ဦးသာထွန်း၊ ဦး: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၅ -
ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရွာ အနီး အဖ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ွ့ွကဇံတို့မှ ၁၉၁၇ ခု၊ နိုဝင်ဘာလ ၂၃ ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ တဦးတည်းသောသား ဖြစ်သည်။ ငယ်စဉ်မှ စ၍ အဘိုးဖြစ်သူ ရာဇဝင် ဆရာကြီး ဦးသာထွန်းအောင်က ရခိုင် ရာဇဝင်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နုတ်တိုက်အာဂုံ သင်ကြား ပေးခဲ့သည်။ နဝမတန်းတွင် ပညာသင် ကြားနေစဉ် ဖခင် ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီး ရဟန်း ပုဂ္ဂိုလ်တို့ထံတွင် သက္ကဋ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြား လောကီ ပညာရပ်များကို သင်ကြား လေ့လာ ဆည်းပူးခဲ့သည်။
 
၁၉၅ဝ ခုနှစ်မှ ၁၉၅၅ ခုနှစ်ထိ မူလတန်း ကျောင်းဆရာ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး၊ ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဌာနခွဲတွင် '''ရခိုင် မြန်မာ ပဏ္ဍိတ်''' အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ယခုလက်ရှိ မြောက်ဦး ရှေးဟောင်း သုတေသန ပြတိုက်ကြီးသည် ဆရာကြီး စုဆောင်း တည်ဆောက်ခဲ့သော ပြတိုက်ကြီး ဖြစ်သည်။
 
၁၉၇၇ ခုနှစ် မှ ၁၉၈၃ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဌာနခွဲတွင် အကြံပေး ပုဂ္ဂိုလ် အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့သည်။
စာကြောင်း ၃၇ -
ထို့ကြောင့် ဆရာကြီးအား အငြိုးထားကာ မတရား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် အပြစ်ပေးကာ စစ်တွေထောင်တွင် အကျဉ်းချ ထားခဲ့သည်။ ထောင်ကျပြီး ၅ လ အကြာ ၁၉၉ဝ ဩဂုတ် ၁၄ တွင် ကွယ်လွန်ခဲ့သည်။ (ထောင်ထဲတွင် နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီးအား ထမင်းကျွေးရာတွင် စိန် အစ ရှိသော အဆိပ်ပါသည့် အစားအစာများအား နေ့စဉ်လိုလို အနည်းငယ် ထည့်ကျွေး လုပ်ကြံခဲ့သည်ဟု ရခိုင် အမျိုးသားများက ယုံကြည်နေကြသည်။)။ သို့သော်လည်း နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီး သေဆုံးရခြင်းသည် ဦးခေါင်းတွင် သွေးမတိတ်သည့် ရောဂါ (Cerebral Haemorrhage) ဖြင့် အကျဉ်းထောင် ဆေးရုံတွင် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း The Truth အမည်ရှိ ဆောင်းပါးများကို လုပ်ကြံ ဖန်တီး ရေးသားခဲ့သည်။
 
ဆရာကြီး၏ အလောင်းကို သူ၏ဇာတိ ချက်ကြွီ မြောက်ဦးမြို့သို့ ယူဆောင်လာခဲ့ပြီး ဆရာကြီး အလွန် တန်ဖိုးထားခဲ့သော ရန်အောင်ဇေယျ (ခေါ် ) သျှစ်သောင်း ပုထိုးတော်ကြီး ဘုရားရိပ်တွင် မြေမြှုပ် သင်္ဂြိုဟ်ခဲ့သည်။<ref>http://alpbranchmalaysia.blogspot.com/2011/05/blog-post_4191.html</ref>
 
 
==ကိုးကား==
{{reflist}}
 
 
[[Category:ရခိုင် တိုင်းရင်းသားများ]]
[[Category:မြန်မာ့နိုင်ငံရေးသမားများ]]
[[Category:မြန်မာ သမိုင်းပညာရှင်များ]]