အင်းစိန်မြို့နယ်: တည်းဖြတ်မှု မူကွဲများ

၅ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၁၀ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီးNo edit summary
[[File:MyanmarYangon.png|right]]
'''အင်းစိန်မြို့နယ်''' သည် [[ရန်ကုန်တိုင်း]]အတွင်း [[ရန်ကုန်]]မြို့၏ အနောက်မြောက်အရပ်တွင် တည်ရှိပြီး [[အင်္ဂလိပ် အစိုးရ]]တည်ဆောက်ခဲ့သော မြန်မာနိုင်ငံ၏ နာမည်ကျော် [[အင်းစိန်အကျဉ်းထောင်]] တည်ရှိသည်။ [[ဗိုလ်ချုပ်ကြီး ခင်ညွန့်]]တည်ထားခဲ့သော မြန်မာနိုင်ငံ၏ ဉာဏ်တော် အကြီးဆုံး စကျင်ကျောက် ဆင်းတုတော် ''ကျောက်တော်ကြီးဘုရား'' (''လောကချမ်းသာ အဘယ လာဘမုနိ''အဘယလာဘမုနိ) တည်ရှိသည်။ မြန်မာအစိုးရကို ဆန့်ကျင်သော ကရင်တော်လှန်ရေး စတင်ချိန်က ၁၉၄၉ ခု ဇန္နဝါရီလ ၃၁ ရက်နေ့တွင် ကေအန်ဒီအို အဖွဲ့၏ သိမ်းယူမှုခံခဲ့ရဖူးသည်။ ထို့အပြင် အင်းစိန်ဟူသောစကားသည် မွန်ဘာသာမှ ဆင်းသက်လာပြီး ဆင်ရေချိုးရာအင်းဟုခေါ်ဆိုကြောင်းသိရသည်။ အင်းစိန် = အင်း-ရေအိုင်၊ စိန်-ဆင်၊ <ref>ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း</ref>
== အမည်နာမ ==
အင်းစိန်-ဆိုသည်မှာ အင်စိုင်-ဟူသော မွနေ်ဝါဟာရမှ ဆင်းသက်သည်။ အင် = အင်းအိုင်၊ စိုင် = ဆင်၊ ထို့ကြောင့် ဆင်အင်းဟု အဓိပ္ပါယ်ရသည်။ ဆင်တွေနေထိုင်ကျက်စားသည့် အင်းဟု ဆိုုလိုသည်။ <ref>မောင်ခင်မင် (ဓနုဖြူ)၊ (မင်္ဂလာမောင်မယ် ၂၀၁၀-ပြည့် ဇူလိုင်လ)</ref>
အင်းစိန်မြို့နယ် အတွင်းတွင် နေရာဒေသများကို ကုန်းအနေဖြင့် ခေါ်ဆိုလေ့ ရှိကြသည်။ ထင်ရှားသော ကုန်းကြီး ၉ ခုမှာ ဒညင်းကုန်း၊ ဘိုကုန်း၊ တောင်သူကုန်း၊ ရှမ်းကုန်း၊ ဈေးကုန်း၊ ဇီးအုံ့ကုန်း၊ နံ့သာကုန်း၊စော်ဘွားကြီးကုန်း နှင့် ကြို့ကုန်းတို့ ဖြစ်သည်။ ကုန်းအမည်ဖြင့် ထည့်သွင်း ခေါ်ဆိုမထားသော ရွာမအရှေ့၊ ရွာမအနောက်၊ အောင်ဆန်းနှင့် ဖော့ကန်စသည့် ရပ်ကွက် အမည်များလည်း ရှိသည်။
 
အခြေခံပညာ အထက်တန်းကျောင်း ၅ ကျောင်း ရှိသည်။ အောင်ဆန်း စက်မှု လက်မှုစက်မှုလက်မှု အထက်တန်းကျောင်းနှင့် အင်းစိန် ဂျီတီအိုင်တို့လည်း အင်းစိန် မြို့နယ်တွင် တည်ရှိကြသည်။
 
== ကိုးကား ==
၁၉၃၁

တည်းဖြတ်မှုများ