဌာနမှ ဒီဇိုင်း ရေးဆွဲကာ မြန်မာနိုင်ငံ၏ ရှေ့ပြေး ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Asia World မှ အမေရိကန်ဒေါ်လာ ၁၃.၃သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့သည်။တာမီနယ် အသစ်သည် ဆိုက်ရောက်ခရီးသည် ၉၀၀၊ထွက်ခွာခရီးသည် ၉၀၀ ကို တစ်ပြိုင်တည်း ၀န်ဆောင်မှုပေးနိုင်သည်။လေဆိပ်ကြီးတစ်ခု လုံး၏ဒီဇိုင်း နှင့် အသေးစိပ် ကို အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း(IATA) ၏ သတ်မှတ်ချက်များ၊ အပြည်ပြည်ဆိုင်ရာပြည်သူပြည်သားနှင့်ဆိုင်သောလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း(ICAO)၏ လုံခြုံရေးသတ်မှတ်ချက်များ နှင့်ကိုက်ညီမှုရှိစေရန် စင်ကာပူဒေါ်လာ သန်း၃၀ အသုံးပြုထားသည်။အခြားမှတ်သားစရာအချက်အလက်များမှာ
 
* ပြွတ်ကြပ်ခြင်းလျော့နည်းစေရန်ဆိုက်ရောက်နှင့်ထွက်ခွာ ကို တစ်ထပ်စီ ထား ထားသည်။
 
* အလိုအလျှောက်လက်ဆွဲအိတ်ကိုင်တွယ်မှု၊ပေါင်းစပ်ထားသော check-in system
 
* ဘိုးရင်း၇၄၇လေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့်ခရီးသည်ပို့ဆောင်သောရွေ့လျားတံတား ၄ ခု
 
* အစိုးရ အရာရှိများ နှင့် စီးပွားရေးသမားများ အတွက် နားနေခန်းများ
 
* မော်တော်ယာဉ် အစီးရေ ၃၄၀ ဆံ့သော နှစ်ထပ်ကားပါကင်တစ်ခုပါ၀င်သည်။
<ref name=အင်္ဂလိပ်ဝီကီပီးဒီးယား>http://en.wikipedia.org/wiki/Yangon_International_Airport</ref>
 
== ကိုးကား ==