မြန်မာအမျိုးသား လေကြောင်းလိုင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
ground handling dept added
စာကြောင်း ၁၀ -
| ကုမ္ပဏီဆောင်ပုဒ်= Safety, Service, Image
| တည်ထောင်ခဲ့သည့်ရက်= ၁၉၄၈
| အခြေစိုက်ရာကွင်း= [[ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်]]<br>[[မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်]]
| ပြေးဆွဲသည့် မြို့ပေါင်း= ၃၂ မြို့
| လေယာဉ်ပေါင်း= ၁၁ စီး
စာကြောင်း ၃၉ -
== လေကြောင်းလိုင်းချဲ့ထွင်မှုနှင့်အဆင့်မြှင့်တင်မှုများ(၂၀၁၀မှယနေ့အထိ) ==
မြန်မာလေကြောင်းသည် ဖော်ကာအက်ဖ်-၂၇ လေယာဉ်အမျိုးအစားများကို ၁၉၆၃ ခုနှစ်မှစတင်၍ အသုံးပြုခဲ့သည်။ ထိုလေယာဉ်အမျိုးအစားကို နှစ်၄၀ထက်မနည်း ပျံသန်းခဲ့ကြပြီး မြန်မာလေကြောင်းပိုင် လေယာဉ်များထဲတွင် မတော်တဆဖြစ်မှုအများဆုံး လေယာဉ်လည်း ဖြစ်သည်။ ၂၀၁၀ခုနှစ်တွင် တရုတ်နိုင်ငံလုပ် အမ်အေ-၆၀ လေယာဉ် ၃စီးဖြင့် အစားထိုးကာ ဖော်ကာအက်ဖ်-၂၇ လေယာဉ်များအားလုံးကို ပျံသန်းမှုမှ အနားပေးခဲ့သည်။<ref>http://english.people.com.cn/90001/90777/90851/7229697.html</ref> လက်ကျန် လေယာဉ်များအနက်မှ တစ်စီးကို ပြည်သူ့ရင်ပြင် တွင်အလှပြသရန် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလက ရွှေ့ပြောင်းခဲ့သည်။<ref>http://www.elevenmyanmar.com/national/2592-old-fokker-to-be-on-display-in-yangon</ref> တစ်ဖန် ၂၀၁၂ နှစ်ကုန်ပိုင်းမှ စတင်ကာ သက်တမ်းနှစ် ၃၀ကျော်ပြီဖြစ်သော ဖော်ကာအက်ဖ်-၂၈-၄၀၀၀ အမျိုးအစားလေယာဉ်များကိုလည်း တစ်စီးပြီးတစ်စီး ပျံသန်းမှုမှ ရပ်နားခဲ့သည်။ ထိုလေယာဉ်များနေရာတွင် အစားထိုးရန် အမေရိကန် နှင့်အိုင်ယာလန်ပိုင် လေယာဉ်ငှား ကုမ္ပဏီ GE Capital Aviation Services Limited မှ အမ်ဘရာရာ ၁၉၀ အမျိုးအစားလေယာဉ်နှစ်စီး ငှားရန်းခဲ့သည်။ ယခင် ဖော်ကာအက်ဖ်-၂၈ ပြေးဆွဲခဲ့သော လမ်းကြောင်းများတွင် ၀င်ရောက် တာ၀န်ထမ်းဆောင်နေကြပြီး မြန်မာ့လေကြောင်းသည် အရှေ့တောင်အာရှတွင် အဆိုပါလေယာဉ်အမျိုးအစား ပထမဦးဆုံး အသုံးပြုသော လေကြောင်းလိုင်း အဖြစ် မှတ်တမ်း၀င်ခဲ့ပြီဖြစ်သည်။ ထိုလေယာဉ်များဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်နှင့် အိန္ဒိယနိုင်ငံ ဂယာမြို့များသို့ ပျံသန်းရန်လည်း အစီအစဉ်ရှိသည်။
 
== မြေပြင်၀န်ဆောင်ထောက်ပံ့မှုဌာန ==
မြန်မာ့လေကြောင်းသည် ပြည်တွင်းလေဆိပ်ပေါင်း ၃၃ ခု အထူးသဖြင့် [[ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်]]၊ [[နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်]] နှင့် ပုဂံညောင်ဦးလေဆိပ် တို့တွင် မြေပြင်၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၀၉ ခုနှစ်မှစတင်၍ မြေပြင် ၀န်ဆောင်မှုဌာနသည် [[ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်]] တွင် မြန်မာ့လေကြောင်း၏ ကြီးကြပ်မှုဖြင့် အခြားသော လေကြောင်းလိုင်းများ ကိုလည်း ၀န်ဆောင်မှုပေးလျက်ရှိသည်။ မြေပြင် ၀န်ဆောင်မှုဌာန၏ အဓိက လုပ်ငန်းစဉ်များမှာ ခရီးသည်နှင့် လက်ဆွဲအိတ်များ အတင်အချ ပြုလုပ်ခြင်း၊ လေယာဉ်ရပ်နားရာနေရာများ၊ လေယာဉ်သန့်ရှင်းရေး လုပ်ငန်းများ၊ ကုန်စည် ကြီးကြပ်ကွပ်ကဲမှုနှင့် ဆက်သွယ်ရေး၊ ကုန်စည်၊လေကြောင်း ခရီးစဉ်များ ပျံသန်းခြင်း၊ မြေပြင်သယ်ယူ ပို့ဆောင်မှုနှင့် အိုင်အေတီအေ၏ မြေပြင်၀န်ဆောင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြီးကြပ်ကွပ်ကဲ ထိန်းချုပ်ပေးခြင်းများ ပါ၀င်သည်။ မြေပြင် ၀န်ဆောင်မှုလုပ်ငန်းသည် မြန်မာနိုင်ငံသို့ ပျံသန်းနေသော နိုင်ငံတကာ လေကြောင်းလိုင်းများ ဖြစ်သည့် ဘန်ကောက်အဲဝေး၊ အပြည်ပြည်ဆိုင်ရာထိုင်းလေကြောင်း၊ အဲချိုင်းနား၊ အဲအိန္ဒိယ၊ ဂျက်စတား၊ ကိုရီးယားလေကြောင်း၊ မလေးရှားလေကြောင်း၊ ချိုင်းနားအဲလိုင်း၊ ကာတာလေကြောင်းလိုင်း၊ ဆစ်အဲ၊ ထိုင်းအဲအေးရှား စသည့် လေကြောင်းလိုင်းများကို အပြည့်အ၀ ၀န်ဆောင်မှုပေးလျက်ရှိသည်။ <ref>http://myanmaairways.aero/ghs-history.aspx</ref>
 
== လေယာဉ်အမျိုးအစားများ ==