မေအောင် (စွယ်စုံပညာရှင်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၅၀ -
ဦးမေအောင်၏ ထင်ရှားသော ဥပဒေ စာအုပ်မှာ မြန်မာ ဗုဒ္ဓဘာသာ ဓမ္ဓသတ် ဥပဒေများနှင့် ပတ်သက်သည့် A Selection of Leading Cases on Buddhist Law ဖြစ်သည်။ ယင်းစာအုပ်ကို ၁၉၁၄ တွင် Part I. Matrimonial Law၊ ၁၉၁၆ ခုနှစ်တွင် Part II. Adoption, Pre-emption Gift, and Religious Usage၊ ၁၉၁၉ တွင် Part III. Succession and Inheritance ဟူ၍ ထွက်ပေါ်လာသည်။ ၁၉၂၆ ခုနှစ်တွင် ထုတ်ဝေပြီး ၃ ပိုင်းကို ပေါင်း၍ ဒုတိယအကြိမ် ထပ်မံ ပုံနှိပ်သည်။ ဒုတိယ အကြိမ်မူတွင် တည်းဖြတ်သူ မောင်အေးမောင် M.A., LL.B (Cantab) of Middle Temple, Barrister-at-Law ဖြစ်သည်။ မောင်အေးမောင်မှာ ထက်မြက်သော ဥပဒေ ပညာရှင် ဖဆပလခေတ် တရားရေး ဝန်ကြီး ဒေါက်တာ အေးမောင် ဖြစ်သည်။ ဦးမေအောင်သည် ဗုဒ္ဓဘာသာ ဓမ္မသတ် ဥပဒေ စာအုပ်ဖြင့် ၁၉၂၂ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ်မှ ဥပဒေ မဟာဝိဇ္ဇာဘွဲ့ (L.L.M) ထပ်မံ ချီးမြှင့် ခံရသည်။
 
ဦးမေအောင်၏ စွယ်စုံ ထက်မြက်သော အရည်အချင်းများကို ထောက်၍ ထိုခေတ် အုပ်ချုပ်သူ ဗြိတိသျှ ပညာတတ် အသိုင်းအဝိုင်း၊ အိုင်စီအက်စ် ဝန်ထမ်းများကပင် မြန်မာ တိုင်းရင်းသာတို့၏ ပင်ကိုဉာဏ် ထူးချွန် ထက်မြက်မှု၊ ယဉ်ကျေးမှု အဆင့်တန်း မြင့်မားမှုတို့ကို ဝန်ခံခဲ့ကြသည်။ ပညာရေး နယ်ပယ်တွင် မြန်မာနိုင်ငံ၏ တခုတည်းသော သက်တမ်းရှည်ကြာ ကျန်ရစ်သည့် မြန်မာနိုင်ငံ သုတေသန အသင်း (၂၉ မတ် ၁၉၁ဝ) ကို တည်ထောင်ခဲ့သူများတွင် တဦး အပါအဝင် ဖြစ်သည်။ အသင်းကြီး၏ တိုးတက်ရာ တိုးတက်ကြောင်းကို အားသွန်ခွန်စိုက် တက်တက်ွ့ွကွ့ွကတက်တက်ကြွကြွ အမြဲပါဝင် ဆောင်ရွက်ခဲ့သူ တဦး ဖြစ်သည်။ အသင်းကြီး၏ နှစ်ပတ်လည် အစည်းအဝေးများ၊ ဆပ်ကော်မတီ အစည်းအဝေးများတွင် အစဉ်အမြဲ ဆွေးနွေး အကြံပေးသော ပုဂ္ဂိုလ် တဦးလည်း ဖြစ်သည်။ စိတ်ဝင်စားဖွယ် အကြံကောင်း ဉာဏ်ကောင်းများကို ပေး၍ အသင်း လုပ်ငန်းများတွင် စိတ်ရောကိုယ်ပါ နှစ်မြုပ် ထားနိုင်သူ ဟုလည်း သတ်မှတ်ခံရသည်။ အထူးသဖြင့် စကားပြော ကောင်းသူ၊ သွက်လက်သူ၊ စွယ်စုံ ထူးချွန်သူဟု ထင်ရှားသည်။ ကျောက်စာဝန် မစ္စတာ တော်စိန်ခိုုသည်တော်စိန်ခိုသည် မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနရှေးဟောင်းသုတေသန တွေ့ရှိချက် အထောက်အထားများနှင့် ပတ်သက်၍ တရုတ် ယဉ်ကျေးမှုတရုတ်ယဉ်ကျေးမှု ဩဇာ အလေးပေး တင်ပြတိုင်း ပွင့်ပွင့်လင်းလင်း ကန့်ကွက် ဆွေးနွေးလေ့ ရှိသူ တဦး ဖြစ်သည်။ ထိုကန့်ကွက်ချက်များကို အသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင်အသင်းဂျာနယ်တွင် တွေ့ရှိနိုင်ပါသည်။ ဦးမေအောင်သည် မြန်မာနိုင်ငံ သုတေသန အသင်းကြီး၏ ဒုတိယသုတေသနအသင်းကြီး၏ ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌ အဖြစ် နှစ်ပေါင်များစွာနှစ်ပေါင်းများစွာ ရွေးချယ် ခံခဲ့ရရုံမျှမက ဥက္ကဋ္ဌ၊ ဆပ်ကော်မတီဝင်၊ ဂုဏ်ထူးဆောင် သုတေသန ဂျာနယ် အယ်ဒီတာ တာဝန်များကိုပါ ထမ်းဆောင်ခဲ့သည်။ အသင်းမှ ကြီးမှူး ကျင်းပသော မြန်မာစာပေ ပြိုင်ပွဲများတွင် အကဲဖြတ် လူကြီး၊ ဆုငွေအတွက် အလှူရှင်၊ မြန်မာကျမ်းများ ပုံနှိပ် တည်းဖြတ် ထုတ်ဝေရေး အဖွဲ့ သဘာပတိ တာဝန်များကိုလည်း ဆောင်ရွက်ခဲ့သည်။ အသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် စာအုပ် ဝေဖန်ချက်၊ စုံစမ်း မေးမြန်းချက် မှတ်စုတို၊ အယ်ဒီတာ့ထံ ပေးစာနှင့် သုတေသန ဆောင်းပါးများ ရေးသာခဲ့ရာ ယင်းတို့မှာ -
 
# ‘Inaugural address.’ JBRS. Vol.1, (Jun 1911) P.2-9.