အစ္စလာမ်ဘာသာ: တည်းဖြတ်မှု မူကွဲများ

Undo revision 206540 by 49.48.203.145 (talk)
စာကြောင်း ၇ -
မွတ်စလင်အများစုသည် ဆွန်နီ(Sunni) နှင့် ရှီးအာ(Shi'a)ဟူသော အဓိကဘာသာအုပ်စုခွဲကြီး နှစ်ခုအနက် တစ်ခုတွင် ပါဝင်သည်။ မွတ်စလင်ဘာသာဝင်များအနက် ၁၃ ရာခိုင်နူန်းမျှသည် ကမ္ဘာ့မွတ်စလင် အများဆုံးနိုင်ငံဖြစ်သည့် [[အင်ဒိုနီးရှားနိုင်ငံ]]၌၊ ၂၅ ရာခိုင်နူန်းသည် တောင်အာရှ၌၊ ၂၀ ရာခိုင်နူန်းသည် အရှေ့အလယ်ပိုင်း၌၊ ၂ ရာခိုင်နူန်းမျှသည် အာရှအလယ်ပိုင်း၌၊ ၄ ရာခိုင်နူန်းမျှသည် အရှေ့တောင်အာရှ၌၊ ၁၅ ရာခိုင်နူန်းသည် အာဖရိက ဆာဟာရဒေသများ၌ စသည်ဖြင့် အသီးသီး နေထိုင်ကြသည်။ ကမ္ဘာ့လူဦးရေ၏ ၂၀-၂၃ ရာခိုင်နူန်းမျှဖြစ်သည့် ၁.၅ ဘီလီယံခန့်မျှ ကိုးကွယ်သူ နောက်လိုက်ရှိသော အစ္စလာမ်ဘာသာသည် ကမ္ဘာဒုတိယအကြီးမားဆုံးသော ဘာသာနှင့် အကြီးထွား အမြန်ဆုံးသော ဘာသာတစ်ခုလည်း ဖြစ်သည်။
 
--[[Special:Contributions/49.48.203.145|49.48.203.145]] ၀၉:၅၉၊ ၂၁ ဩ​ဂုတ်​ ၂၀၁၃ (UTC)== အခြေခံ ယုံကြည်မှုများ ==
=== ဘုရားသခင် ===
အစ္စလာမ်ဘာသာ၏ အခြခံသဘောတရားမှာ တောင်ဟစ်ဒ်အမည်ရ ဘုရားသခင်တစ်ဆူတည်းကိုသာ ကိုးကွယ်ခယခြင်းဖြစ်သည်။ ကုရ်အာန်၏ အခန်း (ဆူရာဟ်) ၁၂ တွင် ဘုရားသခင်အား "နာကြားလော့။ ငါအရှင်သည်သာလျှင် ထာဝရတည်ရှိနေသာ၊ တုဖက်နှိုင်းယှဉ်ရာမဲ့သော တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်" (၁၁၂:၁-၄) ဟု ဖော်ပြထားသည်။ မွတ်စလင်များသည် ခရစ်ယာန်ဘာသာဝင်တို့၏ သုံးပါးတစ်ဆူဝါဒ(Trinity) နှင့် ဂျီးဇက်၏ ဘုရားသခင်သားတော်ဖြစ်ခြင်းကို ငြင်းပယ်ပြီး ဂျီးဇက်အား သာမန် ဘုရားသခင်၏ တမန်တော်တစ်ဦးအဖြစ်သာ လက်ခံကြသည်။ ဘုရားသခင်သည် လူသားများ၏ အသိဉာဏ်အာရုံဖြင့် နားလည်ပုံဖော်၍ မရဟုလည်း ယုံကြည်သည်။ ဘုရားသခင်အား "သနားကြင်နာတော်မူသော အရှင်" (al-rahman)၊ "ခွင့်လွှတ်တော်မူသော အရှင်"(al-rahim) အစရှိသည့် အမည်၊ဘွဲ့ဂုဏ်နာမများဖြင့် တင်စားခေါ်ဝေါ်ကြသည်။