ယေရှု ခရစ်တော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 2 interwiki links, now provided by Wikidata on d:q302 (translate me)
အရေးမကြီးNo edit summary
စာကြောင်း ၃ -
ယေရှုခရစ်တော် သို့မဟုတ် ယေရှု ဟုလည်း လူသိများသူသည် [[ခရစ်ယာန်သာသနာ]]၏ ပင်မအသွင်သဏ္ဌာန် ဖြစ်ပြီး [[ဓမ္မဟောင်းကျမ်း]]တွင် ဟောပြောထားသော မေရှိဟု ရှုမြင်ကြသည်။ ခရစ်ယာန်ဘာသာရေး ဂိုဏ်းဂဏ အများစုက သူ့ကို ထာဝရဘုရားသခင်၏သားတော် နှင့် သေခြင်းမှ ထမြောက်သော ဘုရားသခင် ဝင်စားသူဟု ယုံကြည်ကြသည်။ အခြားသော ဘာသာအယူဝါဒများက သူ့ကို တနည်းမဟုတ်တနည်းဖြင့် ကြည်ညို လေးစားကြသည်။ သူသည် လူ့သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ယေရှု၏ ဘဝ၊ဒေသနာ နှင့်ပတ်သက်၍ အခြေခံ အချက်အလက်များမှာ [[ခရစ်ယာန်]] အသင်းတော်များ စည်းမျဉ်းဆိုင်ရာ သွန်သင်ချက်များဖြစ်သော ခရစ်ဝင်ကျမ်း လေးကျမ်း ဖြစ်သည်။ အချို့ပညာရှင်များက (သောမကျမ်း) နှင့် ဟေဗြဲကျမ်း တို့လည်း စပ်ဆိုင်သည်ဟု ကျိုးကြောင်းပြဆိုသော်လည်းအထူးသဖြင့် ရာဇဝင်အကျဉ်းချုပ်ကျမ်းများ တွင် ပါရှိသည်။
သမ္မာကျမ်းစာ ဝေဖန်ရေးပညာရှင် အများစုက ယေရှုသည် ဂျူးဖြစ်ပြီး ဓမ္မဒေသနာဆရာနှင့် အနာရောဂါတို့ကို ကင်းငြိမ်းစေသူ၊ ဗတ္တိဇံဆရာယောဟန် အားဖြင့် ခံယူခဲ့သူဖြစ်ကြောင်းနှင့်၊ ဓမ္မသစ်ကျမ်းစာ၏ အချို့အပိုင်းများသည် ယေရှု၏ဘဝကို ပြန်လည် ဆက်စပ်ဖော်ထုတ်ရန် အသုံးဝင်သည်ဟု ယုံကြည်ကြရာတွင် ရောမအင်ပါယာကို ပုန်ကန်သည်ဟု စွဲဆိုချက်ကြောင့် ယုဒပြည်၊ ရောမဘုရင်ခံ ပုန္တိပိလတ်၏ အမိန့်ဖြင့် ယေရုရှလင်မြို့၌[[ဂျေရုဆလင်မြို့]]၌ လက်ဝါးကပ်တိုင်တွင် တင်၍အသတ်ခံခဲ့ရသည်ကို လက်ခံကြသည်။
