ကြက်သွန်ဖြူ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q23400 (translate me)
No edit summary
စာကြောင်း ၁၉ -
မချက်ပြုတ်ထားသော ကြက်သွန်ဖြူ အစိမ်းကိုစားသုံးခြင်းဖြင့် သွေးကြောများ အတွင်း သွေးခဲခြင်း နဲ့ သာမန်ထက် ပိုတဲ့ သွေးပေါင်ချိန်ကို လျော့ကျစေပေမယ့်လည်း များသောအားဖြင့်တော့ ကြက်သွန်ဖြူကို ချက်ပြုတ်ပြီးမှသာ စားသုံးကြပါတယ်။
 
အမေရိကန်ပြည်ထောင်စုနဲ့ အာဂျင်တီးနား နိုင်ငံတို့မှ သိပ္ပံပညာရှင်များကကြက်သွန်ဖြူကို ၃ မိနစ်ထိသာ အပူပေးချက်ပြုတ်မယ်ဆိုရင် ကြက်သွန်ဖြု အစိမ်းကဲ့သို့ပင် အာနိသင် မလျော့ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ထောင်းထားတဲ့လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ထောင်းထားတဲ့ ကြက်သွန်ဖြူက ပိုလို့ အာနိသင်ရှိပြီး ၆ မိနစ်ထိ ကြာအောင် ချက်ပြုတ်ခြင်းဟာ အာနိသင်မလျော့သွားကြောင်း တွေ့ရှိပြန်ပါတယ်။ မိုက်ခရိုဝေ့ဗ်နဲ့ ချက်ပြုတ်ခြင်းဟာ ကြက်သွန်ဖြူရဲ့ သွေးကြောထဲမှာ သွေးခဲခြင်းကို ကာကွယ်ပေးတဲ့ အာနိသင် ပျက်ပြယ်သွားပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို မိုက်ခရိုဝေ့ဗ် နဲ့ ချက်ပြုတ်တာက အကျိုးမရှိလှပါဘူး။
 
== ပေါက်ရောက်ပုံ ==
စာကြောင်း ၂၅ -
 
== အသုံးပြုပုံ ==
ကြက်သွန်ဖြူကို ကမ္ဘာတဝှမ်းမှာ ဟင်းခတ်အမွှေးအကြိုင် အဖြစ်၊ ဟင်း အနှစ်အဖြစ် ချက်ပြုတ်စားသောက်ကြပါတယ်။ ချက်ပြုတ်တဲ့ နည်းပေါ်မူတည်ပြီးတော့ အနံ့ ပြောင်းလဲသွားတတ်ပါတယ်။ ကြက်သွန်ဖြူ နုနုများကို သကြား ၊ ဆား ၊ ဟင်းခပ်အမွှေးအကြိုင်များဖြင့် ရောနှောကာ ၃ ပတ်မှ ၆ပတ်ကြာအောင်၆ ပတ်ကြာအောင် အချဉ်တည်ကာ ကြက်သွန်ဖြူ သနပ်အဖြစ်လည်း ပြင်ဆင် စားသုံးကြပါတယ်။အာရှတိုက်မှာစားသုံးကြပါတယ်။ အာရှတိုက်မှာ ကြက်သွန်မိတ်ကို သေးသေးလှီးကာ ကြက်ဥ ၊ အသား ၊ ဟင်းရွက်များနှင့်ရောမွှေ ကြော်ကာ ပြင်ဆင်စားသုံးလေ့ရှိကြသလို ဆန်ပြုတ်ထဲမှာလည်း ဟင်းခပ်အဖြစ် ထည့်ကာ စားသုံးကြပါတယ်။ မြန်မာလူမျိုးများကတော့ ကြက်သွန်ဖြူကြော်ထားသည့် ကြက်သွန်ကြော်ကို လက်ဖက်နှင့်တွဲဖက် စားသုံးကြသလို ၊ ဟင်းများတွင် ဖြူးကာလည်း စားကြပါသည်။
ကြက်သွန်ဖြူ အစိမ်းကို ခေါက်ဆွဲသုပ်၊ ကြာဇံသုပ် ၊ ထမင်းသုပ် ၊လက်သုပ်စုံ များဖြင့် တွဲဖက်စားသုံးကြပါတယ်။ကြက်သွန်ဖြူကိုတွဲဖက်စားသုံးကြပါတယ်။ ကြက်သွန်ဖြူကို စားသုံးခြင်းဟာ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ၊ အအေးမိခြင်း ၊ ကင်ဆာရောဂါ နဲ့ ကိုလက်စထရော များခြင်း များကို ကာကွယ်ပေးပါသသည်။ဒါ့အပြင်ကာကွယ်ပေးပါသည်။ ဒါ့အပြင် ကြက်သွန်ဖြူက သွေးထဲမှာ ရှိတဲ့ အချိုဓာတ် (သကြားဓာတ်) ကိုထိန်းညှိပေးတဲ့အတွက် ဆီးချို သွေးချိုရောဂါများ ဖြစ်ပွားခြင်းကို လျော့နည်းစေနိုင်ပါသည်။
 
