ခရစ်ယာန်ဘာသာ: တည်းဖြတ်မှု မူကွဲများ

Undo revision 204025 by 218.212.185.241 (talk)
စာကြောင်း ၅၂ -
== ခရစ်ယာန်သာသနာ၏ အဓိက ဂိုဏ်းခွဲများ ==
 
ခရစ်ယာန်သာသနာ၏ အဓိက အစိတ်အပိုင်း သုံးမျိုးမှာ ရိုမန်ကက်သလစ်ဘာသာ၊ အော်သိုဒေါ့က်စ် အသင်းတော်နှင့် ပရိုတက်စတင့်ဘာသာတို့ ဖြစ်သည်။ ပရိုတက်စတင့် ဘာသာသည် မြန်မာနိုင်ငံတွင် နှစ်ခြင်းခရစ်ယာန် အသင်တော်ဟူ၍ ခေါ်ဆိုသည်။ ဤအမျိုးအစား သုံးခုထဲမှ တစ်ခုခုနှင့် မကိုက်ညီသော အခြား ခရစ်ယာန် အုပ်စုများရှိသည်။ နိုင်စင်းခရိဒ် (Nicene Creed) ကို “ရိုမန်ကက်သလစ်၊ အရှေ့ပိုင်း အော်သိုဒေါ့က်စ်၊ အင်္ဂလိကန် နှင့် အဓိက ပရိုတက်စတင့် အသင်းတော်များက ခိုင်လုံမှုရှိ၍ ယုံကြည်ထိုက်သည်ဟု လက်ခံထားသည်”။၎င်းတို့ကိုယ်ကို ၎င်းတို့ ခရစ်ယာန်ဟု ခေါ်ဆိုသော အုပ်စုများအကြား ခြားနားသော အယူဝါဒများနှင့် အလေ့အကျင့်များ ရှိသည်။ ဘာသာရေးဆိုင်ရာ အယူအဆများအရ အုပ်စုအများအပြားသည် ဤအမျိုးအစားခွဲခြားမှုစနစ်ကို ငြင်းပယ်သည်ဟု သုံးသပ်သော်လည်း ဤအုပ်စုများကို တစ်ခါတစ်ရံ ခရစ်ယာန်ဂိုဏ်းခွဲများအောက်တွင် သတ်မှတ်သည်။အခြားကွဲပြားမှုမှာ အရှေ့ပိုင်း ခရစ်ယာန်သာသနာနှင့် အနောက်ပိုင်း ခရစ်ယာန်သာသနာအကြား အာရုံစိုက်စရာများ ရှိခြင်းဖြစ်သည်။
ယနေ့ခောတ်တွင်း ပါရာချာပ် ( ဂိုဏ်းကြီးများမှ ခွဲထွက်) ဟူသော အသင်တော်ငယ်လေးများလည်း ပေါ်ပေါက်ပြီး သာသနာ ပြန့်ပွားရေးကို ဆောင်ရွက်နေကြသည်။ ထိုအသင်းတော်လေးများသည် မည်သည့်ဂိုဏ်းဟု တိကျစွာ မရှိပေ။
 
== ရည်ညွှန်းကိုးကား ==