Class(ကွန်ပျူတာ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 38 interwiki links, now provided by Wikidata on d:q4479242 (translate me)
No edit summary
စာကြောင်း ၁ -
ကလပ်စ်(class)သည်၊ ကလပ်စ်ကိုအခြေခံသော [[ဝတ္တစက္ခုဗေဒ(Object_Oriented)|Object Oriented]]ဘာသာရပ် တွင်ရှိသော Object များ၏ မြေပုံကြမ်း(Blue Print) တစ်ခုဖြစ်၏။ တဖန် Object ဆိုသည်မှာ ကွန်ပျူတာပရိုဂရမ်ထဲတွင် အချက်အလက်နှင့် လုပ်ဆောင်ချက်များကို စုစည်း၍ လက်တွေ့လောကထဲတွင် တည်ရှိသော ရုပ်ဝတ္တုတစ်ခုကို ကိုယ်စားပြုထားသော စိတ်ကူးယဉ် အချက်အလက် ပုံစံ တစ်မျိုးဖြစ်၏။ Object တွင် ပိုင်ဆိုင်သင့်သော အချက်အလက်နှင့် လုပ်ဆောင်ချက်များကို သက်မှတ်ထားသည်မှာ ကလပ်စ်ဖြစ်၏။ ကလပ်စ်၏သက်မှတ်ချက်များ ဖြည့်စည်းပြီး [[ကွန်ပျူတာပရိုဂရမ်]]ထဲတွင် ပြုလုပ်ထားသော Object အား [[အင်းစတန့်စ်]]ဟုလည်း ခေါ်ဆိုပါသည်။
 
အထက်ဖော်ပြပါအတိုင်း ကလပ်စ်တစ်ခုတွင်တွင် အင်းစတန့်စ်၏ ပိုင်ဆိုင်သင့်သော အချက်အလက်များနှင့် လုပ်ဆောင်ချက် [[မက်သတ်]])များကို ရေးသားထားပါသည်။ အသုံးပြုနိုင်သော အချက်အလက်များကို(public၊ private၊ protected)နှင့် ပြောင်းလည်းနိုင်ခြင်းကို (final၊ constant အစရှိသဖြင့် ဖော်ပြနိုင်ပါသည်။
 
ကလပ်စ်သည် [[ဝတ္တစက္ခုဗေဒ(Object_Oriented)|Object Oriented]] ၏အခြေခံ အတွေးအခေါ်များ ဖြစ်ကြသော [[ထုပ်ပိုးထားနိုင်ခြင်း(Encapsulation)]]၊ [[အမွေဆက်ခံခြင်း(Inheritance)]]နှင့် [[အသွင်ပြောင်းလည်းနိုင်ခြင်း(Polymorphism)]] အစရှိသည့် အတွေးအခေါ်များကို ပုံဖော်နိုင်သော နည်းလမ်းကောင်းတစ်ခုဖြစ်၏။
 
==[[ထုပ်ပိုးထားနိုင်ခြင်း(Encapsulation)]]==
စာကြောင်း ၁၇ -
စူပါကလပ်စ်များကို အခြေခံကလပ်အဖြစ် အမွေဆက်ခံခြင်းအား အများစုမှ အမွေဆက်ခံခြင်းဟုခေါ်ဆိုပြီး၊ စူပါကလပ်စ်များ၏ အမည်တူမက်သတ်များကြောင့် ဖြစ်ပေါ်တက်သော ပြဿနာများ ရှိတတ်ကြ၏။ Java၊ C# နှင့် D ဘာသာရပ်များတွင် အများစုမှ အမွေဆက်ခံခြင်းကို ခွင့်ပြုထားခြင်းမရှိပါ။ သို့ရာတွင် အမျိုးမျိုး တာဝန်များကို ထမ်းဆောင်နိုင်စေရန် အင်တာဖေစ်များကို ပံ့ပိုးခြင်းကို ခွင်ပြုထားပါသည်။
 
တဖန် [[ဝတ္တစက္ခုဗေဒ(Object_Oriented)|Object Oriented]] ၏ အတွေးအမြင်များကို ထိရောက်စွာအသုံးပြုနိုင်စေရန် အမွေဆက်ခံခြင်းအပြင်၊ အမျိုးဖွဲ့ခြင်း(aggregation)၊ ကိုယ်စားပြုဆောင်ရွက်စေခြင်း(delegation) များကိုပါ နားလည်ထားရန်လိုအပ်ပါသည်။
 
==[[အသွင်ပြောင်းလည်းနိုင်ခြင်း(Polymorphism)]]==
အမွေဆက်ခံခြင်းကို အသုံးပြုရာတွင် အမွေဆက်ခံသည့် ကလပ်စ်တွင် စူပါကလပ်စ်နှင့် အမည်တူ၍ လုပ်ဆောင်မှု့မတူညီသော လုပ်ဆောင်ချက်များကို ပြန်လည်ရေးသားခြင်းကို [[အိုဗာရိုက်]]ဟုခေါ်ဆိုပါသည်။ ဤနည်းအားဖြင့် အခြေခံအားဖြင့်တူညီသော်လည်း မတူညီသည့်လုပ်ဆောင်ချက်များကို ပေးနိုင်သည့် အင်းစတန့်စ်များကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဤသဘောတရားကို [[ဝတ္တစက္ခုဗေဒ(Object_Oriented)|Object Oriented]]တွင် အသွင်ပြောင်းလည်းနိုင်ခြင်းဟု ခေါ်ဆိုပါသည်။
[[Category:အိုင်တီနည်းပညာ]]
[[Category:Object Oriented]]