အဆီကျစေသဖြင့် နေ့စဉ်မှန်မှန် စားသုံးပါက သွေးတိုး ရောဂါ မဖြစ်စေရန်နှင့် ဖြစ်ပွားနေသော သွေးတိုး ရောဂါကို ပျောက်စေသည်။ အစားစားနေစဉျအစားစားနေစဉ် အတူ စားသုံး၍ ဖြစ်စေ၊ အစာစားပြီး ဆေးအဖြစ် အမှုန့်ပြု စားသုံးလျှင် အစာကြေ၍ လေသက်စေနိုင်သည်။ ကလေးများ လေဆန်နာ ဖြစ်လျှင် ကြက်သွန်ဖြူ ဥတစ်လုံးကို မီးဖုတ်ကျွေးပါက ပျောက်ကင်းနိုင်သည်။ အဆုတ်နှင့် ဆိုင်သော အဆုတ် အအေးမိ၊ အဆုတ်ပွသော ရောဂါများ ပျောက်ကင်း စေနိုင်သည်။ အအေးမိခြင်းနှင့် တုတ်ကွေး ဖျားများကိုလည်း ပျောက်စေသည်။ ကြက်သွန်ဖြူကို အဆီထုတ်၍ တိုက်ကျွေးပါက သလိပ်ရှင်စေ၊ ချောင်းဆိုး သလိပ်ကပ်ခြင်း တို့ကို ပျောက်ကင်းစေသည်။ ရောဂါပိုးများ သေစေနိုင် သဖြင့် မြစ်ခြောက်နာ (ခေါ်) အဆုတ်နာ (တီဘီ) ရောဂါ များတွင် တိုက်ကျွေးနိုင်သည်။ လိမ်းဆေး အဆီအဖြစ် နှမ်းဆီနှင့် လေးညှင်းတို့နှင့် ရောစပ်၍ ကျိုချက်ပြီး လိမ်းလျှင် ကိုယ်လက် အကိုက်အခဲနှင့် နားကိုက်၊ နားပြည်ယိုခြင်းကို သက်သာ ပျောက်ကင်း နိုင်သည်။ နှလုံးနှင့် ပတ်သက်သော ရောဂါ ဝေဒနာ ရှင်များအတွက် ဆေးအနေနဲ့ သော်လည်းကောင်း၊ အစာအဟာရ အဖြစ်နှင့် သော်လည်းကောင်း မှန်မှန် စားသုံးပါက ဖြစ်ပွားမှုနှုန်း နှေးကွေးပြီး တဖြည်းဖြည်း သက်သာ စေနိုင်သည်။ ကြာရှည် စားသုံးလျှင် ဆံပင်ကို နက်စေ၍ သုတ်ကို ပွားစေသည်။ မြစ်ပွားနာ (ခေါ်) ကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်း နည်းစေရန် အတွက် ကြိုတင် ကာကွယ် စားသုံးနိုင်သည်။ ကြက်သွန်ဖြူ ဥတစ်လုံးကို ကြေးချိတ်ဖြင့် ဖောက်၍ ပျားရည်တွင် စိမ်ထားပြီး စားသုံးပါက အိပ်ပျော် စားဝင် အင်အား ပြည့်ဖြိုး စေနိုင်ပါသည်။ သွေးတွင်းတွင် ရှိသော cholesterol ကို ကျစေသဖြင့် သွေးကြောကျည်း၊ နှလုံးရောဂါ များအတွက် လွန်စွာ သင့်တော်သည်။
 
ဒီလို အာနိသင်ပေါင်းများစွာနှင့် ဆေးဘက်ဝင်လှတဲ့ ကြက်သွန်ဖြူဟာ စားသုံးလို့လည်း အရသာ ရှိလှတာမို့ ဟင်းချက်ပြီး သော် လည်းကောင်း ၊ အစိမ်းသော်လည်းကောင်း နှစ်သက်စွာ စားသုံး နေကြခြင်း ဖြစ်ပါတယ်။
စာကြောင်း ၅၂ -
အဖြူရောင်ရှိပြီး သေးငယ်သည်။ ကျယ်ပြန့်သော ဘဲဥပုံဖြစ်သည်။ တစ်ဥတည်း သို့မဟုတ် အတက်များဖြင့် စုပေါင်းနေပြီး အခွံပါးဖြင့် ဖုံးအုပ်ထားသည်။
စိုက်ပျိုးပုံ-
 
