ကရာတေးဒို: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၁ -
 
== ကရာတေး 空手 ("empty hand") (လက်နက်မဲ့ ခုခံကာကွယ်ခြင်း)==
ကရာတေးလက်နက်မဲ့ ခုခံကာကွယ်ခြင်းမှာ မိမိအနေဖြင့် တိုက်ခိုက်သူ၏ မမျှော်လင့်နိုင်သော တိုက်ခိုက်မှုကို ရုတ်တရက် လျှင်မြန်စွာ ရှောင်တိမ်းကာ ၄င်းတိုက်ခိုက်သူအား မိမိကို ဆက်လက်မတိုက်ခိုက်နိုင်စေရန် ချက်ချင်း ပြန်လည် ခုခံထိန်းချုပ်ကာကွယ်ခြင်းပင်ဖြစ်သည်။ မိမိမှ ကြိုတင် [[တိုက်ခိုက်ခြင်း]] မဟုတ်ပဲ မိမိအား လာရောက်ထိပါးမှသာ တုန့်ပြန်ကာကွယ်ခြင်းပင်ဖြစ်သည်။ ကရာတေးတတ်လျှင်ကရာတေး တတ်လျှင် မိမိထက် အင်အား ဗလ သာသည်လည်းဖြစ်စေ၊ လက်နက်သာသည်လည်းဖြစ်စေ၊ တယောက်ထက်များသည့် ရန်သူကိုလည်းဖြစ်စေ ကောင်းစွာ ခုခံကာကွယ်တန်ပြန်တိုက်ခိုက်နိုင်သည်။ အမျိုးသား၊ အမျိုးသမီးဖြစ်စေ၊၊ လူတိုင်းဖြစ်စေ၊ ကရာတေးကိုယ်ခံပညာရပ်ကိုသင်ကြားလေ့ကျင့်နိုင်ကြပါသည်။
ကရာတေး[[ကိုယ်ခံပညာ]] ဆိုသည်မှာ မိမိ၏ လုံခြုံမှုအတွက် ခုခံကာကွယ်သော [[နည်းပညာ]] များကိုဆိုလိုသည်။ တစ်နည်းအားဖြင့် ကိုယ်လုံပညာဟုလည်းခေါ်ဝေါ်သုံးစွဲကြသည်။ မည်သူမဆို မိမိ၏လုံခြုံမှုကို ထိပါးနှောက်ယှက်လာလျှင် ခုခံကာကွယ်ခွင့်ရှိပေရာ ခုခံကာကွယ်မှုနည်းပညာများသည်လည်း နိုင်ငံအလိုက် လူမျိုးစုအလိုက် အမျိုးမျိုး ပေါ်ထွန်းလာကြပေသည်။ ကိုယ်ခံပညာအနေဖြင့် မိမိအား နှောက်ယှက်ထိပါး စော်ကားသူများအား အချိန်မဆိုင်းပဲ ချက်ချင်း ခုခံကာကွယ်ခြင်းဖြစ်ပေရာ မိမိအနေဖြင့် လက်ချည်းသက်သက်(လက်နက်မဲ့) ခုခံကာကွယ်ခြင်း၊ နီးစပ်ရာ လက်နက်ဖြင့် ခုခံကာကွယ်ခြင်း ၊ ကြိုတင်စီမံထားသော လက်နက်ဖြင့် ခုခံကာကွယ်ခြင်း စသည်ဖြင့် အမျိုးအစား ခွဲခြားနိုင်ပေသည်။ ကရာတေးကိုယ်ခံပညာမှာ မိမိအနေဖြင့် လာရောက်ထိပါးသူများကိုသာ ခုခံကာကွယ်တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ပြီး၊ ၄င်းထိပါးသူများအား အကျိုးနစ်နာစေရန် ရည်ရွယ်တိုက်ခိုက်ခြင်း မရှိရပေ။ မိမိနှင့် မိမိပတ်ဝန်းကျင် လုံခြုံမှု အတွက်သာ ကရာတေး ကိုယ်ခံပညာ(ကရာတေး- စစ်ပညာ) ကို အသုံးပြုရပေသည်။ ကမ္ဘာ့နိုင်ငံ (၁၉၀) ကျော်တွင်၊ လူဦးရေ (သန်း ၇၀ ကျော်) သည် လက်နက်မဲ့ကရာတေး ကိုယ်ခံပညာရပ်ကိုလေ့ကျင့်နေကြပါသည်။ <ref>http://www.sammyfranco.com/karate.html</ref>ကရာတေး ကစားခြင်းမှ စွမ်းရည် အသစ်အကျိုးကျေးဇူးများကို တိုးပွားလာစေနိုင် သလို မိမိကိုယ်မိမိ ယုံကြည်မှု (Self-confidence ) ကိုလည်း တည်ဆောက်နိုင်စေပါသည်။
 
စာကြောင်း ၁၇ -
ကိုယ်ခံပညာသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီး သင်ကြားခြင်း၊ သင်ယူခြင်းများ နှင့် ဆက်နွှယ်နေသည့် ကျွမ်းကျင်မှု ဆိုင်ရာလုပ်ငန်းရပ်များရှိသည်။ စနစ်ကျကျ နှင့် သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားခြင်း၊ သင်ယူခြင်း၊ နက်နဲသိမ်မွေ့သည့် ဇင်ဗုဒ္ဓဘာသာ အသိဉာဏ်ပညာဆိုင်ရာဗဟုသုတများပါဝင်သည်။ စွမ်းဆောင်နိုင်ရည်များ၊ ကိုယ်ကျင့်တရားများစသည်တို့ကို သင်ကြား ပေးသည်။ ဇင်ဗုဒ္ဓဘာသာနှင့် များစွာ ပေါင်းစပ်နေကြောင်း တွေ့ရသည်။ အရေးအကြီးဆုံးအချက်သည် နည်းစနစ် (Method) ဖြစ်သည်။ နည်းစနစ်ကျခြင်း(Systematisation) သည်အလွန်အရေးကြီးပေသည်။ မည်သည့်နည်းစနစ်ကိုသုံးခြင်းက အထိရောက်ဆုံးဖြစ်မည်နည်း..... မည်သို့သောအသိပညာများရရှိစေရန် သင်ကြားပေးသင့်သနည်း..... မည်သည့်အသိပညာသည် အဆီလျော်ဆုံး ဖြစ်မည်နည်း.... ကရာတေးပညာကို မည်သို့ဆက်လက်ထိန်းသိမ်းထားအောင်ကြံဆောင် မည်နည်း....