ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှု: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၈ -
ဗုဒ္ဓဘာသာ ဝင်တို့ အထွဋ် အမြတ် အထားဆုံး နေရာဖြစ်တဲ့ အိန္ဒိယနိုင်ငံ [[ဗုဒ္ဓဂါယာ]] (Bodh Gaya) မဟာဗောဓိ စေတီနဲ့ အနီး တဝိုက်တွင် ၂၀၁၃ ခုနစ်၊ ဇူလိုင်လ( ၇ )ရက်နေ့ တနင်္ဂနွေနေ့ မနက် ၆ နာရီ နီးပါးတွင် ဗုံးပေါက်ကွဲမှု အသေးစား ၄ ခု ဆက်တိုက် ဖြစ်ခဲ့ပါသည်။
 
အနီးမဟာဗောဓိ စေတီအနီး ဝန်းကျင်က နေရာတွေ တွင်လည်း နောက်ထပ် ဗုံး ၅ လုံးလောက် ထပ် ပေါက်ခဲ့ပါသည်။ ဗုံးတွေဟာ ချိန်ကိုက် ဗုံးတွေ ဖြစ်ကာ၊ တလုံးနဲ့ တလုံး ၅ မိနစ်လောက် ခြားပြီး ပေါက်ကွဲ ခဲ့တာလို့ ဆိုပါသည်။ပေါက်ကွဲမှုကြောင့် မြန်မာ ဘုန်းတော်ကြီးဆရာတော် တပါး ဒဏ်ရာ ရရှိသွားလို့ ဆေးရုံတင် ထားရပါသည်။ တိဘက် ဘုန်းတော်ကြီး တပါး နဲ့ ဒေသခံ ၅ ဦးလည်း ဒဏ်ရာ ရရှိ သွားသည်။။မပေါက်ကွဲသေးတဲ့သွားသည်။ မပေါက်ကွဲသေးတဲ့ နောက်ထပ် ဗုံး ၂ လုံးကိုလည်း ဗုဒ္ဓဂါယာ နယ်မြေ ထဲတွင် ထပ်တွေ့ခဲ့ ရပါသည်။ အိန္ဒိယ အစိုးရက အကြမ်းဖက်သမားတို့၏ အကြမ်းဖက် တိုက်ခိုက်မှု တခု ဖြစ်တယ်လို့ ဖေါ်ပြလိုက်ပြီး၊ အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မန်မိုဟန် ဆင်း က ဒီဖေါက်ခွဲမှု အပေါ် ပြစ်တင်ရှုတ်ချ လိုက်ပါသည်။ အိန္ဒိယ နိုင်ငံ ကွန်ဂရက်ပါတီဥက္ကဌ [[ဆိုနီယာဂန္ဒီ]] နှင့် [[သီရိလင်္ကာနိုင်ငံ]] သမ္မတ မာဟင်ဒါ ရာဂျာ ပါကစ တို့ကလည်း ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီအနီး တဝိုက်မှာဗုံးပေါက်ခွဲအကြမ်းဖက်မှုအပေါ်(cowardly attack) အဖြစ်ပြစ်တင်ရှုတ်ချခဲ့ကြသည်။ <ref>http://www.indiatvnews.com/politics/national/bodh-gaya-blasts-a-cowardly-act-says-sonia-gandhi--11066.html?ref=veng</ref><ref>http://www.hindustantimes.com/India-news/NewDelhi/Blasts-in-Bodh-Gaya-a-cowardly-act-says-Sonia-Gandhi/Article1-1088797.aspx</ref><ref>http://www.thehindu.com/news/international/sri-lanka-president-saddened-by-bodh-gaya-explosions-official/article4891194.ece?ref=sliderNews</ref>
 
 
ဗုဒ္ဓဘာသာ ဝင်တို့ အထွဋ် အမြတ် ထားရာ အိန္ဒိယ နိုင်ငံ ဗုဒ္ဓ ဂါယာက မဟာဗောဓိ စေတီနဲ့ အနီး တဝိုက်တွင်ဗုံး ပေါက်ကွဲအကြမ်းဖက်မှုတွေ ဖြစ်ခဲ့ ပြီး နောက်တနေ့၂၀၁၃ ခုနစ်၊ ဇူလိုင်လ( ၈ )ရက်နေ့တွင် ဂါယာက စျေးဆိုင်တွေ အားလုံး ပိတ်ထား ခဲ့ကြ ပါသည်။
 
