ကူကီးလူမျိုး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁ -
==ကူကီးလူမျိုး==
===ဆင်းသက်လာကြပုံ အကြောင်း===
မိမိတို့ ကူကီးလူမျိုးများသည် ရှေးပဝေသဏီ အချိန်က (Khul) ဂူ မှတဆင့် တိုက်ရိုက်ဆင်းသက် လာခဲ့ကြသည်ဟူ၍တိုက်ရိုက်ဆင်းသက်လာခဲ့ကြသည်ဟူ၍ ကူကီးလူမျိုးများမှ သမိုင်းစဉ်ဆက် အဆက်ဆက်တွင်သမိုင်းစဉ်အဆက်ဆက် အခိုင်အမာ ယုံကြည်လက်ခံ လာခဲ့ကြသည်။ယုံကြည်လက်ခံလာခဲ့ကြသည်။ Khulကို NoiMang-Gam ဟုလည်း ခေါ်ဆိုပြီး NoiMang-Pa ဘွဲ့အမည်ကိုခံယူကြသည့် အကြီးအကဲများ (ရှင်ဘုရင်များ)မှ အုပ်ချုပ်ကြသည်။
 
ကူကီးအမည်နာမနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်
 
ကူကီးဟူသောဝေါ်ဟာရမှာ မည်သည့်အချိန်မှစ၍ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ခုနှစ်သက္ကရာစ်အားဖြင့် အတိအကျမှတ်တမ်းတင်နိုင်ခြင်း မရှိခဲ့သော်လည်း ခရစ်သက္ကရာစ် ၁၇ရာစုက လူမျိုးများအကြောင်းကို ရေးသား ခဲ့ကြသော အနောက်တိုင်းပညာရှင်တို့မှ သုတေသန ပြုလုပ်ခဲ့ကြသည့် စာအုပ်များတွင် စတင်မှတ် တမ်းတင်ခဲ့ကြပြီး ဖြစ်ရာ ယနေ့ အိန္ဒိယနှင့်မြန်မာ နယ်စပ်ဒေသများတွင် နေထိုင်သည့် လူမျိုးများအနှက် ရှေးအကျဆုံးသော အုပ်စုတွင် ပါဝင်ကြောင်း မှတ်တမ်းတင်ခြင်းခံခဲ့ရသည်။ ထိုသုတေသီတို့၏ မှတ်တမ်းအရ ကူကီးဟူသော အမည်နာမနှင့် ပတ်သတ်ပြီး အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသည်ကိုတွေ့မြင် နေရပေ သည်။ အချို့စွယ်စုံကျမ်းများတွင် ကူကီးဟူသော ဝေါဟာရမှာ ဘင်္ဂါလီစကားဖြစ်သော ကူဆီး(Cuci)မှ ဆင်းသက်လာခြင်းဖြစ်သည်ဟု သိရှိရသည်။ ထို CUCI မှတဆင့် KOOKIES ဟူ၍ထပ်မံသုံးစွဲလာခဲ့ကြရာ အချိန်ကာလကြာလာသည်နှင့်အမျှ နောက်ဆုံးတွင် ယနေ့အများစုသိရှိ နားလည်ကြသည်KUKI ဟူသောဝေါ်ဟာရ ပေါ်ပေါက် လာရခြင်းဖြစ်သည်ဟုသိရှိရသည်။ သို့ဖြစ်၍ မူလဝေါ်ဟာရဖြစ်သော Cuciဟူ သည်မှာ ဘင်္ဂါလီစကားအရချူပ်ချယ်မှုကို မနှစ် သက်သူများ၊ မိမိ၏သဘောဆန္ဒအရ နေထိုင်လိုခြင်း ဟု အဓိပ္ပါယ်ရရှိပေသည်။ ဥပမာအားဖြင့် Mera Cuci He ဟူသော ကုလား စကားမှာ ကျွန်ုပ်သဘောဘဲဟူ၍ အဓိပ္ပါယ် ရရှိသကဲ့သို့ Upka Cuci He ဟူသည်မှာလည်း ခင်ဗျားရဲ့သဘောဘဲဟူ၍ အဓိပ္ပါုယ်ရရှိသည်။ သို့ဖြစ်၍ Cuci ဟူသော ဝေါ်ဟာရမှာ လွတ်လပ်သူများ(သို့) လွတ်လပ်မှုကို မြတ်နိုးသူများဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပေသည်။