"ကျွဲခေါင်းသီးပင်" ၏ တည်းဖြတ်မှု မူကွဲများ

၃ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၆ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (Bot: Migrating 28 interwiki links, now provided by Wikidata on d:q161110 (translate me))
}}
[[File:Trapa natans seeds.jpg|thumb| ပြုတ်၍ စားရသော ကျွဲခေါင်းသီး]]
'''ကျွဲခေါင်းသီးပင်'''သည် ရေတွင် ပေါလောပေါ်နေသော အပင်ငယ်တစ်မျိုးဖြစ်သည်။ ရေအောက်ရှိ အရွက်နှင့် ရောပေါ်ရှိအရွက်တို့သည်ရေပေါ်ရှိအရွက်တို့သည် မတူညီကြချေ။ ရေအောက်ရှိအရွက်များသည် အညှာချင်းဆိုင်ပေါက်၍ အမြစ်နှင့် တူကြသည်။ ရေပေါ်ရှိအရွက်များမှာမူ ရိုးတံရင်း၌ စုပေါက်ကြသည်။ အသီးတွင် အဖုများထွက်နေ၍ ကျွဲဦးခေါင်းပုံနှင့် တူသည်။ အခွံသည် အစိမ်းပုပ်ရောက်ရှိ၍ အတွင်းသားမှာ ဖြူသည်။
 
မြန်မာနိုင်ငံအောက်ပိုင်းမြို့ကြီးများရှိ ရေကန်များတွင် ကျွဲခေါင်းသီးပင်များကို ပြုစုစိုက်ပျိုးကြသည်။ ဇွန်လမှ ဩဂုတ်လအထိ မိုးတွင်းအချိန်၌ ကျွဲခေါင်းသီးကို ရောင်းချလေ့ရှိသည်။ အသီးကို အစိမ်းလိုက်ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ၊ အခွံနွှာပြီးလျှင် စားကြသည်။ အတွင်းသား အရသာမှာ ချိုအေး၍ အရည်ရွမ်းသည်။ ကျွဲခေါင်းသီးကို အထူးသဖြင့် ဟိန္ဒူလူမျိုးတို့ ကြိုက်နှစ်သက်ကြသည်။ ကျွဲခေါင်းသီးကို သံပုရာသီးနှင့် ရောစားမိလျှင် တောက်၍ သေတတ်သည်ဟု ဆိုသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( ၂ )၊ အပိုင်း-ခ၊ နှာ-၂၃၂</ref>
၁၄၅

တည်းဖြတ်မှုများ