"ကြက်သွန်နီ" ၏ တည်းဖြတ်မှု မူကွဲများ

၅ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၆ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (Bot: Migrating 120 interwiki links, now provided by Wikidata on d:q23485 (translate me))
 
အပင် ပင်ပျော့ ပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၁ ပေခန့်ထိရှိသည်။ ပင်စည်မှာ ဥ၏ အောက်ခြေတွင် ရှိပြီး အနည်းငယ် မာကျော၍ အဝိုင်းငယ်ပုံသဏ္ဍာန်ရှိသည်။ ၎င်းမှ အမြစ်များ ဖြာထွက်သည်။
အရွက် အရွက်စုပြုံထွက်သည်။ ပြွန်ပုံရှိပြီး ပြောင်ချော၍ ပျော့ပျောင်းသည်။ အခေါင်းပါသည်။ အပေါ်ဘက်သို့ သေးသွယ်၍ ကျဉ်းမြောင်းသွားသည်။ ရွက်ထိပ်ချွန်သည်။ အစိမ်းရင့်ရောင် ရှိသည်။ ရွက်ရင်းဖြူသည်။ အပွင့် လုံးဝိုင်းသော ထီးပုံသဏ္ဍာန် ပန်းခိုင်တွင် ကြယ်ပုံပန်းပွင့်အဖြူလေးများ ပွင့်၏ ။ ပွင့်ဖတ်အုံ ရှည်မျောမျော ပုံရှိပြီး ထိပ်ချွန်သည်။ ဝတ်ဆံဖိုတိုင်မှာ ပွင့်ချပ်ထက် ရှည်သည်။ပြာသိုရှည်သည်။ ပြာသို ၊ တပို့တွဲတွင် ပွင့်သည်။ ဥ နီညိုရောင်ရှိပြီး လုံးဝိုင်းသည်။ ဥအပေါ်ယံကို ပါးလွှာသော အဖတ်များဖြင့် အထပ်ထပ် ဖုံးအုပ်နေသည်။အတွင်း၌ အရည်ရွှမ်းသော အသားဖတ်များ ရှိ၏။
 
== အသုံးဝင်ပုံများ ==
ကြက်သွန်နီကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ကမ္ဘာ့လူမျိုးပေါင်းစုံတို့တွင် အသုံးပြုကြသည်။ ကြက်သွန်နီဥ (bulb) အပြင် ကြက်သွန်မြိတ်ကိုလည်း စားသုံးနိုင်သည်။ ယခုအခါ ကြာရှည်ခံအောင် အအေးခံ၍လည်းကောင်း၊ အခြောက်ခံရေထုတ်၍လည်းကောင်း၊ အမှုန့်ပြုလုပ်၍လည်းကောင်း သိုလှောင်ကြသည်။ အရှေ့တိုင်းသားများက ကြက်သွန်နီကို ဟင်းထဲထည့်ချက်စားသည့်အပြင် ပါးပါးလှီး၍ လတ်လတ်ဆတ်ဆတ် အစိမ်းစားကြသော်လည်း ဥရောပတိုင်းသားများကမူ ဟင်းထဲတွင်သာ ထည့်ချက်ပြီး စားလေ့ရှိကြသည်။ ကြက်သွန်နီမျိုးပေါ်မူတည်၍ အချို၊ အစပ်၊ အမွှေး အရသာစုံရှိသည်။
ကြက်သွန်နီကို [[ရှာလကာရည်]]နှင့် နှပ်၍ [[သနပ်]]ပြုလုပ်၍လည်း စားသုံးကြသည်။ ဩစတြေးလျနိုင်ငံတွင် အရန်ဟင်းခတ်အမွှေးအကြိုင်အဖြစ် ငါးဟင်းတွင် ထည့်သုံးသည်။ ဗြိတိန်တွင် ဒိန်ခဲ (cheese) နှင့် ရောနယ်၍ သနပ်ပြုလုပ်စားလေ့ရှိသည်။ အီရန်၊ အိန္ဒယနှင့်အိန္ဒိယ နှင့် ပါကစ္စတန်တို့တွင် နေ့စဉ်စားသုံးရသော အခြေခံအစားအစာအဖြစ် သတ်မှတ်ထားသည်။
 
=== ကြက်သွန်နီအမှုန့် ===
၁၄၅

တည်းဖြတ်မှုများ