ဘဖေ၊ ဦး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁ -
{{merge|ဘဘေ၊ ဦး (ဘကြီးဘဘေ)}}
 
''၂ဝဝဝ ဇွန်လမှာ စာအုပ်ဈေး စာအုပ်တိုက်က ပထမ အကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ သိန်းဖေမြင့်ရဲ့ ‘သူတို့ခေတ် သူတို့အတိတ် သူတို့အရိပ်၊ ပွင့်ပွင့်လင်းလင်း သတင်းစာ ဖြတ်ပိုင်းများ’ စာအုပ်နဲ့ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စပယ်ဦး စာပေ ဖြန့်ချီရေးက တတိယ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ရွှေဥဩရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ်တို့ကို အခြေခံပြီး “ဘကြီးဘဖေ ခေါ် ဦးဘဖေ” အကြောင်းကို စုစည်း လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။''
 
== ဘကြီးဘဖေ ခေါ် ဦးဘဖေ ==
 
[[File:bape.gif|thumb|ဘကြီးဘဖေ ခေါ် ဦးဘဖေ]]မြန်မာ အမျိုးသားများနှင့် တကွ အာရှ၊ ဥရောပသားများကပါ လူသိများလှသော ဘကြီး ဘဖေသည် ကြို ့ပင်ကောက်မြို ့မြေပိုင်ရှင်ကြို့ပင်ကောက်မြို့မြေပိုင်ရှင် အဖ ဦးအို၊ အမိ ဒေါ်မှင်တို့မှ မြန်မာသက္ကရာဇ် ၁၂၄၅ ခု၊ ကဆုန်လဆန်း ၁ဝ ရက် (ခရစ်သက္ကရာဇ် ၁၈၈၃ ခု၊ ဧပြီလ ၁၆ ရက်) တနင်္လာနေ့တွင် ဖွားမြင်ခဲ့သည်။
 
မောင်ဘဖေသည် အသက် ၁၇ နှစ်သား အရွယ်တွင် အင်ထရင့် စာမေးပွဲကို စကောလားရှစ်ဆုဖြင့် အောင်မြင်ခဲ့သည်။ ၁၉ဝ၆ ခု၊ အသက် ၂၃ နှစ်တွင် ဘီအေ စာမေးပွဲကို အောင်မြင်ခဲ့သည်။ ဘီအေ အောင်ပြီး အသက်၂၃ နှစ် အရွယ်မှာပင် ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (၁၉ဝ၆) စတင် တည်ထောင်ရာတွင် အဓိက အရေးကြီးသော ပုဂ္ဂိုလ်တွင် တဦး အပါအဝင် ဖြစ်သည်။ ကိုဘဖေသည် ဘီအေ အောင်ပြီးနောက် နယ်ချဲ့ အင်္ဂလိပ် အစိုးရက မြို့အုပ်ရာထူး လာပေးသည်ကို မယူဘဲ စိန်ပေါကျောင်း၌ ကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။
 
ဦးဘဖေသည် ငယ်စဉ်က ဇာတိသွေး၊ ဇာတိမာန် ွ့ွကစေရန်တက်ကြွစေရန် အဖြစ်ဆန်း တခုနှင့် ကြုံတွေ့ခဲ့ရသည်။ ဆန်းလှသော ကြုံတွေ့ရပုံမှာ သူငယ်စဉ်က ရန်ကုန်ရှိ ဟိုက်စကူးကျောင်း၌ ကျောင်းတက်သွားစဉ် ဆိုင်ကယ် စီးလာသော ပုလိပ် မင်းကြီး အက်ဒေါနင်ရှေ့မှ ကလေးပီပီ ဖြတ်ပြေး သွားခဲ့မိသည်။ မင်းကြီးရှေ့မှ ဖြတ်ပြေး သွားရကောင်းလား ဆိုပြီး ဒဏ်ငွေ ၃ ကျပ် အချောင်သက်သက် ဒဏ်ရိုက်ခံရသည်။ လူချင်း တူပါလျက် နားမလည်သေးသော ကလေးအရွယ်မျှပင် မျက်နှာဖြူ အင်္ဂလိပ် ပုလိပ်မင်းကြီး ရှေ့မှ ဖြတ်ပြေးမိရုံနှင့် ဒဏ်ငွေ ရိုက်ခြင်းကို သူမကျေနပ်ခဲ့။ ခံပြင်းမိသည်။ ဤသည်မှာ ဇာတိမာန် တက်ွ့ွကမှုကိုတက်ကြွမှုကို မျိုးစေ့ ချပေးခဲ့သော ဖြစ်ရပ်ဆန်း တခုပင် ဖြစ်သည်။
 
ဦးဘဖေသည် ၁၉၁၁ ခုနှစ်တွင် ဦးလှဖေနှင့် တိုင်ပင်၍ တယောက်လျှင် ငွေ ၂၅ ကျပ်စီဖြင့် မတည်ကာ ‘သူရိသတင်းစာ’ ထုတ်ဝေရန် စိုင်းပြင်းကြသည်။ ပြည်ကြီးမဏ္ဍိုင် ပုံနှိပ်တိုက်မှ ကြော်ငြာများကို ရိုက်နှိပ်၍ ဝေငှကြသည်။ ကြေငြာတွင် ‘သူရိယ သတင်းစာကြီး ထွက်တော့မည်။ ဘာသာရေး၊ နိုင်ငံရေးပါ မကျန် မိမိတို့ သန်ရာကို ဖတ်ရမည်’ ဟု ပါရှိလေသည်။ နီးစပ်ရာ ခင်မင်ရာ ပုဂ္ဂိုလ်များ ထံမှလည်း အစုရှယ်ရာများ ပါဝင်စေခဲ့သည်။ တဦးလျှင် ၁၅ ကျပ်မျှဖြင့် အစုရှယ်ရာ ပါဝင်စေခဲ့ရာ အစုရှယ်ရာ ငွေ ၅ဝဝဝိ မျှ ရရှိခဲ့သည်။ ထိုငွေ ၅ဝဝဝိ ဖြင့် မတည်၍ သူရိယ သတင်းစာကို စတင် ထုတ်ဝေလေသည်။ ထိုစဉ်က ဦးဘဖေ၏ အသက်မှာ ၂၈ နှစ်မျှ ရှိနေလေပြီ။