ရှိတ်စပီးယား: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၇ -
အသက် ၁၂ နှစ်တွင် ဖခင်ကွယ်လွန်ခဲ့သဖြင့် မိခင်က နောက်အိမ်ထောင်ပြုခဲ့သည်။ သို့သော် မိခင်၊ ပထွေးတို့နှင့် ကြာကြာမနေနိုင်သဖြင့် နန်းတွင်းသို့ မင်းမှုထမ်းအနေဖြင့် အခစားဝင်နေခဲ့သည်။ နန်းတွင်းတွင် အကြီးတော်တစ်ဦးပေးပြီး နေထိုင်စေသည်။ ထိုအကြီးတော်မှာ နောင်တွင် ဘဏ္ဏာရေးဝန်ကြီး '''ဝီလီယမ်စီလ်စီ''' ဖြစ်သည်။ ဘုရင်မ အဲလိဇဘတ်၏ အကြံပေးကောင်စီဝင်အဖြစ် နှစ်များစွာ ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်သည်။ မျိုးရိုးဂုဏ်ကြောင့် အက်ဒ်ဝပ် အား စီလ်စီ မိသားစုအဖြစ်ကဲ့သို့ နေထိုင်စေသည်။ (စီလ်စီအိမ်မှ ကျွန်တစ်ဦးကို သတ်ဖြတ်ဖူးသော်လည်း စီလ်စီ၏ ဩဇာကြောင့် အပြစ်ဒဏ်မကျပဲ လွတ်ခဲ့သည်ဟုဆိုကြသေးသည်။ သို့သော် မသေချာပေ။)
 
နှစ်အနည်းငယ်အတွင်း နန်းတွင်း အမှုထမ်းအဖြစ် ဘုရင်မ အဲလိဇဘတ် ထံတွင်အခစားဝင်သည်။ ထိုမှစကာ နိုင်ငံရေးအရ ထိပ်သီးပုဂ္ဂိုလ်များနှင့် ဆက်ဆံရင်းနှီးလာခဲ့ပြီး ဘုရင်မ၏ အရေးပေးခြင်းကိုလည်း ခံခဲ့ရသည်။ အသက် ၂၁ နှစ်တွင် အကြီးတော်၏ သမီး အန်းစီလ်စီနှင့် အိမ်ထောင်ပြုခဲ့သည်။ အသက် ၂၄ နှစ်တွင် [[ပြင်သစ်]]၊ [[ဂျာမနီ]]၊ [[အီတလီ]] အစရှိသဖြင့် ဥရောပတခွင်[[ဥရောပ]]တခွင် လှည့်လှည် ခရီးထွက်ခဲ့သည်။ ထိုနောက် ပြင်သစ်မှ အင်္ဂလန်သို့အပြန် ရေလက်ကြားတွင် ပင်လယ်ဓါးပြများ ဖမ်းဆီးသည်ခံရပြီးနောက် ဘုရင်မနှင့် ရင်းနှီးသူ ဆွေကြီးမျိုးကြီး ဖြစ်သဖြင့် ပြန်လွတ်မြှောက်လာသည်။
 
အင်္ဂလန်ပြန်ရောက်ပြီးနောက် ဇနီးသည်မှာ ကလေးတစ်ယောက်နှင့် စောင့်နေသည်ကို သိရပြီး ကလေး၏ ဖခင်အရင်းမှာ မိမိမဟုတ်၊ ဇနီးက ဖောက်ပြန်ပြီးမွေးထားသည့် ကလေးဖြစ်သည်ဟုဆိုကာ လင်မယားကွဲသည်။ နောက် ၅ နှစ်ကြာပြီးမှသာ စွပ်စွဲချက်များကို ပြန်ရုတ်သိမ်းပြီး အန်းနှင့် ပြန်ပေါင်းသည်။