(က) စိုက်ခင်းမြေပြုပြင်ခြင်း
ထယ်နှစ်စပ်ထိုး၍ မြေညက်သည်အထိ ထွန်မွှေပေးပြီးနောက် ၄၁/၂ x ၆ ပေရှိဘောင် အကန့်များ ပြုပြင်ရမည်။ မြေဩဇာကို တစ်ဧကလျှင် နွားချေး လှည်း ၁၀ စီး ခန့် မျှတစွာ ချသင့်သည်။
 
(ခ) စိုက်ပျိုးခြင်း
မြေပြန့်တွင် သီတင်းကျွတ်လမှ တန်ဆောင်မုန်း လအတွင်း စိုက်၍ တောင်ကုန်းဒေသတွင် တပို့တွဲမှ တပေါင်း လအတွင်း စိုက်ကြသည်။ စိုက်ပျိုးရာ၌ ဥမှ ခွဲယူရရှိသော ဖွံ့ဖြိုးသည့် အတက်ငယ်ကလေးများကို စိုက်ကွက်အကန့်များတွင် ထွန်ခြစ်ဖြင့် ၆ လက်မ အကွာ မြောင်းကလေး များဆွဲ၍ တစ်ခုနှင့် တစ်ခု ၃-၄ လက်မခြား စိုက်ရသည်။
 
(ဂ) ပြုစုခြင်း
စိုက်ပြီး ပထမ နှစ်လအတွင်း ၁၅ ရက် လျှင်တစ်ကြိမ် ရေပေးသွင်းရန်လိုပြီး လက်ပေါင်း ၂ ကြိမ် မျှ လိုက်ပေးရမည်။ နောက်ပိုင်းတွင် ကြက်သွန်ဥများ စတင်ကြီးထွားပြီဖြစ်၍ တစ်ပတ် သို့မဟုတ် ၁၀ ရက်လျှင် တစ်ကြိမ်ခန့် ရေပေးသွင်းရမည်။
 
(ဃ) ရိတ်သိမ်းခြင်း ရက်ပေါင်း ၁၂၀ ခန့်ရှိလျှင် ကြက်သွန်များ ရင့်မာစပြုပြီး ပန်းပွင့်များ ထွက်လာသည်။ သို့သော် လည်း ဥ အထွက်ကို မထိခိုက်နိုင်ချေ။ ကြက်သွန်များ မဖော်မီ မြေပွအောင် ရေသွင်း ပေးရမည်။ တူးဖော်ပြီးနောက် အစည်းများ စုပုံထားရသည်။ ထို့နောက် ဆေးကြော၍ အမြစ်ပိုင်းနှင့် အဖျားပိုင်းများ ဖြတ်တောက်က အရိပ်၌ ညီညာစွာ ဖြန့်၍ အခြောက်ခံထားရသည်။
 
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : ဥ ။
Line ၆၈ ⟶ ၇၃:
မြန်မာဆေးကျမ်း များ အလိုအရ ကြက်သွန်ဖြူ သည် အချဉ်မှတစ်ပါး အရသာ ၅ မျိုးရှိ၏ ။ သွေးနှင့် သင့်၏ ။ ဖျားနာ ၊ အရေပြားရောဂါတို့ကို ပျောက်ကင်းစေနိုင်၏ ။ ချွေးထွက်ခြင်း ၊ သုက်ပွားခြင်းကို ဖြစ်စေ၏။ ဆီးဝမ်းကို ရွှင်စေ၏။ ကာမကို အားပေး၏ ။ မျက်စိကို အကျိုးပြု၏ ။ အသက်ကိုရှည်စေ၏ ။ လေသလိပ်ကိုကြေစေ၍ သွေး၊ သည်းခြေကို တိုးပွားစေနိုင်၏။
အသုံးပြုပုံ-
 
