ချက်သမ္မတနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 211 interwiki links, now provided by Wikidata on d:q213 (translate me)
အရေးမကြီးNo edit summary
စာကြောင်း ၄၉ -
ချက်နိုင်ငံသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လျှင်မြန်စွာ ပြုလုပ်ခဲ့သည်။ [[ပုဂ္ဂလိကပိုင်ပြုလုပ်ရေး]] (privatization) ကို လျှင်မြန်စွာ အကောင်အထည်ဖော်ခဲ့သည်။ ၂၀၀၇-၂၀၁၀ [[ကမ္ဘာ့စီးပွားပျက်ကပ်]] (global economic crisis) မကျရောက်မီအထိ နှစ်စဉ်စီးပွားရေးမှာ [[ဂျီဒီပီ]] ၆% ခန့် ရှိခဲ့သည်။ ၂၀၀၆ခုနှစ် [[ကမ္ဘာ့ဘဏ်]]၏ အစီရင်ခံစာအရ [[ဖွံ့ဖြိုးဆဲတိုင်းပြည်]] အဖြစ်မှ [[ဖွံ့ဖြိုးပြီးတိုင်းပြည်]]အဖြစ် ပြောင်းလဲရန် ရှေ့ဆုံးမှ တာစူနေသော နိုင်ငံဖြစ်သည်။ <ref name="worldbank06">{{cite web| last = Velinger| first = Jan | title = World Bank Marks Czech Republic's Graduation to 'Developed' Status | publisher = Radio Prague| url = http://www.radio.cz/en/article/76314| date = 2006-02-28| accessdate = 2007-01-22 }}</ref> ၂၀၀၉ခုနှစ်တွင် [[ဖွံ့ဖြိုးဆဲနိုင်ငံ]]များထဲတွင် [[လူသားဖွံ့ဖြိုးမှုညွှန်းကိန်း]] အနေဖြင့် အလွန်မြင့်မားသောနိုင်ငံများ (Very High Human Development) စာရင်းထဲသို့ ရောက်ရှိလာခဲ့သည်။ <ref name="hdi09">{{cite web|url=http://hdr.undp.org/en/media/HDR_2009_EN_Complete.pdf |title=UNDP.org |format=PDF |date= |accessdate=2010-04-25}}</ref>
 
ချက်သမ္မတနိုင်ငံ၏ နယ်မြေအကျယ်အဝန်းမှာ ၇၈,၈၆၄ စတုရန်းကီလိုမီတာ ဖြစ်၍ လူဦးရေ ၁,ဝ၂,၉၉,ဝဝဝ ရှိသည်။ မြို့တော်မှာ ပရာဟာဖြစ်၍[[ပရာဟာမြို့]]ဖြစ်၍ ရုံးသုံးဘာသာစကားအဖြစ်ချက်ဘာသာ စကားကိုပြောကြားသည်။ ထို့ပြင်စလိုဗက် ဘာသာစကားကိုလည်း ပြောကြားမှုရှိသည်။ ပင်မကိုးကွယ်သည့်ဘာသာ မှာ ခရစ်ယာန်ဘာသာဖြစ်သည်။ ကာကွယ်ရေးတပ်ဖွဲ့အင်အားမှာ ၉ဝ,ဝဝဝ ရှိသည်။ လှည့်ပတ်သုံးစွဲ နေသောငွေကြေးမှာ ကိုရူနာဖြစ်သည်။
 
ချက်နှင့်စလိုဗက်ဖက်ဒရယ် ပြည်ထောင်စုကြီးအား ဖျက်သိမ်းပြီးနောက် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင်သည့် ချက်သမ္မတနိုင်ငံဖြစ်လာခဲ့သည်။ယင်းနေ့မှာပင် စတင်အာဏာ သက်ရောက်ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ချက်သမ္မတနိုင်ငံအား တစ်ခုတည်းသော နိုင်ငံအဖြစ်သတ်မှတ် ပြဋ္ဌာန်းသည်။ ဥပဒေပြုအာဏာမှာအထက်နှင့်အောက် လွှတ်တော်နှစ်ရပ်တွင်တည်သည်။ လေးနှစ်တစ်ကြိမ် ရွေးချယ်တင်မြှောက်သည့် အောက်လွှတ်တော်တွင် အဖွဲ့ဝင် ၂ဝဝ ဦးရှိ၍ ခြောက်နှစ်တစ်ကြိမ် ရွေးချယ် တင်မြှောက်သည့် အထက်လွှာတော်တွင် အဖွဲ့ဝင် ၈၁ ဦးရှိသည်။ ငါးနှစ်သက်တမ်းရှိသော သမ္မတရာထူးကို အောက်လွှတ်တော်က ရွေးချယ်တင်မြှောက်သည်။ နိုင်ငံ၏ အုပ်ချုပ်ရေးအာဏာကို ဝန်ကြီးချုပ်နှင့် ဝန်ကြီး အဖွဲ့က ကိုင်တွယ်ကျင့်သုံးပေသည်။ ချက်သမ္မတနိုင်ငံ၏သမ္မတမှာ ဗက်ကလပ်ဟာဗဲဖြစ်၍ ဝန်ကြီးချုပ်မှာ ဗက်ကလပ်ကလော့စ်ဖြစ်သည်။ ဗက်ကလပ်ဟာဗဲအား သမ္မတအဖြစ် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ရက်နေ့တွင် ချက်ပါလီမန်က ရွေးချယ်တင်မြှောက်ခဲ့သည်။