စသည့်အချက်များသည် ကရာတေးပညာရေးနှင့်ပတ်သက်၍ အလေး ထားစဉ်းစားရမည့်အချက်များဖြစ်သည်။ အသုံးချမှုသိပ္ပံပညာများ (Applied Sport Science ) ပါဝင်သည်။ ကရာတေးကျွမ်းကျင်မှု ဆိုင်ရာများတွင် စွမ်းအား(Power) ၊စက်ဝိုင်းပုံသဏ္ဌာန်လည်ပတ်ရွေ့လျားသည့်အရှိန် (Centripetal Acceleration)<ref>http://physics.tutorcircle.com/motion/centripetal-acceleration.html</ref> ၊ မျဉ်းဖြောင့်လှုပ်ရှားမှုအရှိန်(Linear acceleration) ၊ နည်းပရိယာယ်(Tactics)၊ အား (နယူတန် ၏ ရွေ့လျားမှု ဆိုင်ရာ ဒုတိယနိယာမ Force = Mass x Acceleration) ၊ စက်ဝိုင်းပုံသဏ္ဌာန်လည်ပတ်ရွေ့လျားသည့်အား (centrifugal force) ၊ ဂရက်ဗီတေးယှင်း ကမ္ဘာမြေကြီးဆွဲအား(Gravitation) ၊ မိုမင်တမ် (ခေါ်) အဟုန်(Momentum) ၊ မျဉ်းဖြောင့်အတိုင်း ရွေ့လျားသည့်လှုပ်ရှားမှု(Linear motion) ၊ စက်ဝိုင်း ပုံသဏ္ဌာန်ရွေ့လျားသည့် ရွေ့ရှားမှု(Circular motion)၊ တော်ဆို ရိုတေးယှင်းနယ် ဖို့စ် (ခေါ်) တင်ပဆုံ ခြေသလုံး ဝမ်းဗိုက်ပိုင်း ခါး နှင့် အထက်က ရင်ခေါင်းပိုင်း လက်မောင်း လက်ဖျံ ပေါင်းစပ်လည်ပတ်ရွေ့လျားသည့် အား (Torso rotational force) ၊ အင်နားရှား(Inertia) ၊ အလုပ်ပြီးခြင်း (Workdone) ၊ [[အလျင်]] အမြန်နှုန်း(Velocity)၊ ပါဝါ(power) နှင့်လှုပ်ရှားမှု(Movement) ...စသည့် သိပ္ပံနည်းကျကျ သင်ရိုးညွှန်းတမ်း အချက်များပါဝင်သည်။ လေ့လာတွေ့ရှိချက်များအပေါ်မှ စမ်းသပ်ခံနိုင်သော ကိုယ်ခံပညာသိပ္ပံ ပညာတွင် အခြေခံသည်။ ရုပ်ပိုင်းဆိုင်ရာစွမ်းအား(physical power) ၊ စိတ်ပိုင်းဆိုင်ရာစွမ်းအား(spiritual power) ဆိုင်ရာ သီအိုရီ နှင့် လက်တွေ့ကျင့်စဉ် ဟူ၍ပါဝင်သည်။<ref>http://www.dragondoor.com/articles/forcemass-x-acceleration-or-surfing-the-force-velocity-curve/</ref> <ref>http://www.24fightingchickens.com/2008/09/20/force-mass-x-acceleration/</ref><ref>http://www.shotokai.com/ingles/essays/another_way.html</ref><ref>http://www.iuma.be/karate%20motion%20efficiency%20analysis.html</ref><ref>http://www.martiallife.com/index.php/component/content/article/4-personal-development/44-the-science-of-punching-harder-why-is-speed-more-important-than-mass.html</ref>
 
== ဂျပန်ပြည်ကရာတေးကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာအစ- ဆရာတော် ဗောဓိဓမ္မ က ==
