ဒန့်သလွန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 36 interwiki links, now provided by Wikidata on d:q234193 (translate me)
No edit summary
စာကြောင်း ၁၈ -
ဒန့်သလွန်ရဲ့ ရုက္ခဗေဒအမည်က Moringa Oleifera ဖြစ်ပြီး horseradish tree, drumstick tree, Ben Oil tree လို့ အရပ်အမည် ခေါ်တွင်ပါတယ်။ ဒန့်သလွန်ရဲ့ ဇာတိနေရာကတော့ အိန္ဒိယနိုင်ငံ ဖြစ်ပြီး အပူပိုင်းဒေသနိုင်ငံများကို ပျံ့နှံ့ပေါက်ရောက်နေပါတယ်။ ယနေ့အခါမှာ အာဖရိကနိုင်ငံများ ၊ တောင်အမေရိက ၊ သီရိလင်္ကာ ၊ မက်ဆီကို ၊ မလေးရှား ၊ ဖိလစ်ပိုင်နိုင်ငံတို့မှာ အများအပြား စိုက်ပျိုးကြပါတယ်။ ဒန့်သလွန်ကို နိုင်ငံအလိုက် သက်ဆိုင်ရာ ဘာသာစကားနဲ့ အမည်တွင်ပေမဲ့ အသီး ပုံသဏ္ဌာန်ကြောင့် drumstick tree လို့ လူသိများပါတယ်။
 
ဒန့်သလွန်ပင် တစ်ပင်လုံးဟာ လွှင့်ပစ်စရာမရှိအောင်ကို အဖိုးတန်လှ ပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းကပင် ဆေးဖက်ဝင်အပင် အဖြစ် ဒန့်သလွန်ဟာ ယနေ့ထက်တိုင် အကျိုးပြုနေဆဲ ဖြစ်ပါတယ်။ ဒန့်သလွန်ရွက်မှာ ပိုတက်ဆီယမ်၊ သံဓာတ်၊ ပရိုတိန်း ၊ ဗီတာမင်စီ ဓာတ်များ ပါရှိနေပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ဒန့်သလွန်ရွက်ဟင်းရည်ကို သွေးတိုးရောဂါရှင်များအတွက် ချက်ပြုတ်ပေးလေ့ရှိကြပါတယ်။ အခြား နိုင်ငံများတွင်မှာတော့ အရွက်ခြောက်ကို အမှုန့်ပြုလုပ်ကာ ဟင်းရည်များတွင် ထည့်ကာ ချက်ပြုတ်လေ့ရှိကြပါတယ်။
 
[[File:Oleifera Fruits.jpg|thumb|right|ဒန့်သလွန် အသီးနှင့် အစေ့]]
ဒန့်သလွန်သီး အသီးနုများကို ဟင်းချက်စားကြပြီး ရင့်သောအသီးမှ အစေ့များကို မြေပဲကဲ့သို့ စားကြပါတယ်။ ဒန့်သလွန်သီး အစေ့မှ ဆီ ထုတ်ယူပြီး စားသုံးဆီ ၊ စက်သုံးဆီ အဖြစ် အသုံးပြုကြပါတယ်။ ဒန့်သလွန်အပွင့်များကိုလည်း ချက်ပြုတ်စားကြပါတယ်။ ဒန့်သလွန်ပွင့်မှာ လည်းပဲ ကယ်လစီယမ်၊ သံဓာတ် ၊ ဗီတာမင် အေ ၊ ဗီတာမင် ဘီ ၊ ဗီတာမင် စီ နှင့် ပရိုတိန်းဓာတ်များ ကြွယ်ဝနေပါတယ်။ ဒန့်သလွန်ပွင့်ကို ဟင်းချက်လျှင် အရသာမှာ မှိုနှင့်ဆင်တူပါတယ်။ ဒန့်သလွန်ပင်ရဲ ့ဒန့်သလွန်ပင်ရဲ့ အခေါက်၊ အမြစ် ၊ အရွက် ၊ အသီး ၊ အပွင့် အားလုံးတို့ဟာ ရိုးရာတိုင်းရင်းဆေးအဖြစ် နိုင်ငံ အတော်များများမှာ အသုံးဝင်ပါတယ်။
 