ဤကောက်ချက်အချို့မှအပ၊ ယေရှု၏ ဟောပြောချက်၊ သူ၏ လူနေမှု အဆင့်အတန်း၊ ယဉ်ကျေးမှုပတ်ဝန်းကျင်နှင့် ဘာသာရေးဆိုင်ရာ မိတ်ဆက်ခြင်း တို့နှင့်ပတ်သက်၍ ပညာရပ်ဆိုင်ရာ အချေအတင် ဆွေးနွေးခြင်းသည် ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။ [[သမ္မာကျမ်းစာ]] ဝေဖန်ရေးပညာရှင်များက ယေရှုကို မိမိကိုယ်မိမိ မေရှိဟု ဖော်ပြပြောဆိုသူ၊ ကမ္ဘာပျက်စီးမည့်ဘေးကို ကြိုတင်ဟောကိန်းထုတ်ခြင်းနှင့်ဆိုင်သော လှုပ်ရှားမှု၏ ခေါင်းဆောင်၊ လှည့်လည်သွားလာနေသော ပညာရှိ၊ တန်ခိုးထက်သော အနာရောဂါငြိမ်းစေသူနှင့် လွတ်လပ်သော ဘာသာရေး လှုပ်ရှားမှုကို တည်ထောင်သူအဖြစ် ဖော်ပြကြသည်။
 
ခရစ်ယာန်တို့၏ ကယ်တင်ရှင် ရှေးနှစ်ပေါင်း ၂ဝဝဝ ခန့်က နွားတင်းကုပ်တွင် မထင်မရှား ဖွားမြင်သော ခရစ်တော်ယေရှုသည် မိမိ ဟောပြောသော အယူဝါဒကြောင့် လက်ဝါးကပ်တိုင်၌ အသတ်ခံရ၏။ သို့ရာတွင် ယခုအခါ ထိုအယူဝါဒကို ယုံကြည်သူ ခရစ်ယာန်များအား ကမ္ဘာအရပ်ရပ်၌ တွေ့နိုင်ပေသည်။
 
ခရစ်တော်၊ ယေရှု။ ။ ခရစ်တော်ယေရှု မပေါ်ထွန်းမီ နှစ်ပေါင်းများစွာကပင် ပညာရှိကြီးများသည် ထာဝရ ဘုရားသခင်က လူသတ္တဝါ တို့အား ကယ်တင်ရန် သာမန်လူတို့ထက် မြင့်မြတ်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကို လူ့လောကသို့ စေလွှတ်လိမ့်မည်ဟု ကောလာဟလစကား ပြောကြားခဲ့ကြသည်။ အထူးသဖြင့် ယဟူဒီ(ယုဒ) လူမျိုးတို့သည် ထိုပုဂ္ဂိုလ် ပေါ်လာမည့်အချိန်ကို စောင့်မြှော်လျက်ရှိခဲ့ကြသည်။ သာမန်လူတို့ထက် ထူးကဲ မြင့်မြတ် သူဟုမြင့်မြတ်သူဟု ဆိုသောကြောင့် ထူးထူးခြားခြား ခမ်းနား တင့်တယ်စွာ ပေါ်ပေါက်လာမည်ဟု အထင်ရှိကြ၏။ သို့ဖြစ်၍ နွားတင်းကုတ်တွင် ယေရှုကို မွေးဖွားသောအခါ သူတို့မြှော်လင့် နေသော ပုဂ္ဂိုလ်မြတ်ဟူ၍ မထင်မှတ်ကြပေ။ ခရစ်တော်ကို မဖွားမြင်မီ ကောင်းကင်တမန် ဂေးဗရီယယ် (ဂါဗြေလ)သည် မေရီ (မာရိ)ထံသို့ ရောက်လာ၍ သားယောက်ျားကို ဖွားမြင်ပေ လိမ့်မည်။ဖွားမြင်ပေလိမ့်မည်။ ထိုသားသည် လူတို့အား အပြစ်မှ ကယ်တင်မည့်သူ ဖြစ်သောကြောင့် ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ပြောခဲ့ဘူး၏။ ယေရှု၏ မယ်တော်မေရီသည် ခင်ပွန်းသည် နက်ဇရက်(နာဇရက်)မြို့သား ဂျိုးဇက်(ယောသပ်)နှင့်အတူ သန်းကောင်စာရင်းဝင်ခြင်းငှာ ဂျူဒါ ပြည် (ယုဒပြည်) ဗက်သလီဟမ် (ဗက်လင်)မြို့သို့ သွားလေ၏။ ဗက်သလီဟမ်မြို့သို့ ရောက်သောအခါ တည်းခိုစရာ နေရာမရှိသောကြောင့်
