ခရစ်ယာန်ဘာသာ: တည်းဖြတ်မှု မူကွဲများ

Undo revision 204025 by 218.212.185.241 (talk)
စာကြောင်း ၁၂ -
စတင်တွေ့ရှိရာနှစ်များနောက်တွင် သာသနာပြုလုပ်ငန်းနှင့် လက်အောက်ခံ ကိုလိုနီအဖြစ် သိမ်းယူခြင်းတို့မှတဆင့် ခရစ်ယာန်သာသနာသည် [[အမေရိကန်ပြည်ထောင်စု|အမေရိကနိုင်ငံ]]များ၊ ဩစထရေလာဆီးယားနှင့် ကျန်ကမ္ဘာ့နိုင်ငံများသို့ ပျံ့နှံ့သွားသောကြောင့် ခရစ်ယာန်သာသနာသည် အနောက်တိုင်း ယဉ်ကျေးမှုကို ပုံသွင်းရာတွင် အဓိက လွှမ်းမိုးရာ ဖြစ်ခဲ့သည်။ ၂၁ ရာစုအစောပိုင်းအထိ ခရစ်ယာန်ဘာသာ ယုံကြည်သူ သန်းထောင်ပေါင်း ၂.၂ ပတ်ဝန်းကျင်ခန့် ရှိနေခဲ့သည်။ ခရစ်ယာန်သာသနာသည် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်ကို ကိုယ်စားပြုပြီး ကမ္ဘာ့အကျယ်ပြန့်ဆုံး ဘာသာတရား ဖြစ်သည်။ ထို့အပြင် ခရစ်ယာန်သာသနာသည် နိုင်ငံအတော်များများ၏ နိုင်ငံတော်ဘာသာလည်းဖြစ်သည်။ ခရစ်ယာန်သာသနာကို အဓိကအားဖြင့်သုံးအုပ်စုခွဲခြားနိုင်သည်။ ကက်သလစ်ဘာသာ၊ ပရိုတက်စတင့်ဘာသာ နှင့် အော်သိုဒေါ့က်စ် တို့ဖြစ်သည်။
 
== ယေရှု ခရစ်တော် == (ေယဇူး ခရစ်တော်)
ခရစ်ယာန်များ၏ ယေရှုအပေါ်သဘောထားအမြင်များ၊ ခရစ်တော်အကြောင်းလေ့လာသည့်ပညာနှင့် နှိုင်းယှဉ်လေ့လာသော ဒဏ္ဍာရီမှ ယေရှုခရစ်တော်ခရစ်ယာန်သာသနာ၏ အဓိကယုံကြည်မှုမှာ ယေရှုကို ထာဝရဘုရားသခင်၏သားတော် အဖြစ်နှင့် မေရှိ (ခရစ်တော်) အဖြစ် ယုံကြည်ခြင်းဖြစ်သည်။ “မေရှိ” ဟူသော ဘွဲ့အမည်သည် ဟီဘရူးစာလုံး מָשִׁיחַ (māšiáħ) မှ ဆင်းသက်လာပြီး ဘိသိက်ခံသောသူ ဟုအဓိပ္ပါယ်ရသည်။ ဂရိဘာသာပြန် Χριστός (Christos) သည် အင်္ဂလိပ်စာလုံး “Christ” ၏ အရင်းအမြစ်ဖြစ်သည်။