ကုန်းလိပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 50 interwiki links, now provided by Wikidata on d:q46360 (translate me)
No edit summary
စာကြောင်း ၁၀ -
 
[[File:Tortoise head.jpg|thumb|right|တောင်အာဖရိကမှ ကုန်းလိပ်]]
ကုန်းလိပ်သည် ကုန်းပေါ်တွင် နေထိုင်ကျက်စားသော တွားသွားသတ္တဝါဖြစ်၍ Testudinidae အနွယ်ဝင်ဖြစ်သည်။ ယင်းတို့နှင့် မျိုးနွယ်တူ ပင်လယ်လိပ်များကဲ့သို့ပင် သားစားသတ္တဝါများဘေးမှ ကာကွယ်နိုင်ရန် ထူထဲသော အခွံပါရှိသည်။
 
=== ကုန်းလိပ်ကြီးများ ===
စာကြောင်း ၄၃ -
 
ကုန်းလိပ်နှင့်ပင်လယ်လပ်တို့သည် ကိလိုနီယာမျိုးစဉ်တွင် ပါဝင် လေသည်။ အချို့ပါရဂူများကမူ ကုန်းလိပ်ကို တက်စတူဒီနေတာမျိုးစဉ်၊ ပင် လယ်လိပ်ကို ကဲလိုနီဒ မျိုးစဉ်တို့တွင် ပါဝင်သည်ဟု သတ်မှတ်ကြသည်။ ကုန်းလိပ်သည် ယင်း၏ဦးခေါင်းကို လုံးဝလိပ်ခွံအတွင်း သွင်းယူနိုင်သော် လည်း ပင်လယ်လိပ်ကမူ ယင်း၏ဦးခေါင်းကို တစ်စိတ်တစ်ဒေသသာ သွင်း ယူနိုင်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
===ဝိသေသလက္ခဏာများ===
ခြေထောက်များတွင် ရိုးရိုးခြေသည်းများ ပါရှိသည်။ ခြေချောင်းများ၌ ရေယက်များမပါရှိ။ ခြေချာင်းအဆစ် (၂)ခု (သို့မဟုတ်) နှစ်ခုထက် ပိုနည်းသည်။ တုတ်ခိုင် သည့် ခြေထာက်များရှိသည်။ အခွံမာလိပ်ဖြစ်သည်။ ခြေထောက် နှင့် နဖူးတွင် အကြေးများပါရှိသည်။ ကုန်းပေါ် ၌သာနေထိုင်ကျက်စားသည်။<ref>မြန်မာ့လိပ်များ by ဒေါက်တာဝင်းမောင် နှင့် ဦးဝင်းကိုကို</ref>