တရားရှုမှတ်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 58 interwiki links, now provided by Wikidata on d:q108458 (translate me)
No edit summary
စာကြောင်း ၁၃ -
== ဗုဒ္ဓဘာသာတရား (မြင့်မြတ်သော အမှန်တရား) ရှုမှတ်ခြင်း ==
[[File:With sangar.jpg|thumb|400px|alt=Monks' Meditation|တရားရှုမှတ်နကြေသော ရဟန်းသံဃာတော်များ]]
ဗုဒ္ဓဘာသာ တရားရှုမှတ်ခြင်းသည် အကြောင်းနှစ်ရပ်နှင့် အခြေခံကျစွာဆက်စပ်ပတ်သက်သည်။ ၎င်းတို့မှာ စိတ်ကိုပြောင်းလဲခြင်းနှင့် ရှိလာသည့်စိတ်ကိုအသုံးချပြီး မိမိကိုယ်ကိုနှင့် အခြားသောထူးခြားဖြစ်ရပ်ကို ရှာဖွေကြည့်ရှုခြင်းဖြစ်သည်။ သမိုင်းရှိပြီးဖြစ်သော ဗုဒ္ဓကိုယ်တော် သိဒ္ဓတ္ထဂေါတမ ပင်လျှင် ဗောဓိပင်အောက်တွင် ဘီစီ (၅၈၈) တွင်တရားရှုမှတ်နေစဉ် ဉာဏ်အလင်းရရှိသွားခဲ့သည်။ ဗုဒ္ဓဘာသာသမိုင်းပုံပြင်တွင်ဗုဒ္ဓဘုရား နှစ်ဆယ့်ရှစ်ဆူ ရှိပြီးအားလုံးသော ဗုဒ္ဓဘုရားများသည်တရားရှုမှတ်ခြင်းကို ကျင့်သုံးခဲ့ခြင်းဖြင့် စိတ်အစဉ် တိုးတက်မှုများရရှိအောင် ဆောင်ရွက်ခဲ့ကြသည်။ ဗုဒ္ဓအယူဝါဒ၏ပုံစံများ အများစုသည် [[ကမ္မဋ္ဌာန်း]] တရားထိုင်ခြင်း သမထအလုပ်သည် စိတ်နှင့် ဆိုင်သဖြင့် မိမိစိတ်ဓာတ်၏ ဖြူစင်မှု တိုးပွားလာအောင် အားထုတ်ရသော အလုပ်မျိုးဟု ဆိုလိုသည်။ သမထ ဟူသည် အာရုံခြောက်ပါး၌ လွင့်ပါးချောက်ချား၍ နေသောစိတ်ကို တစ်ခုတည်းသော အာရုံ၌ သမ္မာသတိ(Right mindfulness) စွဲမြဲစွာ သက်ဝင် စေ၍ စူးစူးစိုက်စိုက် သမ္မာသမာဓိ(Right Concentration) တည်တည်တံ့တံ့ ရှုခြင်းသဘောဖြစ်သည်။ တရားရှုမှတ်ကျင့် ကြံအားထုတ်ခြင်း နှစ်မျိုးဖြစ်ကြသော [[သမထ]] နှင့် [[ဝိပဿနာ]] တို့အကြားတွင် ထင်ရှားသည်။
နှစ်မျိုးစလုံးသည်ဉာဏ်အလင်းရရှိရန်အတွက်လိုအပ်သည်။ သမထတွင်အမှတ်တစ်ခုတည်းအာရုံစိုက်ကြည့်ခြင်း စိတ်တည်ငြိမ်မှုစွမ်းရည်ကိုတိုးတက်ဖြစ်ထွန်းအောင်လေ့ကျင့်အားထုတ်ခြင်းဖြစ်ပြီး၊ ဝိပဿနာသည်ပကတိသဘာဝအမှန်များကိုရှုမြင်ခြင်းအားဖြင့် ထိုးထွင်းသိမြင်ခြင်းနှင့် ပညာတို့ တိုးတက် ဖွံ့ဖြိုး လာစေရန်ဖြစ်သည်။ တရားရှုမှတ်ကျင့်ကြံခြင်းနှစ်မျိုးအကြား ကွာခြားမှုနှိုင်းယှဉ်ချက်သည် အမြဲတမ်းပြတ်သား ပေါ်လွင်မှုမရှိပါ။ ကွာခြားမှုသည် အာနာပါနသတိ ကဲ့သို့သော ကျင့်ကြံမှုများ လေ့လာလိုက်စား သည့်အခါတွင်ထင်ရှားစွာတွေ့မြင်ရသည်။ [[အာနာပါန]]သည် သမထကျင့်စဉ်၏အစ တာထွက်ဟု ပြောနိုင်သော်လည်း အဆင့်အမျိုး မျိုးကိုဖြတ်သန်းသွားပြီး နောက်ဆုံးတွင် ဝိပဿနာကျင့်စဉ်သို့ ရောက်ရှိအဆုံးသတ်သွားသည်။