မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅ -
(၁၉၆၂) ခုနှစ်၊ မတ် (၂) ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ရပြီး တပ်မတော်ဦးစီးချုပ် [[ဗိုလ်ချုပ်ကြီးနေဝင်း]] ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော တော်လှန်ရေးကောင်စီအဖွဲ့ ပေါ်ပေါက်ခဲ့ပါသည်။
 
== မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ==
== မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ==
 
(၁၉၆၂) ခုနှစ်၊ ဧပြီ (၃ဝ) ရက်က တော်လှန်ရေးကောင်စီက မိမိ၏ ဝါဒသဘောထား ကြေညာချက် ဖြစ်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တိုင်းပြည်သို့ တင်ပြခဲ့ပါသည်။ လမ်းစဉ်ပါတီကို တော်လှန်ရေးကောင်စီကပင် (၁၉၆၂) ခုနှစ်၊ ဇူလိုင် (၄)ရက်ကပင် ပေါ်ထွက် ခဲ့ပါသည်။ တော်လှန်ရေးကောင်စီသည် လမ်းစဉ်ပါတီ၏ တွေးခေါ်မြော်မြင်ရေး သဘောတရား ဖြစ်သော လူနှင့်ပတ်ဝန်းကျင်တို့၏ အညမည သဘောထားစာတမ်းကို (၁၉၆၃) ခု၊ ဇန်နဝါရီ (၁၇)ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ တော်လှန်ရေးကောင်စီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ မူဝါဒအရပ်ရပ်ကို သင်ကြား ပို့ချပေးသည့် ဗဟိုနိုင်ငံရေး သိပ္ပံ ကျောင်းကို ဖွင့်လှစ် ထူထောင်ပေးခဲ့ပါသည်။ ဗဟိုနိုင်ငံရေးသိပ္ပံကျောင်းသည် ထိုစဉ်ကာလက အမြုတေပါတီဟု ခေါ်သော ကေဒါပါတီတွင် တာဝန် ထမ်းဆောင်ရမည့် အရန်ပါတီဝင်များကို အခြေခံနိုင်ငံရေး သင်တန်းဟု ခေါ်သော ကေဒါသင်တန်းသို့ တစ်သုတ်ပြီးတစ်သုတ် တက်ရောက်စေခဲ့ပါ သည်။ ထိုကေဒါများဖြင့်ပင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်စေခဲ့ပါသည်။