ဒန့်သလွန်ပင်ဟာ ၁၀ မီတာခန့် မြင့်ပြီး ကိုင်းများက ကျွတ်ဆတ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ကိုင်းဖြတ် မျိုးပွားယူကြပါတယ်။ ဇွန်လ ၊ ဇူလိုင်လ ၊ ဩဂုတ်လများတွင် ဒန့်သလွန်ကိုင်းကို ကိုင်းအရှည် ၁ မီတာမှ ၂ မီတာ အတွင်း ဖြတ်ပြီး အပင်အသစ်အဖြစ် ပြန်လည် စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးပြီး ၆ လမှ ၈ လ အကြာမှာတော့ အသီး စတင် သီးပါပြီ။
စာကြောင်း ၃၂ -
 
ပုံသဏ္ဌာန် :

အပင်
- ပင်လတ် မျိုးဖြစ် သည်။ အမြင့် ၂၅ ပေ အထိ မြင့်သည်။ အခေါက် ထူ၍ ချောပြီး အဖြူ စက်ကလေး များရှိသည်။ အတွင်းသား ဖြူသည်။
 
အရွက်
- သုံးခါ ငှက်မွေး ရွက်ပေါင်း ဖြစ်၍ ရွက်လွှဲ ထွက်သည်။ ရွက်မြွှာ များ သေးငယ်၍ ဘဲဥပုံ ရှိပြီး အရင်း အနည်းငယ် သွယ်သည်။ထိပ်ဝိုင်း သည်။ မျက်နှာ ချင်းဆိုင် ထွက်သည်။ ထိပ်ရွက် တစ်ရွက် ပါသည်။ ရွက်ပြား နူးညံ့ ချောမွေ့ ပြီး အနားညီ၏။
 
အပွင့်
- အဖြူရောင် ရှိပြီး အနံ့ ရှိသည်။ တန်ခူး၊ ကဆုန် တွင် ပွင့်သည်။
 
အသီး
- ရှည်လျား ၍ အစိမ်း ရင့်ရောင် ရှိပြီး အက်ကွဲသီး ဖြစ်သည်။ အမြောင်း ပါသည်။ အသီး အတွင်း တွင် အစေ့များ တန်းစီလျက် ၅-၇ စေ့ ခန့် ပါဝင် သည်။ အတွင်းသား ထူသည်။ အစေ့၌ အတောင် ပါသည်။ ကဆုန်၊ နယုန် လတွင် သီး၏။
 
အမြစ်
- အမြစ်ခေါက် ထူသည်။ အမြစ် ဖြာသည်။
 
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : ပဉ္စ ငါးပါး။
 
မြန်မာနိုင်ငံတွင်
မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ :
တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက်သည်။ ဟင်းသီး ဟင်းရွက်ပင် အဖြစ် စိုက်ပျိုး ပေါက်ရောက်၏။
အသုံးဝင်ပုံ : အာနိသင်
- မြန်မာ ဆေးကျမ်းများ အလို အရ ဒန့်သလွန် သည် အနည်းငယ် ချို၍ ဖန်သော အရသာ ရှိ၏။ ထက်မြက်၏။ ကြေလွယ်၏။ နှုတ်ကို မြိန်စေ၏။ ဝမ်းမီးကို တောက်စေ၏။ လေ၊ သလိပ်၊ သည်းခြေကို နိုင်၏။ အပူနာ၊ အဖျဉ်း၊ ဂူလုံး အကြော အခြင် ၊ ရောင်ရမ်းနာ တို့ကို နိုင်၏။ မျက်စိ ကို အကျိုးပြု၏။
 
အသုံးပြုပုံ-
 
အရွက်
၁။# ဒန့်သလွန်ရွက်၊ ကြက်သွန်ဖြူ၊ ပတဲ ကောမြစ်၊ မိဿလင် ဟင်းခါး ချက်သောက် သော် ရာသီထိမ် ခြင်း ပျောက်၏။
၂။# ဒန့်သလွန် ရွက်ကို ၃ ခွက် တစ်ခွက်တင် ဟင်းချို အဖြစ် ပြုတ်သောက်သော် သွေးတိုး ကျ၏။
 
