တင့်ဆန်း: တည်းဖြတ်မှု မူကွဲများ

၉ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၉ နှစ်
အရေးမကြီး
အရေးမကြီးNo edit summary
 
 
စစ်ပြီးသောအခါ တင့်ဆန်းတို့ မိသားစု လှည်းကူးသို့ ပြောင်းခဲ့သည်။ တင့်ဆန်းသည် စာကြည့်တိုက် လုပ်ငန်း၊ အာရှလူငယ် လုပ်ငန်းများတွင် တတ်နိုင်သမျှ ဝင်ရောက် လုပ်ဆောင်သည်။ သူ၏ ပထမဆုံး ပုံနှိပ်စာမှာ ဒီးဒုတ်ဂျာနယ်တွင် ဖော်ပြခံရသည့် "ရီပြာပြာ" ကဗျာ ဖြစ်သည်။ ကလောင် အမည်မှာ တင့်ဆန်း (လှည်းကူး) ဖြစ်သည်။ ထို့နောက် ဒီးဒုတ်ဂျာနယ်သို့ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးများ ရေးပို့ခဲ့သည်။ ထိုမှတဆင့် "လယ်ကူလီ" ဝတ္ထုကို စာပေဒေသာသို့ ပို့သည်။ ရှုမဝသို့ လွှဲပြောင်းပေးခြင်း ခံရသည်။ အယ်ဒီတာ ဦးကြီးမောင် ([[ငွေဥဒေါင်း]]) ထံမှ ရွေးချယ်ထားကြောင်း ကလောင်အမည် တင့်ဆန်း (လှည်းကူး) မှ လှည်းကူးကို ဖြုတ်လိုက်ကြောင်း ပြန်စာရရှိသည်။ ထိုအချိန်မှစ၍ သူသည် တင့်ဆန်း ဖြစ်လာရသည်။
 
တင့်ဆန်းတို့ မိသားစုသည် လှည်းကူးတွင် စီးပွားရေး လုပ်ငန်းများ အဆင်မပြေသဖြင့် ရန်ကုန်မြို့သို့[[ရန်ကုန်မြို့]]သို့ ပြောင်းရွှေ့ခဲ့ကြသည်။ တင့်ဆန်းသည် မြင်းလှည်း စပယ်ယာ၊ သံဖြူသမား၊ ဆံပင်ညှပ် အလုပ်သမား စသည်ဖြင့် အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့သည်။
 
ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်သော "ပုလဲငွေရည်ဦး" ကို စုံထောက် ဦးဆန်နီ၏ ခေတ်ပြင်စာပေမှ ထုတ်ဝေသည်။ စုံထောက် မဂ္ဂဇင်းတွင်စုံထောက်မဂ္ဂဇင်းတွင် တနေ့ နှစ်ကျပ်စား၊ အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ထို့ပြင် သိမ်းမဂ္ဂဇင်းတွင်လည်း အယ်ဒီတာ အဖြစ်အယ်ဒီတာအဖြစ် ခြောက်လခန့် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။
 
တင့်ဆန်းသည် စုံထောက်မဂ္ဂဇင်းနှင့် လျှို့ဝှက်သည်းဖို မဂ္ဂဇင်းတို့တွင် အယူသည်းမှု ဆန့်ကျင်ရေး ကပ္ပိယ စုံထောက် ဝတ္ထုတိုများကို ရေးသားခဲ့သည်။ ပြားခြောက်ဆယ်တန်ခေတ် (၁၉၆၀-၆၁) တွင် ပြားခြောက်ဆယ်တန် ဝတ္ထု ဆယ်အုပ်ခန့် ထုတ်ဝေခဲ့သည်။
 
တပေါင်း ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးခဲ့သည်။ တင့်ဆန်းသည် ၁၉၉၅ ခုနှစ်၊ မတ်လ ၂ ရက် ကြာသပတေးနေ့တွင် ရန်ကုန်မြို့ [[မြောက်ဥက္ကလာပ]] နေအိမ်၌ ကွယ်လွန်ခဲ့သည်။
 
 
== ရေးသား ပြုစုခဲ့သော စာအုပ်များ ==
၁၉၃၁

တည်းဖြတ်မှုများ