တာ့ဂျ်မဟာရ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 116 interwiki links, now provided by Wikidata on d:q9141 (translate me)
No edit summary
စာကြောင်း ၁ -
[[File:Taj Mahal in March 2004.jpg|thumb|300px|တာ့ဂျ်မဟာရ်ဂူသင်္ချိုင်းကြီး]]
<P>'''တာ့ဂျ်မဟာရ်''' (Taj Mahal) သည် [[အိန္ဒိယနိုင်ငံ]] အာဂရာမြို့ ပြင်၊ အာဂရာခံတပ်၏ အ‌ရှေ့ဘက် ၁ မိုင်ခန့်‌ဝေး‌သော လှပ သည့် ဥယျာဉ်တစ်ခုတွင်း၌ တည်ရှိသည်။ ကြီးကျယ်ခမ်းနားသော ဂူသင်္ချိုင်းကြီးဖြစ်ြပီး မဂိုရ်မူဂဲ(Mughal)ဘုရင် ရှားဂျာဟန်(Shah Jahan) က သူ၏ ကွယ်လွန်ပြီးခဲ့သော အချစ်မြတ်နိုးဆုံးဇနီး မန်တဇ်မဟာရ်မွန်တာဇ်မဟာရာ(ဂျ်)
(Mumtaz Mahal) အတွက်ရည်စူး၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
 
<P>တာ့ဂျ်မဟာသည် မဂိုဗိသုကာပညာ၏ အကောင်းဆုံး ဥပမာတစ်ခုအဖြစ် ပြောနိုင်ပြီး အချို့က ကမ္ဘာ‌ပေါ်တွင် အလှဆုံး‌သော အ‌ဆောက် အအုံကြီးဟူ၍ ဆိုကြသည်။ တည်ဆောက်မှုစတိုင်တွင် ပါရှန်း၊ တူရကီ၊ အိန္ဒိယနှင့် အစ္စလာမ် ဗိသုကာစတိုင်၏ အစိတ်အပိုင်းများပေါင်းစပ်ပါဝင်နေသည်။ ၁၉၈၃ ခုနှစ်တွင် တာ့ဂျ်မဟာသည် ယူနက်စကို၏ ကမ္ဘာ့အမွေခံနေရာများစာရင်းတွင် ပါဝင်လာခဲ့ပြီး "မူစလင်အနုပညာ၏ ရတနာ နှင့် အားလုံးက အံ့ဩလေးစားရလောက်သော အလွန်ပြောင်မြောက်သည့် ကမ္ဘာ၏အမွေခံအဆောက်အဦး" ဟု ဖော်ပြထားခဲ့သည်။ ‘တာ့ဂျ်မဟာရ်’ဟူသည်မှာ ‘နန်း များ ထွတ်‌ခေါင်’ဟု အနက်ရ၏။ ရှားဂျဟန်း ဧကရာဇ်ဘုရင် မင်းမြတ်၏ အ‌လောင်းကိုလည်း ဤသင်းချိုင်း၌ပင် မြှုပ်နှံခဲ့ကြ ‌လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)</ref>