ကရာတေးဒို: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၈ -
 
== ဂျပန်ပြည်ကရာတေးကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာအစ- ဆရာတော် ဗောဓိဓမ္မ က ==
ဇင် ([[ဈာန်]]) ဗုဒ္ဓဘာသာသည် [[ဂျပန်]] တွင် ကိုးကွယ်ကျင့်သုံးကြသော မဟာယာနဗုဒ္ဓဘာသာ တစ်မျိုး ဖြစ်ပြီး သတ္တဝါအားလုံးအား အကြမ်းမဖက်ရေးနှင့် [[သုညတ ဝါဒ]] (Śūnyatā) <ref>http://www.buddhanet.net/cbp2_f6.htm</ref> တရား လမ်းစဉ်ပေါ်တွင် အခြေခံထားသည်။ '''သုညတ''' ကိုမှာ '''ဘာမျှမရှိ''' ဟုအဓိပ္ပါယ်ရပါသည်။ အလုံးစုံငြိမ်းချမ်းခြင်း ၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု ၊ တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း ၊ စွန့်လွတ်ခြင်း ၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှုမရှိခြင်း ၊သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။ [[ ဝိမလ၊ ဦး (မိုးကုတ်ဆရာတော်ဘုရားကြီး)| မိုးကုတ်ဆရာတော်ဘုရားကြီး]] ၏ သုညတ တရား မှာကျယ်ပြန့်စွာ လူအများ နာကြားနေကြဆဲဖြစ်သည်။ <ref>http://ultemalibrary.blogspot.com/2012/09/blog-post_8048.html</ref>
တရုတ်ပြည်တွင်[[ဆရာတော် ဗောဓိဓမ္မ]] ကို ( 達摩 Bodhidharma) ချန်ဗုဒ္ဓဘာသာ( Chán Buddhism) နှင့် ရှောင်လင် ကွန်ဖူးကိုယ်ခံပညာတို့ ၏ ရှေ့ဆောင်ဦးစီးဦးကိုင်စတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။ ရှောင်လင်ကျောင်းတော်သည်တရုတ်ကိုယ်ခံပညာနှင့် အထူးသဖြင့် ရှောင်လင်ကွန်ဖူးနှင့် တွဲဖက်၍ နှစ်ရှည်လများ ထင်ရှားခဲ့သည်။ အနောက်ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံး မဟာယာနဗုဒ္ဓဘာသာ ကျောင်းတော်တစ်ခုဟုပင်ဆိုနိုင်သည်။ [[ဆရာတော် ဗောဓိဓမ္မ]] ( Around 500 အေဒီ ) သည် တရုတ်ပြည်တွင် ချန် ဗုဒ္ဓဘာသာကို စတင်တည်ထောင်ခဲ့သည်။ ဆရာတော် ဗောဓိဓမ္မ (Father of Zen Buddhism
)သည် ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် (5th/6th century) တွင် တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြ ဆရာတော်ဖြစ်သည်။ မဟာယာန [[ဇင်ဗုဒ္ဓဘာသာ]] တွင် ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံးဆရာတော် ဖြစ်သည်။ ဆရာတော် ဗောဓိဓမ္မ ၏ ဘခမည်းတော်သည် [[အိန္ဒိယနိုင်ငံ]] Kanchipuram Pallava ၏ ဘုရင်Tamil Pallava ဖြစ်သည်။<ref>http://archaeologyexcavations.blogspot.com/2011/11/true-history-of-bodhidharma-life.html</ref><ref>http://en.wikipedia.org/wiki/Bodhidharma</ref> တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့ပြီးရှောင်လင် [[ကိုယ်ခံပညာ]] နှင့် ချန်[[ ဗုဒ္ဓဘာသာ]] ကို စံနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည်။ ဂျပန်ပြည်တွင်ဆရာတော်ဗောဓိဓမ္မ ကို 達磨 Daruma) ၊ ဇင်(ဈာန်)ဗုဒ္ဓဘာသာ(Zen Buddhism) နှင့် ဂျပန် [[ကရာတေး]] ကိုယ်ခံပညာတို့၏ရှေ့ဆောင် ဦးစီး ဦးကိုင်စတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။ ဆရာတော် ဗောဓိဓမ္မ သည် ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ [[ဇင်ဗုဒ္ဓဘာသာ]] ၏ [[တရားရှုမှတ်ခြင်း]] Zazen<ref>http://en.wikipedia.org/wiki/Zazen</ref><ref>http://zmm.mro.org/teachings/meditation-instructions/</ref> 坐禅 သည်ထင်ရှားကျော်ကြားသည်။ <ref>http://www.onmarkproductions.com/html/daruma.shtml#.UeIaVqz7b64</ref><ref>http://www.caledonkarate.ca/about/history.html</ref><ref>http://www.knowledgerush.com/kr/jsp/db/board.jsp?id=77471</ref>