ရာရှစ်၊ ဦး: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
ဦးရာရှစ်သည် အိန္ဒိယ အမျိုးသား တဦး ဖြစ်သည်။ မြန်မာ တိုင်းရင်းသား အဖြစ် ခံယူ ထားသူ ဖြစ်၏။ အိန္ဒိယ အမျိုးသား တဦးအား တကသ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခြင်းသည် သမဂ္ဂ၌ လူမျိုးရေး ခွဲခြားမှု မရှိခြင်း၊ ခေါင်းဆောင် နိုင်သူကို ခေါင်းဆောင် နေရာ၌ ပေးအပ်ခြင်းကို ပြသခြင်း ဖြစ်သည်။ ဆရာကြီး [[ရာဇတ်၊ ဦး|ဦးရာဇတ်]] သည် မစ္စတာရာရှစ် (ဦးရာရှစ်) စသော ကျောင်းသားခေါင်းဆောင်များကို မြန်မာမျိုးချစ်စိတ်ဓါတ်ကိုသာမက အမျိုးသားစိတ်ဓါတ်ကိုပါ သွတ်သွင်းပေးလေ့ရှိသည်။
 
[[File:YarShip.jpg|thumb|ဦးနုနှင့်ဦးနု (တကသ ဥက္ကဋ္ဌ) နှင့် ဦးရာရှစ် (တကသ ဒုတိယ ဥက္ကဋ္ဌ)]]
ဦးရာရှစ်၏ မွေး သက္ကရာဇ်မှာ ၁၉၁၂ ခုနိုဝင်ဘာလ ၅ ရက်နေ့တွင် အဖ Mr. M. A. Sakur၊ အမိ Ahmadi Begum တို့က အိန္ဒိယနိုင်ငံ Alahabad မြို့မှာ မွေးဖွား ခဲ့သည်။ ရန်ကုန်မြို့ Randaria အထက်တန်း ကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာ သိပ္ပံ ဘွဲ့နှင့် ဥပဒေ ဘွဲ့များကို ရရှိသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံး အတွင်းရေးမှူး ဖြစ်၏။ ၁၉၃၅ - ၃၆ ခုတွင် ဦးနုသည် ရန်‌ကုန်‌တက္ကသိုလ်‌ကျောင်းသားသမဂ္ဂ ဥက္ကဌ ဖြစ်၍ ထိုအချိန်တွင် ဗိုလ်ချူပ်အောင်ဆန်းမှာ ရန်‌ကုန်‌တက္ကသိုလ်‌ကျောင်းသားသမဂ္ဂ အတွင်းရေးမှုးဖြစ်ခဲ့သည်။ ၁၉၃၆ - ၃၇ ခုတွင် ဦးရာရှစ်သည် ရန်‌ကုန်‌တက္ကသိုလ်‌ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။