မာဂရက် သက်ချာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 95 interwiki links, now provided by Wikidata on d:q7416 (translate me)
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Margaret Thatcher.png|thumb|300px|သံမဏိအမျိုးသမီးဟု နာမည်ကျော်သူ မာဂရက်သက်ချာ]]
== မာဂရက်သက်ချာ (၁၉၂၅ - ၂၀၁၃ ဧပြီ ၈) ==
ဗြိတိန်နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာမည့် မာဂရက်ဟီလ်ဒါသက်ချာ (မာဂရက်ဟီလ်ဒါရောဘတ်စ်) အား ဂရမ်သမ်အရပ်တွင် ၁၉၂၅ခုနှစ်က ဖွားမြင်သည်။
အောက်စ်ဖို့ဒ်တက္ကသိုလ်၊ ဆိုမာဗီးလ်ကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီးနောက် သုတေသနလုပ်ငန်းများတွင် ဓါတုဗေဒပညာရှင်အဖြစ် လည်းကောင်း၊ ရှေ့နေအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ၁၉၅၁ခုနှစ်တွင် ဒင်းနစ်သက်ချာနှင့် လက်ထပ်ခဲ့သည်။
 
== ၂၀ရာစု၏ သံမဏီသံမဏိ အမျိုးသမီး ==
ထိုမှ နိုင်ငံရေးလောကအတွင်းသို့ ကွန်ဆာဗေးတစ် ပါတီဝင်တစ်ဦးအဖြစ် ရောက်ရှိလာကာ ၁၉၅၉ခုနှစ်တွင် ဗြိတိန်အောက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ ၁၉၇၀ခုနှစ်တွင် ပညာရေးဝန်ကြီးဖြစ်လာသည်။ ၁၉၇၄ခုနှစ်တွင် ကွန်ဆာဗေးတစ် ပါတီအရေးနှိမ့်သဖြင့် ရာထူးမှ ဆင်းပေးရပြီးနောက်၊ ၁၉၇၅ခုနှစ်တွင် ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၁၉၇၉ခုနှစ် ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီအား အောင်ပွဲရအောင် ဦးဆောင်မှုပေးနိုင်ခဲ့ပြီး ဗြိတိန်နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာသည်။
၁၉၈၃ခုနှစ်၊ ၁၉၈၇ ခုနစ်များတွင် ကွန်ဆာဗေးတစ်ပါတီ ဆက်လက်အောင်ပွဲခံပြီး သက်ချာလည်း သုံးကြိမ်ဆက်တိုင် ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရွေးကောက်ခံရသည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး၊ စီးပွားရေးပိုင်းတွင် အစိုးရ၏အခန်းကဏ္ဍလျော့မှုများကြောင့် ကျော်ကြားကာ၊ တစ်ဖက်တွင်လည်း အာဂျင်တီးနားနှင့် ဖြစ်ပွားခဲ့သည့် ဖောက်ကလန်စစ်ပွဲအတွင်း ရွပ်ရွပ်ချွံချွံ ဦးဆောင်မှုပေးနိုင်ခဲ့သည့် သူမ၏ပုံရိပ်ကို လူထုက အားပေးခဲ့သည်။ ထို့အပြင် ၁၉၈၄-၈၅ ခုနှစ်များတွင် သတ္တုတွင်းလုပ်သားများ သပိတ်မှောက်နေစဉ်ကာလများအတွင်း အလုပ်သမားသမဂ္ဂများနှင့် အကြိတ်အနယ် ဆန့်ကျင်ဖြေရှင်းခဲ့ရခြင်းများကြောင့်လည်း ထင်ရှားခဲ့သည်။