ရေအားလျှပ်စစ်စက်ရုံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၂ -
ဓာတ်အားထွက်ရှိရန်အတွက် ရိုတာပေါ်ရှိ ဝါယာခွေများအား တိုက်ရိုက်လျှပ်စီး(ဒီစီ)ထည့်ပေးရသည်။ သံလိုက်စက်ကွင်းဖန်တီးရန်ဖြစ်သည်။ ယင်းကိုဆွခြင်း(Excitation) ဟုခေါ်သည်။ စက်ငယ်များတွင် အမြဲတမ်းသံလိုက်ကိုအသုံးပြုသည်ဖြစ်ရာ သံလိုက်စက်ကွင်းဖန်တီးရန်မလိုပေ။ ဓာတ်အားပေးစက်ကြီးများတွင်သာလိုအပ်သည်။ လျှပ်စစ်သဘောတရားအရ သံလိုက်စက်ကွင်းအတွင်းတွင် ဝါယာခွေတစ်ခုလှုပ်ရှားနေပါက အေစီဓာတ်အား(ပြန်လှန်လျှပ်စစ်)ထွက်ပေါ်သည်။ ဓာတ်အားပေးစက်တွင်လည်း သံလိုက်စက်ကွင်းအတွင်းတွင် ရိုတာဝါယာခွေလည်နေသည်ဖြစ်ရာ စတေတာမှ ဓာတ်အားထွက်ပေါ်လာသည်။ ထွက်ပေါ်လာသောဓာတ်အားကိုအဝေးပို့နိုင်ရန်အတွက် လျှပ်တာ‌ပြောင်း(Transformer)များဖြင့် ဗို့အားအမြင့်စားအဖြစ်ဖန်တီး၍ ဓာတ်အားသုံးစွဲမည့်မြို့များသို့ပို့လွှတ်သည်။ (ဗို့အားနိမ့်ဖြင့်ပို့လွှတ်ပါက လေလွင့်မှုများလွန်းသည်။) ၎င်းမြို့များရောက်မှ ဓာတ်အားခွဲရုံများတွင် ဗို့အားနှိမ့်ချပြီး အသုံးပြုကြသည်။
 
တာဘိုင်မှထွက်လာသောရေသည် ဆွဲပြွန်(Draft tube)မှတဆင့် ရေအဖျားစက်ထွက်(Tailrace) သို့ရောက်သည်။ ထိုမှသည်မြစ်၊ ချောင်းထဲပြန်စီးဝင်သွားသည်။