ကမ္ဘာ့အလုပ်သမားနေ့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၉ -
ဤကဲ့သို့ အလုပ်သမားတို့၏ ဘဝဆိုးကို မျက်ဝါးထင်ထင် ရင်ဆိုင်ရသော အလုပ်သမား ခေါင်းဆောင်များသည် အလုပ်သမားများ သက်သာချောင်ချိစေရန် အလုပ်ရှင်များထံ အရေးဆိုကြသည်။
 
၁၈၂၀ ပြည့်နှစ်မှ ၁၈၄၀ ပြည့်နှစ်လောက်အထိ အလုပ်သမားခေါင်းဆောင်များသည် တစ်နေ့လျှင် အလုပ်ချိန် ၁၀ နာရီသာ ကန့်သတ်ထားရန် တောင်းဆိုကြသည်။ သို့သော် အလုပ်ရှင်များက အလွယ်တကူ မလိုက်လျောခဲ့ပေ။ အလုပ်ချိန် လျှော့ပေါ့ရေးအတွက် တိုက်ပွဲဝင်သော အလုပ်သမားများ ဖမ်းဆီးနှိပ်ကွပ်ခြင်း ခံရလေသည်။ အလုပ်သမား အင်အားစုများကလည်း အလျော့မပေးဘဲ ဆက်လက်ကြိုးပမ်းကြသည်။ ထိုအချိန်မှစ၍ အလုပ်သမားတို့၏ တိုက်ပွဲသည် အင်္ဂလန်၊[[အင်္ဂလန်]]၊ ဂျာမနီ၊[[ဂျာမနီ]]၊ ပြင်သစ်နှင့်[[ပြင်သစ်]]နှင့် ဩစတြေးလျတိုက်သို့ပင်[[ဩစတြေးလျ]]တိုက်သို့ပင် ကူးစက်သွားသည်။
 
၁၈၈၄ ခုနှစ်တွင် အမေရိကန် အလုပ်သမားများအဖွဲ့ချုပ် ညီလာခံ၌ ၁၈၈၆ ခု မေလ ၁ ရက်နေ့မှစ၍ တစ်နေ့လျှင် ၈ နာရီသာ အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်၏။ အလုပ်သမား အဖွဲ့ခွဲများသို့လည်း ထိုဆုံးဖြတ်ချက်အတိုင်း အောင်မြင်သည်အထိ တိုက်ပွဲဝင်ကြရန် ညွှန်ကြားချက်များ ပေးပို့လေသည်။ အလုပ်သမားပေါင်း များစွာတို့သည် ဤညွှန်ကြားချက်အတိုင်း ဆောင်ရွက်ကြရာ တစ်ဖက်မှ အစွမ်းကုန် ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံရသည်။ အချို့မှာ အလုပ်မှ ထုတ်ပစ်ခြင်း ခံရသည်။ အချို့မှာ ထောင်ကျ၍ သေကြေပျက်စီးသူများလည်း မနည်းချေ။ နောက်ဆုံးတွင် အလုပ်သမားများ၏ အရေးမှာ အောင်မြင်သွားလေသည်။