ကသည်းဝန်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
|||
စာကြောင်း ၈ -
မင်းရဲကျော်ထင် (၁၆၇၃-၁၆၉၈)လက်ထက် ၁၆၉၃ ခုနှစ် ဒီဇင်ဘာတွင် ကသည်းတို့ သောင်သွပ်ကို ဝင်ရောက်တိုက်ခိုက်ကြပြန်၏။ အင်းဝနေပြည်တော်မှ တုရင်ဝေရ ဦးဆောင်သော တပ်များကို စေလွှတ်နှိမ်နင်းခဲ့ရသည်။ စနေမင်း (၁၆၉၈-၁၇၁၄) လက်ထက် ၁၃ ဖေဖော်ဝါရီ ၁၇၀၅ တွင် ကသည်းစော်ဘွားသည် မြန်မာဘုရင်ထံ သမီးကညာ ဆက်သလာပါသည်။ အသက် ၁၅ နှစ်အရွယ်ရှိ နှင်းလုံခံဆိုသူ အမျိုးသမီးငယ်အား နယ်ခြားဒေသသို့ မှူးမတ်အရာရှိများ စေလွှတ်ကြိုဆိုခဲ့ ရခြင်းဖြစ်သည်။ ကသည်းတို့အအနေဖြင့် အခြေအနေပေးပါက မြန်မာနယ်အတွင်း ကျူးကျော်ဝင်ရောက် တိုက်ခိုက်ကြပြီး အခြေအနေ မပေးသည့်အခါ သမီးကညာ ဆက်သခြင်းဖြင့် အလျှော့ပေး ဆက်ဆံတတ်ကြသည်။
တနင်္ဂ နွေမင်း (၁၇၁၄-၁၇၃၃)လက်ထက် ၁၇၂၄ ခုနှစ်တွင် ကသည်းစော်ဘွား ဂါရစ်နဝပ် (Gharib Niwaz) (၁၇၁၉-၁၇၅၄) က သမီးကညာ ဆက်သလိုကြောင်း အင်းဝဘုရင်ထံ ဆက်သွယ်လာပါသည်။ သိုဖြင့် မြန်မာမှူးမတ်များအား ယူးဝ (မော်လိုက်မြို့နယ်အတွင်း)သို့ ကြိုဆိုရန် စေလွှတ်ခဲ့၏။ ယူးဝသို့ အရောက်တွင် ကြိုဆိုရေးအဖွဲ့ကို ကသည်းတို့က သတ်ဖြတ်ခဲ့သည်။ သို့ဖြင့် ၈ နိုဝင်ဘာ ၁၇၂၄ တွင် မင်းရဲသီဟကျော် ဦးဆောင်သော တပ်များ ချီတက် တိုက်ခိုက်ကြရသည်။ သို့သော် ကသည်းတို့၏ စစ်ပရိယာယ် ကြွယ်ဝမှုနှင့် မြန်မာတပ်အတွင်း ကျောက်ရောဂါ ဖြစ်ပွားမှုတို့ကြောင့်
မဟာဓမ္မရာဇာဓိပတိ (၁၇၃၃-၁၇၅၂)လက်ထက် ၁၇၃၇ ခုနှစ်တွင် ကသည်းတပ် မြေဒူးမြို့အထိ ကျူးကျော်ဝင်ရောက်ကာ ဒေသခံအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ နောက်တစ်နှစ်တွင် စစ်ကိုင်းသို့တိုင် ရောက်ရှိလာခဲ့သည်။ ကောင်းမှုတော်အနီးတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သေး၏။ ကသည်းတို့ ငါးရက်ကြာမျှ အိမ်ရာကျောင်းကန်တို့ကို ဖျက်ဆီးကာ ပြန်လည်ထွက်ခွာ သွားကြသည်။ ၁၇၄၉ ခုနှစ်တွင် ကသည်းစော်ဘွားသည် သားကြီး ခူရာလက်ပ (Shan Shan) စစ်သူကြီး စန္ဒရော်မော်နီတို့နှင့်အတူ အကဲစမ်းသည့် အနေဖြင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာပြန်ပါသည်။ ဤတစ်ကြိမ်တွင် တောင်ငူရာဇာ ဦးဆောင်လျက် ကြည်းကြောင်း ၊ ရေကြောင်းဖြင့် အင်အားကြီးမားစွာ စစ်ချီသွားရာ
==အခြေချ နေထိုင်ကြသူများ==
|