အကြမ်းဖက်မှုကို မလိုလားဘူး ဆိုတာ ထုတ်ဖော်ပြသ ကြတဲ့ ဆန္ဒပြမှု တွေကြောင့် ဂါယာမြို့နဲ့ ဗုဒ္ဓ ဂါယာက ဆိုင်ခန်းတွေ အားလုံး ပိတ်ထားတဲ့ အတွက် စားစရာတောင် ဝယ်လို့ မရဘူးလို့ သံဃာတော် တွေက ပြော ပါသည်။ပြီးခဲတဲ့ သုံးပတ်လောက် ကတည်းက ...အကြမ်းဖက်သမား တွေက တိုက်ခိုက်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရခဲ့ပေမဲ့ လုံခြုံရေး အရ ကိုင်တွယ် ဆောင်ရွက်ဖို့ ပျက်ကွက်တယ်... Bihar ပြည်နယ် ဝန်ကြီးချုပ် ကိုလည်း အော်ဟစ် ကန့်ကွက် ခဲ့ကြတယ်...လို့ဟု ဗုဒ္ဓ ဂါယာက မြန်မာ သံဃာတော် ဦးပညာ စက္က က မိန့်ကြား ပါသည်။
 
ကမ္ဘာ့ ယဉ်ကျေးမှု အမွေ အနှစ် နေရာကို လုံခြုံရေး အရ အကာအကွယ် ပေးဖို့ သံဃာတော်တွေ တောင်းဆို ဆန္ဒ ပြခဲ့ ကြတာ... လို့လည်းဟုလည်း ဆရာတော် ဦးပညာ စက္က ကပြောပါသည်။
 
၂၀၁၃ ခုနစ်၊ ဇူလိုင်လ( ၈ )ရက်နေ့ တနင်္လာနေ့ ညနေပိုင်း တွင် အထူး ခွင့်ပြုချက် အရ ဗုဒ္ဓ ဂါယာက မဟာ ဗောဓိ စေတီတော်ကြီး အတွင်းတွင် ထိုင်း မြန်မာ၊ တိဘက် စသော အပြည်ပြည် ဆိုင်ရာက ဗုဒ္ဓ ဘာသာ ရဟန်းတော် စုစုပေါင်း (၃၀၀) လောက် က စုပေါင်း ဆန္ဒပြပွဲ လုပ်ခဲ့ ပါသည်။
 
အထူး ခွင့်ပြုချက် နဲ့ ရင်ပြင်တော်မှာ ဆန္ဒပြခဲ့ကြ ရာတွင် ကိုယ်တိုင် ပါဝင်တဲ့ မာဂဓ သံဃာ့ တက္ကသိုလ်က စာသင်သား မြန်မာ သံဃာ တစ်ပါး ဖြစ်သူဖြစ်သူဆရာတော် ဦးနန္ဒာ စရိယကစရိယ က တနင်္ဂနွေ နေ့ကလို တိုက်ခိုက်မှုမျိုး နောက်ထပ် မဖြစ်အောင် ကိုင်တွယ် ဆောင်ရွက်ပေးဖို့ ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရတို့ ဆီကို တောင်းဆို မယ်လို့ မိန့်ပါသည်။
 
မြန်မာ ဘုရားဖူးများသည် နှစ်စဉ် စက်တင်ဘာ လကုန် လောက်က စတင်ပြီး ဗုဒ္ဓ ဂါယာ ဘုရားဖူး သွားလေ့ ရှိကြ ပါသည်။
စာကြောင်း ၄၁ -
 
== အခြားကြည့်ရန် ==
* [http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=40228&penname=DOCTRINE+OF+SUPREME+BUDDHA မြို့မ မြန်မာ့သမိုင်းပညာရှင် စာရေးဆရာ မြို့မ-မြင့်ကြွယ်ရေးသားသော အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား]
 
* [http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=40228&penname=DOCTRINE+OF+SUPREME+BUDDHA မြန်မာ့သမိုင်းပညာရှင် စာရေးဆရာ မြို့မ-မြင့်ကြွယ်ရေးသားသော အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား]
<br />