ထေရဝါဒ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၀ -
ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါသည်။ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်သော ဥပဒေများ မရှိပါ။ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း၊ သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း ဟူသော သရဏဂုံ သုံးပါးကို လက်ခံလိုက်လျှင် ဗုဒ္ဓဘာသာဝင် အဖြစ်ရောက်ရှိပါသည်။ ဗုဒ္ဓ မြတ်စွာဘုရား ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါသည်။ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာသည် လူဦးရေ ၁၉၂၁ ၉၈၉ ၆၄၁(သန်းပေါင်း၂၀၀၀) ခန့်အထိ ကိုးကွယ်ယုံကြည်သော ဒုတိယ အကြီးဆုံး ဘာသာတရားနှင့်အယူဝါဒဖြစ်သည်။ တရုတ်ပြည် သည် မဟာယာန ဗုဒ္ဓဘာသာလူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်သည်။<ref>http://www.dhammawiki.com/index.php?title=China</ref> တရုတ်ပြည်တွင် လူဦးရေ သန်းပေါင်း ၁၂၁၉ ၁၄၉ ၆၀၀ (သန်းပေါင်း၁၂၀၀) <ref>http://www.justchina.org/china/china-beliefs.asp</ref> <ref>http://en.wikipedia.org/wiki/Buddhism_by_country#cite_note-42</ref>ခန့်အထိ မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သည်။ ထို့ကြောင့်ဗုဒ္ဓဘာသာသည် ကိုးကွယ်ယုံကြည်သူ လူဦးရေအားဖြင့် ဒုတိယအများဆုံး ကမ္ဘာ့ဘာသာနှင့် အကြီးထွား အမြန်ဆုံးသော ဘာသာတစ်ခုလည်း ဖြစ်သည်။<ref>http://en.wikipedia.org/wiki/Buddhism_by_country#cite_note-40</ref> <ref>http://www.justchina.org/china/china-beliefs.asp</ref><ref>http://en.wikipedia.org/wiki/Buddhism_by_country#cite_note-autogenerated2-11</ref>
<ref>http://thedhamma.com/buddhists_in_the_world.htm</ref>
 
== ထေရဝါဒနှင့်မဟာယာန ==
(၁) နှစ်ဖက်လုံးက သကျမုနိ ဗုဒ္ဓ မြတ်စွာကို အမြင့်မြတ်ဆုံးသောမြတ်စွာဘုရား အဖြစ်လက်ခံကြသည်။ (၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အဝလက်ခံကြသည်။ (၃) မဂ္ဂင်ရှစ်ပါး လမ်းစဉ်သည် နှစ်ဖက်လုံး၏ တရားဖြစ်သည်။ (၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်သည် နှစ်ဖက်လုံးတွင် အတူတူပဲဖြစ်သည်။ (၅) ဖန်ဆင်းရှင်(God) ကို နှစ်ဖက်လုံးတွင် လက်မခံကြပါ။ (၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နှင့် သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတဲ့ အတွက် ဗုဒ္ဓရှင်တော်၏ အဓိက တရားအနှစ်တွေသည် မကွဲပြားဘူးလို့ ဆိုရပါမည်။ အနတ္တ ကို နှစ်ဖက်လုံးတွင်လက်ခံပါသည်။ မဟာယနသည် အတ္တဝါဒ မဟုတ်ပါ။ အဓိက ကွဲပြားချက်က တရားတော်တွေ ပေါ်မှာ မဟုတ်ပါ။ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် ကျင့်သူအပေါ်မှာ ထားတဲ့ သဘောထား ဖြစ်သည်။။ ထေရဝါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ကြပါ။ တချို့က ဆိုပြန်သည်။ ထေရဝါဒဆိုတာ ရဟန္တာ ဖြစ်ဖို့နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ကျင့်တဲ့ ဝါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ဝါဒလို့ ဆိုကြပြန်သည်။ ထေရဝါဒ တွင် ဗောဓိသတ္တ သည် လွတ်မြောက်ရာ လမ်းကို သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်ကြပါ။ မဟာယာန တွင် ကိုးကွယ်စရာ ဗောဓိသတ္တ တွေ များပါသည်။ ဘုရားလောင်း ၊ ဘုရား၏ မိခင်၊ ဖခင် ….အစုံပဲဖြစ်သည်။ မဟာယာန မှာ အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးပါ။ အရဟတ္တဖိုလ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားပြီး ပုထုဇဉ်ပြန်ဖြစ်သွားရသည် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရသည်။ ထေရဝါဒနှင့် မဟာယာန အယူအဆ လွဲနေသည်။ မူရင်းဝိနည်း+ သုတ္တန် + အဘိဓမ္မာများအတိုင်းလိုက်နာကျင့်ကြံပြီး နဲနဲမှ မပြင်တာက ထေရ ဝါဒ ဖြစ်သည်။ မူရင်းမှ ပြင်သည်က မဟာယာန ဝါဒ ဖြစ်သည်။ ထေရ ဝါဒ က ဗုဒ္ဓမြတ်စွာဘုရားမိန့်ကြားချမှတ်ခဲ့သော မူရင်း ဝိနည်း+ သုတ္တန် + အဘိဓမ္မာများ ၊ သိက္ခာပုဒ်များ တရားတော်များကို နဲနဲမှ မပြင်ကြပါ။ <ref>http://www.urbandharma.org/udharma3/theramaya.html</ref>
 
ကမ္ဘာပေါ်တွင်ရှိသော ဘာသာကြီး( ၄) ဘာသာတွင် ဟိန္ဒူဘာသာသည် အစောဆုံးဖြစ်သော်လည်း စောလွန်းလှသဖြင့် သက္ကရာဇ် အတိအကျ သိရန်ခက်လှသည်။ တည်ထောင်သည့် သက္ကရာဇ် အတိအကျ ဖော်ပြနိုင်သော ကျန်ဘာသာကြီး ၃ခု အနက် ဗုဒ္ဓဘာသာသည် ဘီစီ ၅၈၈ တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် အစောဆုံး ပထမ ကမ္ဘာ့ဘာသာဖြစ်သည်။ ခရစ်ယာန်ဘာသာသည် အေဒီ ၃၀ တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် ဒုတိယမြောက် ကမ္ဘာ့ဘာသာဖြစ်သည်။ အစ္စလာမ်ဘာသာသည် အေဒီ ၆၃၀ ခန့်တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် တတိယမြောက် ကမ္ဘာ့ဘာသာဖြစ်သည်။ ဖော်ပြပါ ကမ္ဘာ့ဘာသာကြီး ၄ခုတို့သည် သူ့နည်း သူ့ဟန်နှင့်သူ လူသားများအတွက် အကျိုးရှိသော ဆုံးမသြဝါဒများ ပါရှိကြသည်။