ဇင် ([[ဈာန်]]) ဗုဒ္ဓဘာသာသည် [[ဂျပန်]] တွင် ကိုးကွယ်ကျင့်သုံးကြသော မဟာယာနဗုဒ္ဓဘာသာ တစ်မျိုး ဖြစ်ပြီး သတ္တဝါအားလုံးအား အကြမ်းမဖက်ရေးနှင့် [[သုညတ ဝါဒ]] (Śūnyatā) <ref>http://www.buddhanet.net/cbp2_f6.htm</ref> တရား လမ်းစဉ်ပေါ်တွင် အခြေခံထားသည်။ အလုံးစုံငြိမ်းချမ်းခြင်း ၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု ၊ တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း ၊ စွန့်လွတ်ခြင်း ၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှုမရှိခြင်း ၊သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။ [[ ဝိမလ၊ ဦး (မိုးကုတ်ဆရာတော်ဘုရားကြီး)| မိုးကုတ်ဆရာတော်ဘုရားကြီး]] ၏ သုညတ တရား မှာကျယ်ပြန့်စွာ လူအများ နာကြားနေကြဆဲဖြစ်သည်။ <ref>http://ultemalibrary.blogspot.com/2012/09/blog-post_8048.html</ref>
တရုတ်ပြည်တွင်[[ဆရာတော် ဗောဓိဓမ္မ]] ကို ( 達摩 Bodhidharma) ချန်ဗုဒ္ဓဘာသာ( Chán Buddhism) နှင့် ရှောင်လင် ကွန်ဖူးကိုယ်ခံပညာတို့ ၏ ရှေ့ဆောင်ဦးစီးဦးကိုင်စတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။ ရှောင်လင်ကျောင်းတော်သည်တရုတ်ကိုယ်ခံပညာနှင့် အထူးသဖြင့် ရှောင်လင်ကွန်ဖူးနှင့် တွဲဖက်၍ နှစ်ရှည်လများ ထင်ရှားခဲ့သည်။ အနောက်ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံး မဟာယာနဗုဒ္ဓဘာသာ ကျောင်းတော်တစ်ခုဟုပင်ဆိုနိုင်သည်။ [[ဆရာတော် ဗောဓိဓမ္မ]] ( Around 500 အေဒီ ) သည် တရုတ်ပြည်တွင် ချန် ဗုဒ္ဓဘာသာကို စတင်တည်ထောင်ခဲ့သည်။ ဆရာတော် ဗောဓိဓမ္မ (Father of Zen Buddhism
)သည် ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် (5th/6th century) တွင် တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြ ဆရာတော်ဖြစ်သည်။ မဟာယာန [[ဇင်ဗုဒ္ဓဘာသာ]] တွင် ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံးဆရာတော် ဖြစ်သည်။ ဆရာတော် ဗောဓိဓမ္မ ၏ ဘခမည်းတော်သည် [[အိန္ဒိယနိုင်ငံ]] Kanchipuram Pallava ၏ ဘုရင်Tamil Pallava ဖြစ်သည်။<ref>http://archaeologyexcavations.blogspot.com/2011/11/true-history-of-bodhidharma-life.html</ref><ref>http://en.wikipedia.org/wiki/Bodhidharma</ref> တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့ပြီးရှောင်လင် [[ကိုယ်ခံပညာ]] နှင့် ချန်[[ ဗုဒ္ဓဘာသာ]] ကို စံနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည်။ ဂျပန်ပြည်တွင်ဆရာတော်ဗောဓိဓမ္မ ကို 達磨 Daruma) ၊ ဇင်(ဈာန်)ဗုဒ္ဓဘာသာ(Zen Buddhism) နှင့် ဂျပန် [[ကရာတေး]] ကိုယ်ခံပညာတို့၏ရှေ့ဆောင် ဦးစီး ဦးကိုင်စတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။ ဆရာတော် ဗောဓိဓမ္မ သည် ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ [[ဇင်ဗုဒ္ဓဘာသာ]] ၏ [[တရားရှုမှတ်ခြင်း]] Zazen<ref>http://en.wikipedia.org/wiki/Zazen</ref><ref>http://zmm.mro.org/teachings/meditation-instructions/</ref> 坐禅 သည်ထင်ရှားကျော်ကြားသည်။ <ref>http://www.onmarkproductions.com/html/daruma.shtml#.UeIaVqz7b64</ref><ref>http://www.caledonkarate.ca/about/history.html</ref><ref>http://www.knowledgerush.com/kr/jsp/db/board.jsp?id=77471</ref>