မြစေတီကျောက်စာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂ -
အေဒီ ၁၁၁၃ ခုနှစ် က ကျောက်တုံးပေါ်တွင် ရေးထိုးခဲ့သော '''မြစေတီ ကျောက်စာ''' သည် မြစေတီ ခြေရင်းနားတွင်တွေ့ရှိရသည်။<ref>[http://www.myanmar.gov.mm/Perspective/persp2000/12-2000/ros.htm Myazedi and Rosetta Stone Inscriptions (Dr. Khin Maung Nyunt)]</ref> [[ရာဇကုမာရ်]] ရေးထိုးခဲ့သောကြောင့် ရာဇကုမာရ် ကျောက်စာ ဟုလည်းခေါ်သည်။ အလားတူ ကျောက်စာ တစ်ခုကိုလည်း မြစေတီ အနီးရှိ အဆောက်အဦးတွင် လည်း တွေ့ရသည်။ ၄င်းကျောက်စာ နှစ်ခုစလုံးတွင် မျက်နှာလေးဖတ်ပါပြီး ပါဠိ၊ [[မွန် ဘာသာ|မွန်]]၊ [[မြန်မာ ဘာသာ|မြန်မာ]] နှင့် [[ပျူဘာသာ|ပျူ]] ဘာသာများတို့ဖြင့် ရေးသားထားသည်။ မြစေတီ ကျောက်စာတိုင် သည် အမြင့် ၅၅ လက်မ ရှိ၍ လေးဖတ်လုံးတွင် အကျယ် ၁၄ လက်မရှိသည်။
 
မြစေတီကျောက်စာအရ ရာဇကုမာရ် မင်းသားသည် [[ကျန်စစ်သားမင်းကျန်စစ်သား]] နှင့်မင်းနှင့် ကြင်ရာတော် သမ္ဘူလ၏ သားဖြစ်သည်ဟုသိရသည်။ ကျန်စစ်သား မင်းဖြစ်သောအခါ သမ္ဘူလနှင့် သားသမ္ဘူလနှင့်သား (ရာဇကုမာရ်) မြို့တော်သို့ ရောက်လာသည်။ သို့သော် သားအရင်းဖြစ်သည့် ရာဇကုမာရ်အား ထီးနန်းအရိုက်အရာမပေးနိုင်ပဲ သမီးဖြစ်သူ ရွှေအိမ်စည် နှင့် မွန်ဘုရင် [[မနုဟာ]]၏မြေးတော်သူတို့မှ ဖွားမြင်သည့် မြေးတော်[[အလောင်းစည်သူ]] အားနန်းလျာထားပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဓညဝတီတောင်စဉ်ရ ခရိုင်အားပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။ ရာဇကုမာရ်ကလည်း ကျေးဇူးသိတတ်သောအားဖြင့် ကျန်စစ်သား နာမကျန်းဖြစ်ချိန်တွင် မိမိပိုင်ရွှေ၊ငွေ ဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ပူဇော်ပေးခဲ့သည်။ထိုသို့သော ကုသိုလ်အကြောင်းကို မြစေတီကျောက်စာအဖြစ် ရေးထိုးခဲ့ခြင်းဖြစ်သည်။