သန်းထွန်း (သမိုင်းပညာရှင်၊ ဒေါက်တာ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 2 interwiki links, now provided by Wikidata on d:q3519553 (translate me)
No edit summary
စာကြောင်း ၇ -
 
== ပညာရေး ==
[[၁၉၃၉]] ခုနှစ် အသက် ၁၆ နှစ်အရွယ်တွင် အထက်တန်းအောင်မြင်ခဲ့သည်။ ၁၉၄၆ ခုနှစ် စစ်ပြီး ခေတ် ရန်ကုန် တက္ကသိုလ် ရဲ့ ကျောင်းသား ခေါင်းဆောင် အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ [[၁၉၄၇]] ခုနစ် ကျောင်းသားညီလာခံတွင် ဥက္ကဌ နေရာအတွက် ဆန္ဒမဲပေးပြီး ရွေးချယ်တင်မြှောက်ရာတွင် ဒေါက်တာသန်းထွန်းနှင့် ဦးသန်းတို့က မဲတူနေရာ သဘာပတိ ဖြစ်သူ [[ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်| ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ]] ဥက္ကဌ၊ [[တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ]] ဒုတိယ ဥက္ကဌ [[သန်းကြွယ်၊ ဦး (မြို့မ)|မြို့မ-ဦးသန်းကြွယ်]]မှ ၎င်း၏ သဘာပတိမဲဖြင့် (casting-vote) ဒေါက်တာသန်းထွန်းအား ကျောင်းသား ဥက္ကဌ ဖြစ်စေခဲ့သည်။ <ref>http://my.wikipedia.org/wiki/File:Dr._Than_Tun_Book%27s_Page_13.JPG</ref>

တက[[၁၉၄၈]] [[မြန်မာနိုင်ငံ]][[လွတ်လပ်ရေး]]ကာလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ လက်ဝဲ[[ကွန်မြူနစ်]] စာပေများကို သဘောကျသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗ.က.ပ)ဝင် အဖြစ်ခံယူခဲ့သော်လည်း ၁၉၄၈ ခုနှစ်မှ စ၍ နိုင်ငံရေး သမားဘဝကို စွန့်လွှတ်ခဲ့သည်။ ကွန်မြူနစ်ပါတီမှ ထွက်ပြီးနောက် [[ရန်ကုန်တက္ကသိုလ်]] [[သမိုင်း]]နည်းပြဆရာ အဖြစ် တာဝန် ထမ်းဆောင်ချိန် ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဒေါ်ခင်ရီ နှင့်အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၅ ယောက် ထွန်းကား ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးတန်း ဖြင့်ဘွဲ့ရခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် သမိုင်းဘာသာရပ်ဖြင့် [[မဟာဝိဇ္ဇာဘွဲ့]]ကို ရရှိခဲ့သည်။ ၁၉၅၁တွင် ဥပဒေ သင်တန်း တက်ခဲ့ပြီး ၁၉၅၂တွင်[[ဥပဒေဘွဲ့]] ရခဲ့သည်။ ထို့နောက် [[ကိုလံဘိုစီမံကိန်း]]ဖြင့် အမေရိကန်နိုင်ငံ၊ ကော်နဲလ်တက္ကသိုလ်မှ ပညာသင်ဆုရရှိကာ အစိုးရပညာတော်သင် အဖြစ်လည်း အရွေးခံရသော်လည်း မိမိဆန္ဒဖြင့် လန်ဒန် တက္ကသိုလ်တွင် ၁၉၅၂ မှ ၁၉၅၆ အထိ ပါရဂူသင်တန်း တက်ကာ ပုဂံခေတ် ဗုဒ္ဓဘာသာ Buddhist Church in Pagan Period စာတမ်းကို တင်သွင်း၍ အရှေ့တဝှမ်းနှင့် အာဖရိကဆိုင်ရာပညာကျောင်းမှ [[ပါရဂူဘွဲ့]] ရရှိခဲ့သည်။
 
== စာပေသင်ကြားပို့ချခြင်း ==
Line ၂၆ ⟶ ၂၈:
== နောက်ဆုံးအချိန် ==
၂၀ဝ၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့၌ မန္တလေး [[အမရပူရမြို့]]၊ [[တောင်သမန်အင်း]]စောင်းရှိ [[တောင်လေးလုံးကျောင်း]] တွင်ပြုလုပ်သည့် [[လူထုဒေါ်အမာ]] အသက် ၉၀ ပြည့်မွေးနေ့သို့ လာရောက် ဆင်နွဲပြီး၊ နောက်တစ်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၂ နာရီတွင် အသက် ၈၃နှစ်အရွယ်၌ သူချစ်မြတ်နိုးသော မန္တလေးတက္ကသိုလ် သမိုင်းဌာန အဆောက်အဦးအတွင်း၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဆရာဒေါက်တာ သန်းထွန်းသည် မြန်မာနိုင်ငံသားများ အတွက် သမိုင်းဆိုင်ရာ ရှာဖွေမှုများနှင့်သုတေသန ပြုလုပ်မှုပေါင်းများစွာ၊ စာတမ်းနှင့် သမိုင်းဆိုင်ရာ စာပေ ကိစ္စပေါင်း များစွာကို အနစ်နာခံ ဆောင်ရွက်ခဲ့သော နိုင်ငံချစ် ကမ္ဘာသိပညာရှင်ကြီး တစ်ဦးအဖြစ် မော်ကွန်းထိုးလောက်သည့် သူတစ်ဦး ဖြစ်ပေသည်။
 
 
== ဂုဏ်ပြုကဗျာ ==
Line ၄၀ ⟶ ၄၁:
[[File:drthuntuntomb.jpg|thumb|ဒေါက်တာသန်းထွန်း၏ အုတ်ဂူ]]
 
== ဒေါက်တာသန်းထွန်း၏ "ငါပြောချင်သမျှ ငါ့အကြောင်း" စာအုပ်==
<gallery>
File:Dr. Than Tun Book-Published and distributed in May, 2001.JPG|ဆရာကြီး ဒေါက်တာသန်းထွန်း (Professor Dr. Than Tun) ရေးသားခဲ့သော "ငါပြောချင်သမျှ ငါ့အကြောင်း" စာအုပ်သည် မေလ၊ ၂၀၀၁ တွင် စတင် ထုတ်ဝေ ဖြန့်ချိခဲ့သည်။
File:Dr. Than Tun Book's Preface.JPG|ဆရာကြီး ဒေါက်တာသန်းထွန်း (Professor Dr. Than Tun) ရေးသားခဲ့သော "ငါပြောချင်သမျှ ငါ့အကြောင်း" စာအုပ်၏ အမှာစာ
File:Dr. Than Tun Book's Page 13.JPG|ဆရာကြီး ဒေါက်တာသန်းထွန်း (Professor Dr. Than Tun) ရေးသားခဲ့သော "ငါပြောချင်သမျှ ငါ့အကြောင်း" စာအုပ်၏ စာမျက်နှာ ၁၃
</gallery>
 
==ကိုးကား==
{{reflist}}
 
==အခြားကြည့်ရန်==
*[https://www.myanmarisp.com/oldebooks/190%20Dr%20Than%20Tun%202.pdf. ဒေါက်တာသန်းထွန်း၏ "ငါပြောချင်သမျှ ငါ့အကြောင်း"]
 
[[Category:မြန်မာ သမိုင်းပညာရှင်များ]]