နွားတင်းကုပ်တစ်ခု၌ ဝင်ရောက်တည်းခိုကြရသည်။ ထိုနေ့ည၌ ပင် ခရစ်တော်ကို ဖွားမြင်သဖြင့် သူငယ်တော်ကို နွားစားခွက် တွင်နွားစားခွက်တွင် သိပ်ထားရလေသည်။ ခရစ်တော်ယေရှုကို မည်သည့်နေ့ ရက်တွင် ဖွားမြင်သည်ဟု မပြောနိုင်သော်လည်း အေဒီ ၃ဝဝ ပြည့်နှစ်လောက်ကစ၍ ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ခရစ်တော် ဖွားမြင်သည့်နေ့အဖြစ် အထိမ်းအမှတ်ပွဲများ ပြုလုပ်လာခဲ့ကြ သည်။
 
 
ခရစ်တော်ဖွားမြင်သည့်ညတွင် သိုးထိန်း များထံသို့ ကောင်းကင်တမန်တစ်ပါး ရောက်လာ၍ ခရစ်တော် ဖွားမြင်သည့် သတင်းကို ပြောကြားသဖြင့် နွားစားခွက်၌ သိပ်ထားသော သူငယ်တော်ကို သွား၍ ဖူးမျှော်ကြသည်။ ကောင်းကင်၌လည်း ထူးဆန်းသော ကြယ်သစ်တစ်လုံး ထွက်ပေါ်လာသည်။ နက္ခတ်တရာရာတို့ကိုနက္ခတ်တာရာတို့ကို အမြဲစောင့်ကြည့် နေသောအမြဲစောင့်ကြည့်နေသော အရှေ့ဖက်ပြည်မှ နက္ခတ်ဆရာ ပညာရှိကြီးများသည် ထိုကြယ်ကို မြင်လေလျှင် ထာဝရဘုရားသခင် စေလွှတ်သော ရဟူဒီလူမျိုးတို့၏ ဘုရင်ပေါ်ထွန်းသည့်နိမိတ်ဟု ဆိုကာ
ကြယ်ကြီးညွှန်ရာသို့ ပညာရှိကြီး ၃ ဦးတို့ လိုက်လာကြလေ သည်။ ထိုပညာရှိကြီးများကို မေဂျိုင်(မာဂုပညာရှိ)ဟု ခေါ် သည်။ မေဂျိုင်တို့သည် လက်ဆောင်ပဏ္ဏာများကို ယူဆောင်၍
[[ဂျေရုဆလင်မြို့]]သို့ ရောက်လာကြောင်းကြား သဖြင့်ရောက်လာကြောင်းကြားသဖြင့် ဆင့်ခေါ်၍ စုံစမ်းမေးမြန်းလေသည်။ ပညာရှိတို့က ရဟူဒီတို့၏ ရှင်ဘုရင် ဖွားမြင်ခြင်းကြောင့် ဖူးတွေ့ရန်လာကြ
ကြောင်း လျှောက်တင်ကြ၏။ ဟဲရဒ်မင်းလည်း ဖွားမြင်လတ် သော သူငယ်သည် ထီးနန်းကို လုပ်ကြံမည့်သူ ဖြစ်မည်ဟု ယူဆသဖြင့် စိုးရိမ်ပူပန်ခြင်း ဖြစ်လေသည်။ သို့ရာတွင် ပညာ
ရှိတို့အား ဗက်သလီဟမ်မြို့၌ ပညာရှိတို့လည်း ဗက်သလီဟမ် မြို့သို့ရောက်လျှင် သူ့ထံပြန်လာ၍ လျှောက်တင်ရန် မှာကြား လိုက်၏။ ပညာရှိတို့လည်း ဗက်သလီဟမ်မြို့သို့ရောက်လျှင်