 
၁ ။# ကြက်သွန်ဖြူဥ တစ်လုံး၏ အောက်ပိုင်းကို လှီး၍ ထွက်လာသော အစေးရည် နှင့် ပွေး ၊ ဝဲ ၊ တင်းတိပ် ၊ ဝက်ခြံတို့ကို မကြာခဏ ပွတ်ပေးက ပျောက်၏ ။
၂ ။# ကြက်သွန်ဖြူကို နေ့စဉ် စားသုံး ခြင်းအားဖြင့် သွေးတိုးရောဂါကို ပျောက်ကင်းစေနိုင်သည်။ ကြက်သွန်ဖြူဥတစ်လုံးဥကြီး ၇ လုံးကို နွားနို့စစ်စစ် ၄၀ သားတွင် ထည့်၍ ဆူအောင် ကျိုပြီး ၁၀ မိနစ်ခန့် အအေးခံပါ။ နောက်တစ်ကြိမ်ဆူအောင် ထပ်တည်၍ သောက်ပါက သွေးတိုးရောဂါပျောက်၏။
၃ ။# ကြက်သွန်ဖြူ ကို အရည်ပြု၍ သောက်ခြင်း ၊ စားခြင်းဖြင့် ချောင်းဆိုးရောဂါ ၊ ဝမ်းဖော ၊ ဝမ်းရောင်နှင့် ဝမ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော အနာရောဂါများ ပျောက်၏။
၄ ။# ကြက်သွန်ဖြူကို နှမ်းဆီတွင် စိမ်၍ ဆားအနည်းငယ် ထည့်ပြီး ထမင်းမစားမီ စားပါက လေရောဂါပျောက်၏ ။
၅ ။# ကြက်သွန်ဖြူ ဥတစ်လုံးကို မီးဖုတ်ကျွေးခြင်းအားဖြင့် ကလေးများ လေဆန်နာပျောက်၏။
၆ ။# ကြက်သွန်ဖြူအရည်ကို ရေအနည်းငယ်နှင့် သကြားရောပြီး လက်ဖက်ရည်ဇွန်း တစ်ဇွန်း ခန့် တိုက်ပေးက ကြက်ညှာ ချောင်းဆိုးရောဂါ ပျောက်၏ ။
၇ ။# ကြက်သွန်ဖြူဆီကို တစ်ကြိမ်လျှင် ၂ စက်မျှ တစ်နေ့သုံးကြိမ် သောက်ခြင်း ၊ လည်ပင်းတွင် လိမ်းပေး ခြင်းဖြင့် လည်ပင်းကြီး ရောဂါကို ပျောက်၏။
၈ ။# ကြက်သွန်ဖြူရည်ကို ဆားနှင့် ရောသောက်ခြင်း ၊ ကြက်သွန်ဖြူကို ကြိတ်၍ နားထင်တွင် လိမ်းပေး ခြင်းဖြင့် ခေါင်းကိုက်ပျောက်၏ ။
၉ ။# ကြက်သွန်ဖြူသည် ရောဂါပိုးများကို သတ်နိုင်သော စွမ်းရည်သတ္တိရှိသဖြင့် ကြက်သွန်ဖြူကို အဆုတ် ရောဂါ၊ အရိုးထိအောင် စားတတ်သော အနာရောဂါများ ကုသရာတွင်လည်း အသုံးပြုသည်။
၁၀ ။# အကြောအခြင် ကိုက်ခဲခြင်း အတွက် ကြက်သွန်ဖြူအရည်နှင့် ပွတ်လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေ၏။
၁၁ ။# နှမ်းဆီ ငါးကျပ်သားတွင် ကြက်သွန်ဖြူ အနည်းငယ် ၊ လေးညှင်း နှစ်ပွင့် ခန့် ထည့်ပြုတ်၍ နားတွင် ပူပူနွေးနွေး ထည့်ပေးခြင်းဖြင့် နားပြည်ယို ၊ နားကိုက် ၊ နားထိုင်း ပျောက်၏။
၁၂ ။# ကြက်သွန်ဖြူကို ရာသီထိမ်ခြင်း ၊ အနာဝင်ခြင်း နှင့် ဒူလာရောဂါများ ကုသသော ဆေးများတွင်လည်း ထည့်သွင်းအသုံးပြု၏။
၁၃ ။# ကြက်သွန်ဖြူကို အမှုန့်ပြု၍ ပျားရည်နှင် စိမ်ပြီး အိပ်ရာဝင်ချိန်တွင် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့် ကို ရေတစ်ခွက်နှင့် သောက်ခြင်းဖြင့်အိပ်ပျော် စားဝင် အားအင်ပြည့်စေပါသည်။ <ref>http://arogyamonline.com/commodity/materials/?raw=62</ref>
 
== ကိုးကား ==
<references/>