အမြစ်
၁။# ဒန့်သလွန် မြစ်ကို ထုထောင်း ကြိတ်ခြေ၍ အရည်ကို ညှစ်ကာ စားပွဲဇွန်း နှင့် တစ်ဇွန်း ခန့် သောက်က အသံဝင် အသံကပ် လည်ချောင်းနာ ပျောက်၏။
၂။# ဒန့်သလွန် မြစ်နှင့် မုန်ညင်းစေ့ အမျှ ပေါင်းစပ်၍ ရောကြိတ်ပြီး ရေတွင် ၂ နာရီ ကျော်မျှ စိမ်ကာ တစ်ခါသောက် စားပွဲဇွန်း တစ်ဇွန်း တစ်နေ့ ၃ ကြိမ်သောက် က အစာ မကြေ ဝမ်းဖော ဝမ်းရောင် ပျောက်၏။
၃။# ဒန့်သလွန် မြစ်ကို သုံးခွက် တစ်ခွက်တင် ကျို၍ စားပွဲဇွန်း တစ်ဇွန်း မှန်မှန် သောက်သော် ဝမ်းတွင်း သက်တန့် ပျောက်၏။
၄။# ပန်းနာ ရောဂါ အတွက် ဒန့်သလွန် မြစ်ကို ကြိတ်၍ ရသော အရည်ကို ချင်းရေနှင့် ရောသောက် ရ၏။
၅။# ဒန့်သလွန် မြစ်မှုန့်နှင့် ပရန္နဝါ မြစ်မှုန့် ဆတူကို အုန်းနို့ ပျားရည် တို့နှင့် ရောစပ် ချက်ပြီး နံနက် ည တစ်ဇွန်း စီ သောက်သော် အားအင် ပြည့်ဖြိုး ခွန်အား တိုး၍ အသက် ရှည်စေ၏။
၆။# အမြစ် ကိုကြိတ်၍ စည်းပေးသော် ရောင်တင်းခြင်း ပျောက်၏။ အမြစ် ကြိတ်ညှစ် ရည်ကို နို့နှင့် ရောသောက်သော် ဆီးချို ရောဂါ ပျောက်၏။
 
အသီး
၁။ဒန့်သလွန်သီး# ဒန့်သလွန်သီး ကို ဟင်းချက် ကျွေးက ကလေး များ သန်ကောင်၊ တုတ်ကောင် ကင်းရှင်း စေ၏။
၂။# အသီး ကို အမှုန့် ပြု သကြားနှင့် ရောသောက်သော် ဆီးများခြင်း ပျောက်၏။
 
အစေ့
၁။# အစေ့ သည် အဆိပ် သင့်ခြင်းနှင့် ခေါင်းကိုက် ရောဂါ ဖြစ်ခြင်း ကို ပျောက်ကင်းစေ တတ်၏။ အစေ့ ကို အမှုန့် ပြု၍ နား၌ ထည့်ပေးသော် နားကိုက်ခြင်း၊ နားပြည်ယို ခြင်း ပျောက်၏။
၂။# အစေ့ဆီကို အနာပေါက် နှင့် ယားနာ အမျိုးမျိုး တို့၌ သုံး၏။
 
အစေး
၁။# အစေးကို ပါးစပ်၌ ငုံပေး သော် သွားပုပ်ခြင်း ပျောက်၏။
 
အပွင့်
၁။အပွင့်ကို# အပွင့်ကို ဖောရောင် ခြင်း၊ အဖျဉ်း ကြီးခြင်း နှင့် အကြော ရောဂါ ၊ သက်တန့် ရောဂါ၊သလိပ် ရောဂါ၊ လေဖောက် ပြန်သော ရောဂါ များအတွက် ဆေးဖော်စပ် သုံးရ၏။
 
အခေါက်
၁။လတ်ဆတ်# လတ်ဆတ် သော အခေါက်ရည် ကို နား၌ ထည့်ပေး သော် နား နာကျင် ကိုက်ခဲခြင်း၊ နား ပြည်ယို ခြင်း များကို ပျောက်ကင်း စေတတ်၏။
 
<ref>http://arogyamonline.com/commodity/materials/?raw=115</ref>
== ကိုးကား ==