ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှု: တည်းဖြတ်မှု မူကွဲများ

"File:Mahabodhitemple.jpg|thumb|250px|ဗ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
[[File:Mahabodhitemple.jpg|thumb|250px|ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီ]]
 
== ထူးမြတ်သောဗုဒ္ဓဘာသာဝင်တို့အဖို့ထူးမြတ်သော ဗုဒ္ဓဂါယာ ==
[[ဂေါတမမြတ်စွာဘုရား]]လောင်း ဖြစ်တော်မူသော [[သိဒ္ဓတ္ထမင်းသား]]ကို သက္ကတိုင်း ကပိလဝတ် (နီပေါနိုင်ငံ)တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော [[သုဒ္ဓေါဒနမင်းကြီး]]နှင့်မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃)
မဟာသက္ကရာဇ် ၆၈ ခုကဆုန်လပြည့်သောကြာနေ့ နံနက် ၁ ချက်တီးအချိန်ဝိသာ ခါနက္ခတ်နှင့်စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့အသွား လုမ္ဗိနီအင်ကြင်းတော ၌ ဖွားမြင်တော်မူခဲ့သည်။ဘီစီ (၅၈၈) တွင် ဗုဒ္ဓဝါဒ ကိုစတင်တည်ထောင်ခဲ့သည်။သက်တော် ၂၉ နှစ် (ဘီစီ ၅၉၄) မှ သက်တော် ၃၅ နှစ် (ဘီစီ ၅၈၈) ၆ နှစ် တိုင်တိုင် [[တရားရှုမှတ်ခြင်း]] ​ကျင့်ကြံအားထုတ် ခဲ့သဖြင့် ဘီစီ (၅၈၈) တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့သည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် မှန်ကန်သော တွေးခေါ်မှု့များ၊ [[တရားရှုမှတ်ခြင်း]]၊ ဝိပဿနာ ကျင့်စဉ်၊ စာရိတ္တကျင့်ဝတ်၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ လူမှုဆက်ဆံရေး၊ မြတ်သောအကျင့်သီလ၊ သည်းခံမှု၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ကျင့်စဉ်နှင့် မေတ္တာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း တို့ကို ကမ္ဘာပေါ်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံဟောပြောခဲ့သူဖြစ်သည်။<ref>http://buddhist-meditation-techniques.com/loving-kindness-meditation/</ref><ref>http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=40228&penname=DOCTRINE+OF+SUPREME+BUDDHA</ref> ဗုဒ္ဓဂါယာသည် သဗ္ဗညုဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ ထူးမြတ်သော မင်္ဂလာအောင်မြေဖြစ်သည်။ယင်းကဲ့သို့သော ဗုဒ္ဓဘာသာဝင်တို့အဖို့ လွန်ကဲထူးမြတ်သော မဟာဗောဓိအောင်မြေ သို့မဟုတ် ဗောဓိပလ္လင်နှင့် ရွှေပလ္လင်တို့ တည်ရှိခဲ့သော နေရာဒေသ ပတ်ဝန်းကျင်တဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်သည်။ ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ ဗီဟားပြည်နယ်တွင် တည်ရှိသည်။ ကာလကတ္တားမြို့မှ မီးရထားလမ်းအားဖြင့် (၂၉၂ မိုင်) ကွာဝေးသော ဂါယာခရိုင်ထဲတွင် တည်ရှိ၍ ဂါယာမြို့မှ တောင်ဖက် ၇ မိုင်ဝေးသေးသည်။ ဂါယာဘူတာမှ ဗုဒ္ဓဂါယာသို့ အငှားယာဉ်၊ မြင်းလှည်းတို့ဖြင့် လွယ်ကူစွာ သွားရောက်နိုင်သည်။ ရှေးယခင်က ထိုနေရာ ဒေသတဝိုက်ကို မဟန့်ခေါ် ဟိန္ဒူဘုန်းကြီးများ ကြီးစိုးခဲ့ရာ ဗုဒ္ဓဘာသာဝင် ဘုရားဖူးများအတွက် များစွာ အနှောက်အယှက် တွေ့ကြရသည်။ ယခုအခါတွင်မူ အိန္ဒိယပြည်ထောင်စု အစိုးရက ဗုဒ္ဓဂါယာကို ၁၉၄၉ ခုနှစ် ဘုရားကျောင်းကန် အက်ဥပဒေအရ ၁၉၅၃ ခုနှစ်မေလ (၂၈) ရက်နေ့မှစ၍ အုပ်ချုပ်ရေးအဖွဲ့ဖြင့် အုပ်ချုပ်လျက်ရှိသည်။ ထို့အပြင် အစိုးရက ငွေမြောက်မြားစွာ အကုန်အကျခံ၍ သာသနာ့ အဆောက်အအုံများကို ပြင်ဆင်မွမ်းမံ ပေးထားသည်။
 
== ဂေါတမမြတ်စွာဘုရား၏ မင်္ဂလာအောင်မြေ ==
စာကြောင်း ၂၃ -
ဗုဒ္ဓဘာသာ ဝင်တို့ အထွဋ် အမြတ် ထားရာ အိန္ဒိယ နိုင်ငံ ဗုဒ္ဓ ဂါယာက မဟာဗောဓိ စေတီနဲ့ အနီး တဝိုက်တွင်ဗုံး ပေါက်ကွဲအကြမ်းဖက်မှုတွေ ဖြစ်ခဲ့ ပြီး နောက်တနေ့၂၀၁၃ ခုနစ်၊ ဇူလိုင်လ( ၈ )ရက်နေ့တွင် ဂါယာက စျေးဆိုင်တွေ အားလုံး ပိတ်ထား ခဲ့ကြ ပါသည်။
 
အကြမ်းဖက်မှုကို မလိုလားဘူး ဆိုတာ ထုတ်ဖော်ပြသ ကြတဲ့ ဆန္ဒပြမှု တွေကြောင့် ဂါယာမြို့နဲ့ ဗုဒ္ဓ ဂါယာက ဆိုင်ခန်းတွေ အားလုံး ပိတ်ထားတဲ့ အတွက် စားစရာတောင် ဝယ်လို့ မရဘူးလို့ သံဃာတော် တွေက ပြော ပါသည်။ပြီးခဲတဲ့ သုံးပတ်လောက် ကတည်းက ...အကြမ်းဖက်သမား တွေက တိုက်ခိုက်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရခဲ့ပေမဲ့ လုံခြုံရေး အရ ကိုင်တွယ် ဆောင်ရွက်ဖို့ ပျက်ကွက်တယ်... Bihar ပြည်နယ် ဝန်ကြီးချုပ် ကိုလည်း အော်ဟစ် ကန့်ကွက် ခဲ့ကြတယ်...လို့ ဗုဒ္ဓ ဂါယာက မြန်မာ သံဃာတော် ဦးပညာ စက္က က မိန့်ကြား ပါသည်။
 
ကမ္ဘာ့ ယဉ်ကျေးမှု အမွေ အနှစ် နေရာကို လုံခြုံရေး အရ အကာအကွယ် ပေးဖို့ သံဃာတော်တွေ တောင်းဆို ဆန္ဒ ပြခဲ့ ကြတာ လို့လည်း ဦးပညာ စက္က ကပြောပါသည်။